သျှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူမြို့နယ် အပါအဝင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမေးမြန်းရိုက်နှက် ခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး သိန်းလွင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်း(ပလောင်)လူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။
နမ့်ဆန်မြို့နယ်အတွင်းရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အထက်ပန်း တောင်းရွာ၊ အောက်ပန်း တောင်းရွာ၊ အထက်မန်ဝယ်ရွာ၊ အောက်မန် ၀ယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊ ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့မှ အုပ်ချုပ်ရေးမှူးများ အဖမ်းခံရခြင်း ဖြစ်သည်။
''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ။ အဲဒီမှာကျတော်တို့ အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ။ လမ်းတစ်လျှောက်မှာကော တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊ တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ် သွေးထွက််သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဖမ်းဆီးသည့်နေ့ ညနေပိုင်းကပြန် လွတ်ပေးခဲ့ သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်မယူရဲတော့ဘဲ နုတ်ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း သတင်းအရသိရသည်။
အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှှုပ်ရှားနေသောနေရာများ ဖြစ်ကြပြီး ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များ မရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်း ဘုန်းကျော် ကပြောသည်။
“ဒါကတမင်သက်သက် လုပ်လိုက်တာပဲ ။ ဒီအစိုးရစစ်တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို လိုက် တိုက်နေတာ သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ် ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်းသားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာဖြစ်မယ်” ဟု သူကဆိုသည်။
အစိုးရတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု ကာလကြာသည်နှင့် အမျှ ဒေသတွင်း လူ့အခွင့် ရေးချိုးဖောက်မှုများ ပိုမိုများပြားလာကြောင်း သိရသည်။