မြို ့နယ်အဆင့် အဆိုအက ပြိုင်ပွဲ အောင်မြင်စွာကျင်းပ

မြို ့နယ်အဆင့် အဆိုအက ပြိုင်ပွဲ အောင်မြင်စွာကျင်းပ
by -
ခိုနူမ်းထုန်

ပထမအကြိမ် မြို ့နယ်အဆင့် အဆိုအက ပြိုင်ပွဲကို ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို ့ပေါ်တွင် စက်တင်ဘာလ (၁) ရက်နေ ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။

matu
မတူပီမြို ့ ဘုံတလာခန်းမဆောင်တွင် ကျင်းပပြုလုပ်သော အဆိုအက ပြိုင်ပွဲကို ချင်းပြည်နယ် ဗျူဟာ (၂)၊ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ဟန်သူက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း မတူပီမြို ့ပေါ်ရှိ ၀န်ထမ်း တဦးထံမှသိရှိရသည်။

ယင်းပြိုင်ပွဲကို မြို ့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပပေးခြင်းဖြစ်ပြီး မြို ့နယ် အဆင့်တွင် ပထမဆုရရှိသည့်အဖွဲ ့ သည် ပြည်နယ် အဆင့် အဆိုအကပြိုင်ပွဲသို ့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

အဆိုအကပြိုင်ပွဲတွင် မတူရိုးရာအက၊ မရာရိုးရာအက၊ ဇိုသုန်ရိုးရာအကနှင့် ဒိုင်ရိုးရာအက စသည့်အ ဖွဲ ့များ ယှဉ်ပြိုင်ကြသည့်အနက် မတူရိုးရာ အကဖြစ်သည့် ခိုသူး( Khotue)ရိုးရာအကအဖွဲ ့က ပထမရရှိကြောင်းသိရသည်။

ပထမရရှိသည့် မတူရိုးရာအက အဖွဲ ့ကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်သူက ကျပ်ငွေ – ၂၀၀၀၀ ကို၄င်း၊ ချင်းအမျိုးသားတပ်ဦး၊ မတူပီမြို ့လိုင်စင်ရုံးမှ ကျပ်ငွေ- ၁၀၀၀၀ ကို၄င်း အသီးသီး လှုဒါန်းခဲ့ကြောင်း သိရသည်။

ပထမရရှိသည့် မတူရိုးရာအကအဖွဲ ့ကို လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ပြည်နယ်အဆင့် ရိုးရာအဆို အက ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြည်နယ်အဆင့် ရိုးရာအဆိုအကပြိုင်ပွဲ ကို ချင်းပြည်နယ်မြို ့တော် ဟားခါးတွင် ကျင်းပဘွယ်ရှိကြောင်း သိရသည်။

Most read this week