ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များ မြန်မာနိုင်ငံရေး ပဋ္ဋိပက္ခဖြေရှင်းဖို့နိုင်ဘို ့အတွက် ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ မစတင်မှီ ဒီမိုကရေစီဖြစ်ပေါ်ထွန်းကားလာဖို့အတွက် နိုင်ငံရေးပဋ္ဋိပက္ခ တွေကို အရင်ဆုံးဖြေရှင်းရမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ခူဒယ်နီယာက ပြောပါတယ်။
ခူဒယ်နီယာ “လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနဲ ့ ရှေ့လာမည့် ဒီမိုကရေစီရေး အခြေအနေတွေကို ဆွေးနွေးခဲ့ ကြတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့နေရာမှာ မလုပ်ခင် နိုင်ငံရေးအဓိကပြေလည်ဖို့ ပဋ္ဋိပက္ခတွေ အရင်ဖြေရှင်း ဖို့လိုမယ်။
အဲဒါမှ ရေရှည်တည်တံ့ခိုင်မြဲမယ်။ လူထုတွေပါဝင်ဖို့နဲ့ လူထုရဲ့ သဘောထားအတိုင်း ဆောင်ရွက်ဖို့ လည်း လိုတယ်” လို့ ပြောပါတယ်။
အဆိုပါဆွေးနွေးပွဲကို ယနေနံနံက် ၉ နာရီက လွိုင်ကော်မြို့ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ဆက်ဆံရေး ရုံးမှာကျင်းပခဲ့ကြတာဖြစ်ပါတယ်။
တွေ ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေး အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတဲ့ အပြင် လွိုင်ကော်မြို့နယ် ချိကယ် ကျေးရွာအုပ်စု ပကျဲတောင်ဘက်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကိုလည်း ဒေသခံ ရွာသူရွာသားတွေရဲ့ သဘောတူညီချက် ရမှသာလျှင် ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြောင်းကို လည်း အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးသွား ခဲ့ကြတယ်လို့ သိရပါတယ်။
“ဒီဘိလပ်မြေစက်ရုံစီမံကိန်း ကိစ္စမှာလည်း လူထုရဲ့ သဘောတူညီရမှသာလျှင် လုပ်သင့်တယ်ဆိုပြီး ဆွေးနွေးခဲ့ကြတယ်။ အဲဒါတွေ သေချာလုပ်နိုင်ဖို့ အတွက်ဆိုရင် အဓိကကတော့ ဒီမိုကရေစီရှိဘို ့လိုတယ်။ ဒီမိုကရေစီပေါ်ထွန်းဖို့ အတွက် ဆောင် ရွက်နိုင်ရေး ကျနော်တို ့ ဆွေးနွေးခဲ့ကြတာပါ” လို့ ခူဒယ်နီယာက ဆက်ပြောပါတယ်။
ယခုလို ၈၈ မျိုးဆက်ကျောင်းသားများနဲ့ (KNPP) ကိုယ်စားလှယ်တို့ နိုင်ငံရေးအရ တွေ ့ဆုံဆွေးနွေးကြတာ ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတာဝန်ခံ ကိုမြအေး၊ လယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ ကိုစိုးထွန်း၊ ငြိမ်းချမ်းရေးအဖွဲ့ဝင် မမီမီလွင်နှင့် မစန်းစန်းမော်တို့က သွားရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။