ဆင်းရဲမွဲတေမှု အာဏာရကြံ့ဖွံ့ပါတီအတွက် “အချက်”

ဆင်းရဲမွဲတေမှု အာဏာရကြံ့ဖွံ့ပါတီအတွက် “အချက်”
by -
ခိုနူမ်းထုန်

( ခွါနင်း လေသောင်၊ ဇလပ်နီ)၂၀၁၀ အစိုးရသစ် တက်လာပြီး မကြာခင်တွင် ချင်းပြည်နယ် အစိုးရသည် ချင်းပြည်နယ်၏ ရ၃ ရာ ခိုင်နှုန်းကျော်သော မိသားစုသည် ဆင်းရမွဲတေ မှုအောက်ရောက်နေကြောင်း

( ခွါနင်း လေသောင်၊ ဇလပ်နီ)၂၀၁၀ အစိုးရသစ် တက်လာပြီး မကြာခင်တွင် ချင်းပြည်နယ် အစိုးရသည် ချင်းပြည်နယ်၏ ရ၃ ရာ ခိုင်နှုန်းကျော်သော မိသားစုသည် ဆင်းရမွဲတေ မှုအောက်ရောက်နေကြောင်း၊ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ် ကြောင်း ယူအဲန်ဒီပီ၏ အစီရင်ခံစာကို အသုံးချပြီး ဆင်းရဲ မွဲတေမှုပပျောက်ရေး ထောက်ပ့ံငွေကို ပါတီစည်းရုံးရေး အ တွက် အသုံးချနေပြီဟူသော ပြည်သူ့ အသံများ ညံစပြုလာနေပြီ။ ထို့အပြင် ဗဟိုအစိုးရမှ ထောက်ပ့ံခဲ့ပြီးသော ဘတ် ဂျက်ငွေများစီးဆင်း မှုအပေါ်မယုံကြည်သံများလည်း  ကြားနေကြရမှာပါ။

ပြည်ထောင်စု အစိုးရ သစ်တောရေးရာဝန်ကြီး၊ ချင်းပြည်နယ်ဆင်းရဲမွဲတေမှုလျှော့နည်းရေး တာဝန်ခံ ဦးဝင်းထွန်းသည် ၂၀၁၁ ဒီဇင်ဘာလ ၀၄ ရက်နေ့က ချင်းပြည်နယ်ဖလမ်းမြို့နယ်အား ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်စွမ်းအင်အတွက် ကျပ်သိန်း ၂၂၀ ကူညီခဲ့ကြောင်း ထို့အပြင် ၀န်ကြီးသည် ထန်တလန်မြို့နယ်အတွက် ကျပ်သိန်း ရ၁၆ ကူညီခဲ့ကြောင်း သိရသည်။ သို့သော် ဘယ်ခေါင်းစဉ်တွေအတွက် ကူညီသည်ကိုမူ မသိရပါ။

တဖန် အိန္ဒိယအစိုးရသည် စစ်အစိုးရ ဒီမိုကရေစီ အရေခွွံလဲစက  ချင်းပြည်နယ် ကျန်းမာရေး အတွက် အမေရိကန် ဒေါ် လာ ၆ သန်း ထောက်ပ့ံခဲ့သည်။ မြန်မာကျပ်ငွေအားဖြင့် သန်းပေါင်း ၄၂၀၀ ဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ ကျန်းမာ ရေးဌါန စုစုပေါင်း ၃၈၈ အတွက် အနည်းဆုံး သိန်း ၁၀၀ ကျော်စီဖြင့် မြှင့်တင်ပေးနိုင်ပါသည်။

ပြီးခဲ့သည့်လက ဂျပန် JICA မှလည်း ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေးအတွက် ကျပ်သန်းပေါင်း ၉၉၀၀ ထောက်ပ့ံ မည်ဖြစ်ကြောင်းလည်း ကြားသိကြမှာပါ။ အိမ်ထောင်မိသားစုပေါင်း ရ၆၈၈၀ သာ ရှိသော ချင်းပြည်နယ်အတွက် တစ်မိ သားစုလျှင်ကျပ်တစ်သိန်းသုံးသောင်းနီးပါးစီဖြင့် ရရှိနိုင်မည် ဖြစ်သည်။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ချင်းပြည်နယ်အတွက် နိုင်ငံတော် ဘတ်ဂျက် ရည်မှန်းချက် သည် ကျပ်သန်းပေါင်း ၁၆၀၄၅၆ ဖြစ်ရာ လူဦးရေအားဖြင့် ဝေမျှပါက တစ် ဦးလျှင် ကျပ် သုံး သိန်းကျော် per capita income ကျပါသည်။

လေ့လာသိရှိချက်များအရ ချင်းပြည်နယ် အစိုးရဝန်ကြီးအဖွဲ့သည် နေ့စဉ်နှင့်အမျှ အစည်း အဝေးထိုင်ပြီး အဆိုပါ ထောက်ပ့ံငွေများ ဘယ်လိုအသုံးချမည်ကိုရေးဆွဲနေသော်လည်း အဆို ပါထောက်ပ့ံငွေများ ၄င်းတို့လက်ထက်မရောက် သေးကြောင်း ချင်းပြည်နယ်ဝန်ကြီး တဦးထံမှ သိရသည်။

ယခုနှစ်ဖေဖေါ်ဝါရီလတုန်းက မင်းတပ်မြို့နယ် ယူအက်စ်ဒီပီ ပါတီက ဒေသခံများထံ ၀ါဥခင်း အတွက် လျှောက်လွှာခ ကျပ်ငွေ ၁၀၀၀၀ ထည့်ဝင်ခိုင်းသော်လည်း ယနေ့အထိ ကာယကံရှင် များအားငွေချမပေး သေးကြောင်း ဆိုသည်။ မင်း တပ်တမြို့နယ်လုံးနီးပါးသည် မိသားစု တနိုင် တပိုင် စိုက်ပျိုးရေးအဖြစ် ၀ ဥ စိုက်ခင်းကို အားထားနေကြသည်။

မတူပီမြို့ပေါ်နေ ချင်းပြည်သူ၊ အစိုးရဝန်ထမ်းများသည် ယူအက်စ်ဒီပီပါတီဝင်တွေကို ကြောက်နေ ကြရသည်။ သူတို့ကို ပြသနာမလုပ်ကြဖို့လည်း အချင်းချင်းတီးတိုးစကားသံတွေ ကြားနေကြ ရပါမည်။ ယူအက်စ်ဒီပီပါတီ ၀င်တေအနေဖြင့် ပြည်သူရဲ့ ချဉ်ဖတ်ဖြစ်နေရက်သားနဲ့ အာဏာကို မက်မောတော့လည်း ဆက်လက်ပြီး ရမ်းနေကြရတာပဲ။

ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ၀ ဥ စိုက်ပျိုးရေး ထောက်ပံ့ကြေး လျှောက် ထားလိုပါက လိုအပ်သည့် အချက်အလက်များ စုံလင်စွာ ဖြည့်စွက်ပြီး တင်နိုင်ကြောင်းယခုလ အတွင်း ကျေးရွာအ သီးသီးသို့ အကြောင်းကြားလိုက်သည်။ သို့သော် လျှောက်လွှာကို ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးထံ မိတ္တူပေးသူ ကို သာ ပို စဉ်းစား ပေးမည်ဟု လည်း ထန်တလန်ဒေသခံတွေထံမှ ကြားသိရပြန်သည်။

လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီသည် အဆိုပါ ထောက်ပ့ံကြေးများကို ကိုင်တွယ်ရာမှာ ကျေးရွာအလိုက် သော်လည်း ကောင်း၊ ကဏ္ဍအလိုက်သော်လည်းကောင်း၊ ပါတီဝင်အလိုက်သော် လည်းကောင်း၊ ဦးစားပေး အစီအစဉ်အားဖြင့် သော် လည်းကောင်း၊ ပါတီဝင်အလိုက်သော် လည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီး ဌာန အလိုက် ပေးပို့ရန် အစီအ စဉ်ဖြင့် သော်လည်းကောင်း စာရင်းပြုစုသည်။

တဖန် ချင်းပြည်နယ်ဝန်ကြီးချုပ်က  မိမိတို့သည် အာဏာရပါတီဖြစ်သည့်အတွက်  ပြည်တွင်း၊ ပြည်ပမှဝင်လာ သမျှ အ ထောက်အပံ့တွေကို ချပေးရာမှာ ၄င်းတို့ ပါတီဝင်များကို ဦးစားပေး မည်ဖြစ်သည်ဟု ပြောဆိုသွား ကြောင်း ထန်တလန် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ ၄င်းတို့ ပါတီအတွင်းရေးကိုဖော်ထုတ်ပြောဆိုနေ ကြပြန်သည်။

“ ဒီကိစ္စတွေကို ထန်တလန်မြို့နယ်က အရွေးခံ ချင်းအမျိုးသားပါတီ လွတ်တော် ကိုယ်စား လှယ်တွေ က စုံစမ်းဖော် ထုတ်သွားမှာပါ၊ ဒါက ဆင်းရဲသားပြည်သူတွေရဲ့ ဘဝကို မျက်ကွယ် ပြုနေတာပဲ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တဦးက ပြောသည်။

ထန်တလန် ဒေသခံတချို့သည်ယူအက်စ်ဒီပီ ပါတီဝင်မဟုတ်ကြသော်လည်း ဆင်းရဲမှု၏ စေစားချက်ကြောင့် ညွန်ကြား ထားတဲ့အတိုင်း လျှောက်လွှာကို တင်နေကြသလို တချို့သည် လမ်းညွန်ချက်အတိုင်း လျှောက်လွှာမတင်လို သူများ သည် ၀မ်းနည်းစွာဖြင့် မိမိရပ်ရွာကို ပြန်ခေါက်သွားကြသည်သာ။

“တော်တော်ဝမ်းနည်းစရာပါ၊ ပြည်တွင်းပြည်ပမှ လူသားချင်းစာနာထောက်ထားမှု ဘတ်ဂျက်ချပေး တာကို သူတို့ပါတီ အတွက် အလွဲသုံးစားလုပ်ကြတယ်၊ သူတို့မို့လုပ်ရက်တယ်၊ ကျတော်တို့ ချင်းပြည်သူတွေ ဒီလောက်ဆင်းရတာကို သိရက်သားနဲ့ဗျာ” ဟု ဒေသခံ တဦးက ပြောသည်။

ရှင်းနေသည်မှာ ချင်းပြည်နယ် ဆင်းရဲမွဲတေမှု လျော့ချရေး အစီအစဉ်သည် ပြည်ခိုင်ဖြိုးပါတီ၏ လာမည့် ၂၀၁၅ ရွေး ကောက်ပွဲအတွက် ပါတီစည်းရုံးရေး လက်နက်သာ ဖြစ်လာပေမည်။

မတူပီမြို့နယ် ကျေးရွာတရွာမှ ၀ ဥစိုက်ပျိုးသူတဦးက “ ချင်းပြည်နယ်တွင် ၀ ဥမဖြစ်ထွန်း သည့်နေ ရာ မရှိပါ၊ တောထဲ မှာ အလေ့ကျပေါက်တဲ့ဟာပဲ ” ဟုပြော သည်။

ထိုသို့ဆိုပါက လက်ရှိ အာဏာရ ယူအက်စ်ဒီပီပါတီကသာ ဆင်းရဲမွဲတေမှု လျှော့ချရေး ထောက် ပ့ံကြေး အားဖြင့် မဲ ဆွယ် ပါက တခြားနိုင်ငံရေးပါတီများ၏ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအလား အလာသည် စိုးရိမ်စရာဖြစ်နေပါသည်။

ပါတီစည်းရုံးရေးဆိုတာ ဒီမိုကရေစီ ကျင့်စဉ်တရားပါ။ သို့သော် သမ္မာသော နည်းလမ်း ဖြစ်စေရပါ မည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းရုံးသိမ်းသွင်းခြင်းသည် ဒီမိုကရေ စီရောင်ခြည်သန်းစ၊ ဒီမိုကရေစီ စမ်းသပ်စ အနာဂတ် မြန်မာနိုင်ငံကို သူတောင်းစားနိုင်ငံ သို့ တွန်းပို့ဖျက်ဆီးနေခြင်းသက်သက် သာ ဖြစ်သည်ဟု ဆိုရမှာပါ။

မြန်မာနိုင်ငံမှာ လုပ်ငန်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေ ပွင့်လင်းမြင်သာမှု ကင်းမဲ့သော စစ်အုပ်ချုပ်ရေး စနစ်ဆက်လက် တည်တံ့ရေး မျှော်လင့်ချက်လုံးဝကင်းမဲ့ခဲ့တော့သဖြင့် စစ်အစိုးရ ပြုတ်ကျသွား တယ်။ သို့သော် အကျမနာပါ။ ပြောချင် တာက စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူများအား ဒီမို ကရေစီကို ဘန်းပြပြီး နိုင်ငံတော်အာဏာကို ပြန်လည်ရယူ ခဲ့တယ်ဆိုယင် ငြင်းစရာမရှိပေ။ စစ်အစိုးရ လက်ထက် နိုင်ငံတော် မည်မျှ ပျက်ဆီး ယိုယွင်းသွားခဲ့တယ်ဆိုတာ ပြည်သူ များ စစ်မှု မထမ်းလိုတော့ခြင်း၊  ကလေး စစ်သားများကို အတင်းအဓမ္မ စုဆောင်းခဲ့ကြခြင်း၊ စစ်တပ်မှ ပင်စင် ယူခွင့်ကို ပိတ်ပင် ထားခြင်းများက သက်သေထူနေပါ သည်။ ထို့ကြောင့်လည်း လူထုနှင့် နိုင်ငံ တကာကို လိမ်လည်ကာ ဒီမိုက ရေစီ အသံကောင်း ဟစ်နေခြင်း ဖြစ်သည်ဟု ချင်း နိုင်ငံရေးခေါင်းဆောင်တွေ က ဝေဖန်ကြသည်။

ဒီပုပ်ထဲက ဒီပဲ လက်ရှိ အာဏာရ ကြံ့ဖွံ့ပါတီလုပ်ရပ်သည် စစ်အာဏာရှင်တို့၏ အာဏာဆက်လက် ထိန်းသိမ်း ထား နည်းကို အသုံးချပြီး မျက်လှည့်ပြနေကြခြင်းသာ ဖြစ်သည်ဟု ဝေဖန်သံတွေကြား ကမိမိတို့အာဏာ ဆက် လက် ဆုပ် ကိုင်ထားနိုင်ရေးအတွက် ပြည်သူများ ဆင်းရဲမွဲတွေမှုကို အလွဲ သုံးစားလုပ်နေခြင်းသည် ဘုရားမကြိုက်၊ နတ်မကြိုက် အင်မတန်စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ် ဖြစ်နေပါသည်။

ယူအက်စ်ဒီပီပါတီ၏ လုပ်ရပ်သည် ချင်းအမျိုးသားပြည်သူတွေကို စော်ကားနေခြင်းသာဖြစ်ပြီး နိုင်ငံနှင့် ချင်းလူမျိုး၊ ချင်းလဲန်အပေါ် စေတနာမရှိခြင်းပင်ဖြစ်သည်။ ချင်းပြည်သူတွေအနေဖြင့် စောဒကတက်နိုင်သည့် မည်သည့်လုပ် ဆောင်နိုင်မှု ယန္တယားမှ မရှိရကား ထွက်ပေါက်မရှိသော ဆင်းရဲသားများသည် မကြိုက်သော် လည်း အောင့်ကာ နမ်း ရနေ ရအုံးမည့် ဘဝမှာ ပဲ ရေစုန်မျောနေ ကြရအုံးမှာပါ။