အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ချင်းအမျိုးသား တပ်ဦး (CNF) အကြား ငြိမ်းချမ်းရေး သဘောတူညီချက်အရ အောက်တိုဘာလ ၁၀ ရက် နေ့က စတင်၍ (CNF) က ထန်တလန်မြို့နယ် အတွင်း တပ်စခန်း နှင့် မိသားစု နေရာချထာရေးအတွက် ကွင်းဆင်းလေ့လာမှုပြုသည်ဟုသိရ သည်။
စီအဲန်အက်ဖ် စစ်ဖက် ရေးရာကော်မီတီ ဥက္ကဌ မြန်မာ့တပ်မတော် အရာရှိဟောင်း ဗိုလ်မှူး ထောင်ဇာလျန်း နှင့် စစ်ဖက် ရေးရာ ကော်မီတီ အတွင်းရေးမှူး ဗိုလ်မှူး ဆော်လမွန်၊ ချင်းအမျိုးသား တပ်မတော် စီအဲန်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဟရန်းသင်ထိုက်၊ ဒုတိယ စစ်ဦးချုပ် ဗိုလမှူးကြီးသန်းထွန်း၊ စစ်ရုံးချုပ်မှ ဒုတိယဗိုလ် ခင်မောင်လေး၊ မိသားစု ရေးရာဌာနအတွင်းရေးမှူးတို့ ပါ၀င်ပြီး ကွင်းဆင်းလေ့လာခြင်း ဖြစ်သည်။
ထို့အပြင် ရေအားလျှပ်စစ် သွယ်ယူရေးအတွက် မီဇိုရမ်ပြည်နယ်မှ ထိပ်တန်း အင်ဂျင်နီယာ တဦးလည်း ဖိတ်ကြားထားသည့် အပြင် နယ်စပ်ကျေးရွာမှ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များ လည်း ပ့ံပိုးကူညီကြောင်း ထပ်မံ သိရသည်။
“ ဒီနှစ်အတွင်း အပြီးရွှေ့နိုင်ဖို့ စီစဉ်ထားပါတယ်၊ ဒေသခံတွေ ပ့ံပိုးမှုလည်း အများကြီးလိုအပ် ပါလိမ့် မယ်” ဟု ပူး ဆော်လမွန်က ပြောသည်။
စီအဲန်အက်ဖ် အဖွဲ့အား ဒေသခံ တလန်လိုရွာသားများမှ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည့် အပြင် ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ပါတ်သက်၍ လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
တလန်လိုရွာမှ ရပ်မိရပ်ဖ တဦးက “ ခုလို ဒီဒေသမှာ စီအဲန်အက်ဖ်တွေ နေထိုင်ဖို့ ဖြစ်လာတာ ကြိုဆိုတယ်၊ တတ်နိုင်သ လောက် ကူညီဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောဆိုသည်။