နိုင်ငံတကာရောက် ရခိုုင်အမျိုးသားများ အသိပညာအတတ်ပညာ သင်ယူကြရန် ဦးအေးသာအောင်မှ တိုုက်တွန်း

နိုင်ငံတကာရောက် ရခိုုင်အမျိုးသားများ အသိပညာအတတ်ပညာ သင်ယူကြရန် ဦးအေးသာအောင်မှ တိုုက်တွန်း
by -
နိရဥ္စရာ

နိုုငံတကာတွင် ရောက်ရှိနေကြသည့် ရခိုုင်လူမျိုးများအနေဖြင့် မိမိတိုု့ရောက်ရှိနေကြ သည့် နေရာဒေသ အသီးသီးတွင် အသိပညာ အတတ်ပညာများကိုု အလေးထားပြီး သင်ယူ ဆည်းပူးကြရန် နယူးယောက်မြို့ တွင်ရောက်ရှိနေသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တိုက်တွန်း ပြောကြားလိုုက်သည်။

U-Aye-Tha-Aung-in-US

စက်တင်ဘာ (၃၀) ရက်နေ့တွင် ပြုလုုပ်သည့် ” ရခိုုင့်ခေါင်းဆောင် ဦးအေးသာအောင်နှင့် ရခိုုင်မိသား စုုတွေ့ဆုံုပွဲ″ အခန်းအနားတွင် ယခုကဲ့သိုု့ ဦးအေးသာအောင်က တိုက်တွန်းလိုုက်ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံုပွဲသို့ နယူးယောက်မြို့ရှိ ရခိုုင်လူများအပြင် အနီးအနားတဝိုက် မြို့များမှ ရခိုင်လူမျိုး စုစုုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့သည်။

“ဘယ်တိုုင်းပြည်တွေကိုုပဲရောက်နေပါစေ ရခိုုင်လူမျိုးတွေ၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူငယ်တွေကို ပညာသင်ကြပါလို့တိုက်တွန်းချင်တယ်။ ပြီးတော့ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ရခိုင့်အသိုင်းအဝန်းအတွက် တတ်နိုင်သလောက် အကျိုးပြု လုပ်ငန်းတွေကို ပြန်လုပ်ကြပါ” ဟုဦးအေးသာအောင်က ပြောသည်။

တွေ့ဆုံပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဒေါက်တာ အသျှင် နာယက မှလည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင်လူငယ်များအနေဖြင့် ပညာရေးကိုု အဓိကထားပညာယူကြရန်၊ တတ်ထားသည့် ပညာရပ်များကိုလည်း ကိုုယ့်နေရာ ကိုယ့်လူမျိုးများ အတွက် တစွမ်းတစ ပြန်လည်အသုံးချကြရန် ပြောကြားသွားသည်။
U-Aye-Tha-Aung-in-New-York
နယူးယောက်ပြည်နယ် ယူတီကာမြို့မှ တက်ရောက်လာသူတစ်ဦးဖြစ်သူ စာရေးဆရာ၊ ကဗျာဆရာ ခိုုင်လင်း (မေဃဝတီ)ကလည်း  “  မိမိတို့ ရခိုင်လူ့အဖွဲ့အစည်းကို တိုးတက်ရေးဟာ တိုးတက်စေချင် တဲ့ ပြည်တွင်း ပြည်ပ ခေတ်ပညာတတ်သူတွေရဲ့  ဆန္ဒအပေါ်မှာ မူတယ်ကြောင်း၊ အထူးသဖြင့်ခေတ် ပညာတတ်တွေ အနေနဲ့  မလုံ မခြံုသေးတဲ့ ရခိုင်ပြည် ဖွံ့ဖြိုးဖို့အတွက် တတ်ထားတဲ့ အတတ် ပညာတွေ နဲ့ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း” တိုက်တွန်း ပြောကြားသွားသည်။

တက်ရောက်လာကြသူများထဲမှ မေးခွန်းများကိုု ဦးအေးသာအောင်မှ စိတ်ရှည်လက်ရှည်ဖြေကြားပြီး အခမ်းအနားကိုု ညနေ ၄ နာရီခန့်တွင် ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။

Most read this week