မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့

မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းမှုအတွင်း နေအိမ်များ မီးရှို့ခံရသည့် အ တွက် မောင်တောမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြသည့် ဒုက္ခသည်များကို မကြာသေးမီက နေ ရပ်ကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဆရာတော် မဏိသာရ ပြောကြားသည်။

narinjara-201

“ ဦးဇင်း ကျောင်းကတော့ အိမ်ထောင်စု ၈၂ စု၊ အထက်တန်းကျောင်းမှာ ခိုလှုံနေတဲ့ အိမ်ထောင်စု တွေပါဆိုရင် အားလုံး ၁၀၉ စုပေါ့။ အကုန်လုံး  ပြောင်းရွေ့သွားကြပါပြီ။  အဲဒီနေရာမှာ အခုတော့ စစ်တပ်က လုံးခြံုရေး ယူထားတယ်ဆို တော့ စိုးရိမ်စရာ တော့ မရှိပါဘူး” အလိုတော်ပြည့် ကျောင်းဆရာတော် ဦးမဏိသာရမှ ပြောသည်။

ဒုက္ခသည်များကို ယခုလ ၁၅ ရက်နေ့ကတည်းက စတင်ပြောင်းရွေ့နေကြခြင်းဖြစ်ပြီး အများစုမှာ သရီကုန်ဘောင်ကျေးရွာမှ ဒုက္ခသည်များဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့ရာတွင် လမ်းမကောင်းသဖြင့် ဒုက္ခသည်များ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း ကားသမား တစ်ဦးက ပြောသည်။

“လမ်းက သိပ်ဆိုးပါတယ်။ ဝေးလည်းဝေးတယ်။ ကားတွေဝင်လို့မရတဲ့အတွက် လမ်းတပိုင်းမှာဘဲ ချထားခဲ့ရ တယ် ” ဟု ယမန်နေ့က ဒုက္ခသည်များကို ပို့ဆောင်ခဲ့သသည့် ကားသမားက ပြော သည်။

ယခုကဲ့သို့ ဒုက္ခသည်များကို အာဏာပိုင်များမှ ပြန်ပို့နေသော်လည်း မောင်တောမြို့ပေါ် ဒုက္ခသည် တချို့ ရှိနေသေးကြောင်း သိရသည်။

“တချို့လည်း ပြန်ကြပါတယ်။ ယောကျင်္ားတွေပြန်ကြတယ်။ အမျိုးသမီးနဲ့ ကလေးတွေကျန် သေး တယ်။ အရင်ကတော့ ဒုက္ခသည် စုစုပေါင်း လေးထောင်ကျော် ငါးထောင်နီးပါးရှိခဲ့ပါတယ်။ အခုတော့ ၂ ထောင်ကျော်ကျော်ခန့်ဘဲ ရှိပါတယ်”ဟု မောင်တောမြို့ခံ တဦးဖြစ်သူ ဦးခင်မောင်သန်းကပြော သည်။

ကျန်နေသေးသည့် ဒုက္ခသည်များမှာ ကင်းချောင်း၊ ရွှေရင်အေးကျေးရွားများမှ ဒုက္ခသည်များဖြစ် ကြောင်း သိရသည်။

လုံထိန်း၊ ရဲ ၊ နစက တပ်ဖွဲ့ဝင်များ လုံခြံုရေးယူထားသည့်အတွက် အာဏာပိုင်များက စိုးရိမ်စရာမရှိဟု ဆိုသော်လည်း ဒေသခံ ကျေးရွာသားများမှာ သူတို့ လုံခြံုရေး အတွက် စိုးရိမ်မူများ ရှိနေကြောင်း မောင်တောမြို့ ခံများက ပြောသည်။

Most read this week