ဟားခါးမြို့ပေါ်တွင် မိုးကြီးမှုကြောင့် မြေပြို ၊ လူနေအိမ်များပျက်စီး

ဟားခါးမြို့ပေါ်တွင် မိုးကြီးမှုကြောင့် မြေပြို ၊ လူနေအိမ်များပျက်စီး
by -
ခိုနူမ်းထုန်

ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာ သွန်းမှုကြောင့် ချင်းပြည်နယ် ဟားခါးမြို့ပေါ် ရပ်ကွက်အချို့တွင် မြေများပြို ကာ လူနေအိမ်များ ပျက်ဆီးနေကြောင်း သိရသည်။

“မိုး အရမ်းရွာတယ်၊ မြေတွေပြိုပြီး အိမ်တွေပျက်ဆီးတယ်။ ပျက်ဆီးသွားတဲ့အိမ်က အိမ်ခြေ ၁၀ လုံး ကျော်ပြီ” ဟု ဟားခါး မြို့ခံ အမျိုးသမီးတဦးက ပြောသည်။

အခုလို မိုးသည်းထန်စွာရွာသွန်းပြီး အိမ်တွေပျက်ဆီးမှုကြောင့် နေအိမ်မရှိတော့တဲ့မိသားစု အများကြီးရှိသလို မိုးဆက် လက်ရွာသွန်းနေမယ်ဆိုရင် နေအိမ်ပျက်ဆီးမှု ဆက်လက်ရှိနေဦး မည်ဖြစ်ကြောင်း အဆိုပါအမျိုးသမီးက ယခုလို ဆက်ပြော ပါတယ်။

“လောလောဆယ်တော့ ဆွေမျိုး၊ အိမ်နီးချင်းအိမ်တွေမှာ ခိုလှုံနေရတယ်။ မိုးက တော်တော် နဲ့မပြတ်လောက် သေးဘူး မိုးမပြတ်သရွေ့ အိမ်ပျက်ဆီးမှုတွေက ဆက်လက်ပြီး ရှိနေဦးမှာပါ”

ဟားခါးမြို့ပေါ်ရှိ ချင်းဦးစီးရပ်ကွက်၊ ရွာဟောင်းရပ်ကွက် နှင့် No(1) BEHS ရပ်ကွက်များတွင် အများအားဖြင့် နေအိမ်ပျက်ဆီးခြင်းဖြစ်သည်။