(ခွါနင်း လေသောင်) မျိုးချစ်မည်သည် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဘာတွေကို ဘယ်လိုကာကွယ် ရမည်ဆိုတာ မေးစရာ အများကြီးရှိနေမှာပါ၊ လက်ရှိ ချင်းပြည်မှာ တခြား တိုင်းရင်းသား ဒေသများနည်း တူ ရေကာတာကြီးများ၊ နိုင်ငံ ကူးလမ်းမကြီးများ၊ သစ်ထုတ်လုပ်မှု စီးပွါးရေးနှင့် သတ္တုတွင်းလုပ်ငန်း များ စသဖြင့် ရင်းနှီးမြုပ်နှံမှု အရှိန်အဟုန်မြင့် တက်နေပါပြီ။
သို့သော် ငွေအလုံးလိုက် အရင်းလိုက် ရနေကြချိန်မှာ ဆင်းရဲတွင်း နက်သထက် နက်ရမှာကတော့ ဒေသခံ ဆင်းရဲသား ချင်းလူထုပင် ဖြစ်ပါ တယ်။ အဲဒီ စီမံကိန်းများကို အထူးသဖြင့် တောင်ပိုင်း ချင်းပြည် ဒေသခံ လူထု တွေက ကြောက်နေရ သည့်အကြား သည်းမခံနိုင်လွန်းလို့ ဆန့်ကျင် လှုပ်ရှား မှုတွေ ဖြစ်နေပါတယ်။ ဒီစီမံကိန်း တွေက ချင်းအမျိုးသား မျိုးချစ် ပုဂ္ဂိုလ်တိုင်းအား စိန်ခေါ်နေပါတယ်။ လူမျိုးနှင့်တိုင်းပြည်ကို တကယ် လက်တွေ့ ကာကွယ်ဖို့ တာဝန်က သေးလှတာမဟုတ်ပါ။
ရေကာတာ စီမံကိန်းများ
လက်ရှိအစိုးရက ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် ဟားခါးမြို့နယ် နယ်စပ် စစ်ကိုင်းတိုင်း နယ်နိမိတ် အနီး ကမ္ဘားနီတံ တား ခေါ် ဗါးရ် တံတား အထက် နားလေးမှာ မဏိပူရမြစ်ခေါ် ဒေသအခေါ် ရုန်းမြစ် ကို တမံပိတ်ဆို့ထားပြီး လျှပ်စစ်ဓါတ် အား ၃၆၀ မဂ္ဂါ၀ပ် ထုတ်လုပ်မယ့် အစီအစဉ်ဟာ မိတ္ထီလာ စက် မှုဇုံအတွက် ဖြစ်ပြီး ချင်းပြည်မြို့များ ဖြစ်တဲ့ ဟားခါး၊ ဖလမ်းနှင့် တီးတိန်အတွက် မဂ္ဂါ၀ပ် ၆၆ (၁၇%) သာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဓါတ် အားပေး အဆောက် အဦး ဆောက်လုပ်ဖို့ လယ်မြေ ဧက ၃၀ ကျော်ကို သိမ်းယူထားပြီး ရေဝပ်ဧရိယာ ဧက သောင်းချီအတွက် မည်သည့် အစား ထိုး အစီအ စဉ်နှင့်မျှ လျှော်ကြေးပေးဖို့ မရှိပါ။ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေး ထိခိုက်မှု နှင့် လူမှုရေးထိ ခိုက်မှု လေ့ လာချက်လဲ လူသိရှင်ကြား မလုပ်ခဲ့ တဲ့ အပြင် စစ်ကိုင်းတိုင်းဖက်က ဒေသခံ လယ် သမားတွေဆီက ငွေကြေး ကောက်ခံ ထားတာ သုံးကြိမ်ရှိနေပါပြီ။ အကြောင်းပြချက် က ရေသွယ်ပေး မယ်ဆိုတဲ့ ကတိ ဖြစ်ပါတယ်။ အဆိုပါ နေရာဟာ ချင်း မျိုးနွယ်စု တစ်ခုဖြစ်တဲ့ ခွါလ်ဆင်မ် လူမျိုးစု တို့ နေထိုင်ရာဒေသ ဖြစ်ပြီး ရေဝပ် ဧရိယာကြောင့် ကျေးရွာပေါင်း နှစ်ဆယ် ကျော်မှာ ရွေ့ပြောင်း တောင်ယာမြေ၊ အိမ်မွေးတိရိစ္ဆာန် စားကျက်မြေ ဆုံးရှုံးမှာ ဖြစ်ပြီး တောင်ပေါ် ရွာ တော် တော်များ ပြိုကျနိုင်စရာ ရှိပါတယ်။ အဆိုပါ စီမံကိန်းကို အစိုးရရဲ့ အမှတ်-၁ စွမ်းအင် ၀န်းကြီးဌါနနှင့် ဆည်မြောင်းဌါန တို့ ပူးပေါင်း လုပ် ကိုင် ကြခြင်းဖြစ်ပြီး လုပ်ငန်း ၃၀% ပြီးစီး ထားပြီလို့ သိရပါတယ်။
ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ် ဒိုင်လူမျိုးစုတို့ ဒေသမှာလဲ လေမျိုမြစ်ကို နှစ်နေရာ ရေကာတာ လုပ်ပြီး မဂ္ဂါ၀ပ် ၅၅၀ ကျော် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှာဖြစ်တယ်၊ ၉၀%ကို နှစ်ပေါင်း ၄၀ အတွင်း ဘင်္ဂလားဒေ့ရှ် ကို ရောင်းချပေး မှာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းပမာဏာမှာ ရေကာတာ အမြင့်ပေ ပေ ၅၀၀ ကျော်ဖြစ်ပြီး ပတ်ဝန်းကျင် ရွာပေါင်း ၆၀ ခန့် ဒုက္ခရောက်မည် (သို့မဟုတ်) ဒိုင်လူမျိုးစု တိမ်ကောနိုင်စရာ အကြောင်းရှိပါတယ်။ တရုတ် ဒါတန်ကုမ္ပဏီနှင့် မြန်မာ ရွှေတောင် တို့ ပူးပေါင်း လုပ်ကိုင်သွားကြတာ ဖြစ်ပါတယ်။ စိုးရိမ်မကင်း သော ဒေသခံ လူငယ်တစ်ချို့က “လေမျိုကို ကယ်တင်ပါ” ဆိုပြီး လှုပ်ရှားမှု ပြုလုပ်လာတဲ့ အခါ အာဏာပိုင်တွေက ဒေသခံ လူကြီးတချို့ကို ရခိုင်ပြည် နယ် မြောက်ဦးကို ခေါ်ယူ စစ်မေးခဲ့ကြ ပါတယ်။ နေပြည်တော်ရဲ့ အမိန့် ဖြစ်ပြီး နောက်ထပ် စစ်အင်အား တိုးချဲ့နေပါပြီ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်စခန်း ပေါင်း ၂၀ ရှိထားပြီး ဖြစ်ရာ တပ်ရင်း ၂ ရင်းထပ်တိုးချဲ့ဖို့ ရှိပါတယ်။ ငြိမ်းချမ်းရေး ကာလမှာ စစ်တပ်အင်အား တိုးချဲ့ ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ၊ လူထုလှုပ်ရှားမှုကို ဖိနှိပ်ဖို့ သက် သက် ဖြစ်လာလိမ့်မည်ဟု ယူဆသူများလည်း ရှိနေ ကြပါတယ်။
ကုလားတန် ဖက်စုံသုံး လမ်းကြောင်း စီမံကိန်း
အိန္ဒိယ အစိုးရက အရှေ့မြောက်ပြည်နယ်များအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေအောင် စီမံထားတာ ဖြစ်ပြီး အယ်ဆာ ကုမ္ပဏီက တာဝန်ယူ ထားတာပါ။ ကုလားတန်ကို သင်္ဘောအငယ်စား သွားလာနိုင် အောင် ပြုပြင်ခြင်းနှင့် ကုန်းလမ်းမ တည်ဆောက်ခြင်းတို့ ပါ၀င်ပါတယ်။ ခူမီးလူမျိုးစုတို့ရဲ့ လူနေမှု အခြေအနေအရ ဒေသခံ လူထု ခံစားစရာ ဆိုလို့ ပြောစရာပင် မရှိပါ။ တောင်ယာမြေဧက ပေါင်းများစွာ၊ ကုလားတန် တစ်လျှောက် စိုက် ကွက် ပေါင်းများ စွာ ဆုံးရှုံးရမှာ ဖြစ်ပြီး တခြားနည်းလမ်းနဲ့ အသက်ရှင်နိုင် မယ့် ဒေသခံ လူထု မရှိပါ။ ကုလားနှင့် မြန်မာ ကုန်သည်ကြီး များ အကျိုး စီးပွါးအတွက် ဒေသခံ ခူမီးလူမျိုးစုများ လည်စဉ်းခံရုံကလွဲလို့ တခြားထွက်ပေါက်မရှိပြီ၊ ပို၍ အရေးကြီး သည်မှာ ကုလားတန်မြစ်ဆိုတာ ခူမီးတွေရဲ့ အသက်၊ ခူမီးတွေရဲ့ ဘဝပင်ဖြစ်ပါတယ်။ ကုလားတန် ကျန်းမာပါစေ ဆိုပြီး ဒေသခံ များ လှုပ်ရှားလာတဲ့ အခါ အာဏာပိုင်ဖက်မှ ဖိနှိပ်မှုဖြင့် တုံ့ပြန် လာနေကြပါတယ်။ ကုလားတန်ကိစ္စကို ဆွေးနွေး ပြော ဆို ဖို့ အစည်း အဝေး များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခွင့် မရှိကြပါ။
နတ်မတောင် အမျိုးသားဥယျာဉ်နှင့် ခရီးသွားလုပ်ငန်း
၁၉၉၅ ခုနှစ်ကတည်းက စတင်ထားတဲ့ ဒီ စီမံကိန်းကြောင့် ကျေးရွာပေါင်း ၃၇ ခုက ဒေသခံလူထုမှာ တောင်ယာ မခုတ်ရ၊ တိရိစ္ဆာန်မောင်းနှင် ခရီး ထွက်ခြင်း မပြုရ၊ အပင်မခုတ်ရ၊ အမဲမလိုက်ရ စသဖြင့် အမိန့် အမျိုးမျိုးအောက်မှာ ဖိနှိပ်ခံနေကြတာပါ။ ရွာအချို့ကိုလဲ ရွေ့ပြောင်းခိုင်းထား ပါ တယ်။ ရေဒီယိုပင် နား ထောင်ခြင်း မပြုရန် တားမြစ်ထား ပါတယ်။ အာဏာပိုင်တွေကတော့ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ ၀င်ငွေရနေကြပေ မယ့် ဒေသခံ တွေဟာ ခရီးသွားဧည့်သည်တွေကို ဖျော်ဖြေဧည့်ခံဖို့ အပြောခံနေ ကြပါတယ်။ ဒေသခံ လူငယ်တချို့က “ခေါ်နူး သုန်ကို ကာကွယ်ပါ” ဆိုတဲ့ လှုပ်ရှားမှု ပြုလုပ် နေကြပါတယ်။ အာဏာပိုင်တွေရဲ့ သတိပေးချက်ကတော့ ကိုယ့် ထမင်းကိုယ်စားချင်သေးယင် မလုပ်နဲ့ ဆိုတာပါ ပဲ။
နိဂုံးချုပ်
ချင်းအမျိုးသားရေးလှုပ်ရှားမှုမှာ ပါ၀င်တဲ့ လူကြီးတစ်ဦးက ပြောဖူးပါတယ်။ ငါတော့ ဖွံ့ဖြိုးရေးကို မဆန့်ကျင် ဘူး၊ လို တောင် အရမ်းလိုချင်လို့တဲ့။ အထက်မှာ ဖော်ပြထားတဲ့ လှုပ်ရှားမှုတွေကို ပေါ့ပေါ့ စဉ်းစားရင် ဖွံ့ဖြိုး ရေးကို ဆန့်ကျင် တယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ အမှန်မှာက မတရား အမြတ်ကြီး ထုတ်မှု၊ ဖိနှိပ် ချုပ်ခြယ်မှု တွေကို ဆန့်ကျင် တာပါ။ လက်ရှိ မြန်မာနိုင်ငံဖွဲ့စည်းပုံအရ ပြည်နယ်နှင့် တိုင်းတွေဟာ နေပြည်တော် (၀ါ) ဗဟို ရဲ့ ကိုလိုနီ သာသာ ဖြစ်ကြပါ တယ်။ ဒီ စနစ်ကို တိုက်ဖျက်ဖို့ လက်တွေ့ဖြစ်ရပ်က အကောင်းဆုံးမှန်ရင် မျိုးချစ်ပုဂ္ဂိုလ် တိုင်းအား စိန်ခေါ်ထား ပါတယ်။ ခင်ဗျား ဒီလူထုကို ကာကွယ်မလား၊ ဒီချင်းပြည်ကို ကာကွယ် မလား စဉ်းစား ဆုံးဖြတ်စေ ချင်ပါတယ်။ မျိုးချစ် မှန်ရင် တာဝန် မလစ်ဟင်းပါစေနဲ့။