ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ မောင်ဝံသ သည် စင်္ကာပူနိုင်ငံတွင် နှစ်ရက်ကြာ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးနောက် ဗုဒ္ဓဟူးနေ့တွင် သက်ဆိုင်ရာ ပါရဂူ၏ ကောက်ချက်အရ အဆုတ်ကင်ဆာ ခံစားနေရကြောင်း သိရှိရသည်။
ဆရာမောင်ဝံသ ၏ ဖေ့ဘွတ် စာမျက်နှာမှ မိတ်ဆွေများသို့ အသိပေး အကြောင်းကြားချက်အရ ကြာသပတေးနေ့ တွင် ကီမို ဆေးသွင်းကုသမှုကို စတင် လုပ်ဆောင်မည်ဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှ ရန်ကုန်မြို့သို့ ပြန်လည် သွားရောက်နိုင်မည် ဖြစ်သည်။
ရန်ကုန်တွင်လည်း အလားတူ ဆေးကုသမှု ဆက်လက်ခံယူကာ စင်္ကာပူသို့တဖန် ပြန်လည်၍ ကုသမှုခံယူရ မည်ဟု သိရှိရသည်။
“ကင်ဆာရောဂါဆိုတာကတော့ မထင်မှတ်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။ ဆက်လက်ရှင်သန်နိုင် သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတပွဲလို ဆင်နွှဲရတော့မှာပါ” ဟု ရေးသားထားသည်။
အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာမောင်ဝံသ သည် ခရီးရက်ရှည် မထွက်မီ အထွေထွေ ကျန်းမာရေး စစ်ဆေးမှုလုပ်ရာမှ ယခုကဲ့သို့ သိရှိလာရခြင်းဖြစ်ပြီး အသိစော၍ ကံကောင်းသည်ဟုလည်း မှတ်ချက်ပြုထား သည်။
ဆရာမောင်ဝံသမှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင်လည်း ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ဝါရင့် စာနယ်ဇင်းသမားတဦး ဖြစ်သည်။