အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး

အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး
by -
နိရဥ္စရာ

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က  တက်ရောက်ခဲ့တဲ့ ရခိုုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဥ္စရာက တွေ့ဆုံ  မေးမြန်းခွင့်ရခဲ့ပါတယ်။  အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။

Dr-Aye-Maung
မေး ။  ။ ဥက္ကဌ မနေ့က တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ယေဘူယျအားဖြင့် အဓိက ဘာတွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နည်းနည်း ပြောပြပေးပါ။

-       – ယေဘူယျ ပြောရရင် အဓိက ဆွေးနွေးခဲ့ကြတာကတော့ National identity နဲ့ ၂၁ ရာစုမြန်မာနိုင်ငံရဲ့ Citizenship မြန်မာနိုင် ငံ၏  တိုင်းရင်းသားတော့ မဟုတ်ဘူး။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စပါ။

မေး။  ။ အဲဒီ ဆွေးနွေးပွဲမှာ ဥက္ကဌလည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ကြားပါတယ်။ ဥက္ကဌက ဘာ တွေကို ဆွေးနွေးခဲ့ပါလဲ။

-      -  ကျွန်တော်တို့က အထူးသဖြင့် အမျိုးသားလက္ခဏာ မပျောက်ပျက်ဖို့ အတွက် ဘာတွေကို လုပ်သင့် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ နောက်ပြီး နောက် နိုင်ငံသားဖြစ်မှုနဲ့ ပတ် သတ်လို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဆွေးနွေးပါတယ်။ ဘာကြောင့်လည်းဆိုရင် ဆော်ဒီဘက်က လာတဲ့ စပ်ကြောင်းနဲ့ အထူးသဖြင့် တူရကီဘက်ကလာတဲ့ စပ်ကြောင်းနဲ့  အထူးသဖြင့် အစ္စလာမ်မစ် စက်ကြောင်း၊ အဲဒီ စပ်ကြောင်းနဲ့ အရှေ့တောင်အာရှ ယိုးဒယားအ ထိ ရောက်နေတဲ့ စပ်ကြောင်း အကြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတည်ရှိမှု အဲဒီတည်ရှိ မှု အဓိက အရေးပါတဲ့ အနောက်ဘက် ရခိုင်ပြည်၏ တံခါးဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဲဒီအခြေ အနေ ယင်းအခြေအနေ မတိုင်မီကဆိုရင် ပြည်ထောင်စုကို ဒီမိုကရေစီလမ်းကြောင်းကို သွားကြမယ်ဆိုပြီး တနှစ်ခွဲခန့် လုပ်နေတဲ့ကာလ အဲဒီကာလမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှု အဲဒီကာလတွေကို ပြန်သုံးသပ်တဲ့အခါ မှာ ဒီပြည်ထောင်စုကြီး မစစ်မှန်တဲ့အတွက် အမျိုးသား အသွင်လက္ခဏာတွေ ပျောက်လုနီးပါး အခြေ အနေကို အဲဒီနှစ်ပေါင်း ၆၀ ရဲ့ အတွေ့အကြံုကိုယူပြီး ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မှ တိုင်းရင်းတမျိုးချင်းရဲ့ identity ကိုဖော်ထုတ်နိုင်မှ ပြည်ထောင်စုရဲ့ identity ပေါ်လာမယ်။ အဲဒီလို ပေါ်လာပြီးမှ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုကြီးဖြစ်မယ်ဆိုရင် တနိုင်ငံလုံး တမျိုးသားလုံး ရဲ့ ခုနက identity မပျောက်ဖို့ အရေးကြီးတဲ့ ကာလဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာ အဲဒီပြဿနာ နဲ့  ယင်းပြဿနာ နိုင်ငံသားပြုမှုဆိုတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၏ ခိုင်ခန့်တိကျ၊ သမာသမတ်ကျကျ တည်ရှိနေမှု အကြောင်းကို ကျွန်တော်တို့ အကြမ်း အားဖြင့် ဆွေးနွေးပါတယ်။ ကျွန်တော်တို့  ၁၀ မိနစ်လောက်ဘဲ ကျွန်တော်တို့ အချိန်ရပါတယ်။

မေး။     ။ အဲဒီဆွေးနွေးပွဲမှာ တခြားလူတွေက ရခိုင်ကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေကိုဆွေးနွေးကြပါသလဲ။ သိသလောက် နည်းနည်း ရှင်းပြပေးပါ။

-      -  ကျွန်တော်တို့က ရခိုင်ကိစ္စကို အမြည်းသဘော ဆွေးနွေးပါတယ်။ အမြည်းသဘောဆိုတာက  ဗမာပြည်နဲ့ ခြံုပြီး ဆွေးနွေးပါတယ်။ ဦးကိုကိုကြီးတို့ကလည်း National identity နဲ့ပတ်သတ် ပြီး စုံစမ်းမှုတွေကို တင်ပြပါတယ်။ တော်တော်လေးကို ဆွေးနွေးပါတယ်။ အထူးသဖြင့် သူဆွေးနွေးတဲ့ အချက်မှာဆိုရင် ဘင်္ဂလီဆိုတာ လူမျိုးစု တစုပေါ့။ နယ်စပ် ဒေသမှာရှိ တဲ့ လူမျိုးစုတစုပေါ့။  သတ်မှတ် ထားတဲ့ ဘောင်ဒရီ (Boundary) အတွင်းမှာ ဟိုဘက်ဒီဘက် နယ်စပ်မှာ ခွပြီး နေထိုင်ကြတယ်။ ဥပမာ ရှမ်းနယ်စပ်မှာလည်း ရှမ်းဆိုတာ ဟိုဘက် ဒီဘက်မှာ ရှိတယ်။ အပေါ်ပိုင်းက ချင်း နယ်စပ် မှာလည်း ရှိတယ်။ အဲဒီလို ရခိုင် နယ်စပ် မှာလည်းရှိရမယ်။ ရခိုင်မျိုးနွယ်စုဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာရှိသလို ဘင်္ဂလာဒေ့ချ် ဘက်က သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်နဲ့ Cox”s bazar နယ်တွေမှာရှိတာကို ထောက်ပြ တယ်။ အဲဒီလို ဒီဘက်က မျိုးနွယ်စု တစုဟာ ဒီဘက်မှာသာ ရှိပြီး  ဟိုဘက်မှာလည်း  ရှိပါတယ်။ ဘင်္ဂလာဒေချ့် နယ်စပ်မှာတော့ ဒီမျိုးနွယ်စုက ဒီဘက် မြန်မာဘက်မှာ ရှိနေပြီး  ဘင်္ဂလာဒေချ့်ဘက်မှာ လုံးဝမရှိဆိုပြီးပြောနေတဲ့ ငြင်းပယ်နေတဲ့ ကိစ္စတွေကို ထောက်ပြပါတယ်။  ဘင်္ဂလီဆိုတဲ့ မျိုးနွယ်စုကလည်း အင်မ တန်ကြီးမားတယ်။ တဂိုးလ်က စပြီး သူပြောတယ်။ ဒီဘက်မှာ ဒီဘက်မှာလည်း မျိုးနွယ်စုရှိသလို ဘင်္ဂလာဒေ့ချ် ဘက်မှာ လည်း ဒီမျိုးနွယ်စု ရှိရမယ်ဆိုတဲ့ သဘောနဲ့ သူဆွေးနွေး ပါတယ်။ ဒါကြောင့် သူတို့ဖန်တီးထားတဲ့ မျိုးနွယ်စုတစုက ရခိုင်ပြည်ဘက်မှာသာ ရှိပြီး ဘင်္ဂလာဒေ့ချ် ဘက် မှာလုံးဝ မရှိ။ အဲဒီနိုင်ငံကလည်း သူတို့နိုင်ငံဘက်က လူမျိုးနွယ်စု မဟုတ်လို့ပြောတာဟာ ယုတ္တိဗေဒ အားဖြင့် သူလက် မခံနိုင်ဘူး ဆိုပြီး သူဆွေးနွေးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသား ဥပဒေနဲ့ ပတ်သတ်ပြီး ဘယ်လိုလိုအပ် တယ်ဆိုတာကို ဆွေးနွေးပါတယ်။ ဇာကနာကလည်း ပြောပါတယ်။ ဆရာ ဦးကျော်ဝင်းတို့ကလည်း ခေတ်စနစ်ကို ချိန်ပြီး ဆွေးနွေးပါတယ်။ နောက် တိုင်းရင်းသား ရေးရာဝန်ကြီး ဖြစ်တဲ့ ဦးစောထွန်းအောင်မြင့်ကလည်း သူ့အမြင်ကို ဆွေးနွေးပါတယ်။ နောက်ကျွန်တော်တို့ ဦးအေးသာအောင်  နောက် NDPD က ဦးကျော်လှထင်ပါတယ်။ သူကတော့ သူ့ဟာသူ ကုလားလို့ ပြောပါတယ်။ သူတို့ရဲ့ ဒီနိုင်ငံမှာ နှစ် ပေါင်းများစွာတည်ရှိတဲ့ သမိုင်းတည်ရှိမှု၊ ရခိုင် ဘုရင်လက်ထက် ကတည်းက အစ္စလာမ်ဘာသာရှိ မှု တွေကိုသူဆွေးနွေးပါတယ်။ နောက်ပြီး သူတို့ရဲ့ ရပ်တည်မှုတွေကို တော်တော်လေး အာပေါင် အာရင်း သံသံနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နောက်ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ နောက်တက်ရောက်လာကြတဲ့ ပညာရှင်တွေကလည်း ထောက်ပြီး မေးမြန်းတာတွေ အများကြီး ရှိပါတယ်။ အဲဒါကို Panelists တွေက တာဝန်ယူပြီး  ရှင်းပြကြပါတယ်။
National-identity
မေး။  ။ ဒီဆွေးနွေးပွဲက ရခိုင်လူမျိုးတွေအတွက် အကျိုးရှိတယ်လို့ မြင်ပါလား။ ဥက္ကဌအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

-       -  ဆွေးနွေးပွဲ တစ်ခုဆိုတာက အကျိုးရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆို ရင် ဗမာပြည်သူလူထုရဲ့အမြင်၊ တိုင်းရင်းသားပေါင်းစုံရဲ့အမြင်၊ နောက်ပြီး နိုင်ငံရေးပါတီပေါင်းစုံ ရဲ့အမြင်တွေကို ဒီဆွေးနွေးပွဲမှာ တစုံတခုသော အတိုင်းအတာအထိ ထင်ဟပ်ပါတယ်။ အားလုံးက တော့ ရခိုင်ပြည်အရေးဟာ ဗမာနိုင်ငံတခုလုံးရဲ့ အရေးဆိုပြီး သူတို့ ယူဆပါတယ်။ ဗမာတမျိုးသားလုံး ရဲ့ identity မပျောက်ဖို့ အတွက် လိုအပ်ကြောင်းကိုလည်း သူတို့သဘောပေါက်ပါတယ်။ ဒါကြောင့် လူဦးရေ ဖောင်းပွမှုကြီးတဲ့ နိုင်ငံနှစ်ခုအကြားမှာ  အင်မတန်မှ မြန်ဆန်စွာနဲ့ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှု အဲဒီ ဒဏ်ရာဒဏ်ချက်တွေ ကျွန်တော်တို့ဒေသကို လွှမ်းမိုး လာနိုင်မှုတွေကိုလည်း ဆင်ခြင်စဉ်းစားပါတယ်။ နောက် နိုင်ငံတကာရဲ့ Globalization နဲ့လည်းတွေးပါ တယ်။ နောက် ၁၉၈၂ ခုနှစ်ရဲ့ ဥပဒေလိုအပ်မှု  ဒါတွေကိုလည်း ထဲထဲဝင်ဝင် ဆွေးနွေးကြပါတယ်။ သို့သော်လည်း ဒီလိုဆွေးနွေးမှုတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယူတချက်တစ်ခုကို ကျနော်တို့  ဆုံးဖြတ်ချက် ချနိုင်အောင်အထိ တော့ ရချင်မှ ရပါမယ်။ သို့သော်လည်း ဖြေရှင်းချက် တခုကို ရဖို့အတွက် ဆွေးနွေးပွဲများစွာကိုဖြတ် သန်းပြီး အမြင်များကိုရရှိပြီးမှ တကယ့်လက်တွေ့ ဖြစ်ပျက်မှုနဲ့ မကင်းကွာတဲ့ အယူအဆတွေကို သုံးသပ် ဆုံးဖြတ် ထည့်သွင်း နိုင်ရင်တော့ ကျွန်တော်တို့လက်ရှိ ဖြစ်နေတဲ့ ပြဿနာအားလုံးကို လိုအပ်တဲ့ ကာလတခုမှာတော့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။

မေး။ ။ အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားသားတွေတက်ရောက်ပါလား။ ဥပမာ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ တက်ရောက်တာတွေ ရှိပါလား။

-       – ဒေါက်တာအေးချမ်းတို့ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ်တို့  တရက်စောပြီး ဆွေး နွေးကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့  ဆရာအေးချမ်းကတော့ ဂျပန်ကို မနေ့ကတည်းက ပြန်သွား ပါပြီ။ အဲဒီနေ့က ကျွန်တော် ရခိုင်မှာဘဲ ရှိနေပါတယ်။

Most read this week