ရဲတွေက ဓမ္မဆရာတဦးအား အာဏာသုံးပြီး ကိုယ်ထိလက်ရောက် စော်ကား

ရဲတွေက ဓမ္မဆရာတဦးအား အာဏာသုံးပြီး ကိုယ်ထိလက်ရောက် စော်ကား
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် တာဝန်ကျ ဒု ရဲအုပ် ထွန်းလွင်ဆိုသူက ယခုလ ၁၂ ရက်နေ့ည ၉းဝဝ နာရီခန့်က  လူငယ် တဦးကို ကျောက်ခဲဖြင့် ထုပြီး လူငယ်၏ နေအိမ်အား ကျောက်ခဲဖြင့် ပစ်ပေါက်သည်ဟု ကြားသိရသည်။

ဖြစ်စဉ်မှာ  အရက်မူးနေသည့် ဒုရဲအုပ် ထွန်းလွင်သည် ဓမ္မဆရာ ကျုံးအောင်နှင့် အဖော် တဦး တို့ ၄င်းတို့ အိမ်အောက် ကွပ်ပျစ်ပေါ်တွင် ဓမ္မသီချင်း သီဆိုနေသည်ကို ဆဲဆိုရာမှ  ပြသာနာ ကြီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ရဲတွေက ဆရာကျုံးအောင်၏ နေအိမ်အား ကျောက်ခဲဖြင့် ထပ်မံ ပစ်ပေါက်ခဲ့ရာ ပြုတင်းပေါက် မှန်များကွဲကုန် ကြောင်း ၊ အိမ်တခုလုံး ကျောက်ခဲနှင့် ပုလင်းကွဲများဖြင့် ပြည့်နှက်နေကြောင်း လည်း ပြောကြသည်။

ယင်းကိစ္စကို မိန်းကလေးတဦးက ရဲတွေကို သွားရောက်ပြောကြားသဖြင့် ရဲ သုံးဦး ထပ်မံ ရောက်ရှိလာပြီး ယခုကဲ့သို့ နေ အိမ်အား ခဲဖြင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။

“ အိမ်နီးနားချင်းတွေရောက်လာလို့ ရဲတွေ ထွက်ပြေးသွားကြတယ်၊ ဒါပေမဲ တရားခံ ထွန်းလွင်နဲ့ ကျော်မြင့်ဆွေ၊ အောင်ဖိုး လှိုင် တို့သုံးဦးကို သက်ဆိုင်ရာ ရဲနဲ့ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်” ဟု အိမ်ရှင် က ပြောသည်။

အိမ်ရှင်တွေက အမှုမဖွင့်ယင်လည်း သက်ဆိုင်ရာ ရဲက အဆိုပါ တရားခံတွေကို အရေးယူမှု ပြုလုပ်သွားမှာဖြစ် သည်ဟု ဒေသ ထုတ် သတင်းတွေ မှာ ဖော်ပြ ထားသည်။

ယင်းအမှုသည် ဒုရဲအုပ်ထွန်းလွင်က ၄င်း၏ ရည်းစားထံ လာရောက်လည်ပတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

Most read this week