မြေပုံ အမေ့အိမ် ပညာဒါန ကျောင်းအတွက် NLD မှ စာအုပ်များ လှူဒါန်း

မြေပုံ အမေ့အိမ် ပညာဒါန ကျောင်းအတွက် NLD မှ စာအုပ်များ လှူဒါန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အသစ်ဖွင့်လှစ်လိုက်သော အမေ့အိမ် ပညာဒါန ကျောင်းအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ စာအုပ်များ ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ကျောင်းရှိ ကျောင်းသား ကျောင်းသူများ အတွက် NLD မှ စာ အုပ် ဒါဇင် ၁၀၀ နှင့် ဘောလ်ပင် အချောင်း ၁၀၀ လှူဒါန်းခဲ့သည်ဟု ဆိုသည်။

စာအုပ်လှူဒါန်းပွဲကို သြဂတ်စ်လ ၁၂ ရက်နေ့က ဂီရိမုန်တိုင်းဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့အစွန်ရှိ အောင်လယ်ပြင်ကျေးရွာ အောင်သုခ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သော အမေ့အိမ် ပညာဒါန ကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြေပုံမြို့နယ် NLD တာဝန်ခံ ဒေါ်မပုချေက စာအုပ်လှူဒါန်းရခြင်းကို နိရဥ္စရာသို့ ပြော သည်။

“ ကျွန်မတို့ မြို့နယ်မှာ ကျောင်းသားလေးတွေဟာ ပညာသင်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။ အဲဒီ ကျောင်းသားလေးတွေရဲ့ အနာဂတ် တိုင်းပြည်ရဲ့အား ဖြစ်တယ်။ သူတို့လေးတွေ ပညာတတ် ဖြစ်လာလို့ ရှိရင် ကျွန်မတို့ တိုင်းပြည်အတွက် တဖက်တလမ်းမှ အထောက်အကူ ပြုနိုင်လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းရတာ ဖြစ်ပါတယ်။ ကျောင််းဖွင့်တဲ့ အခမ်းအနားနဲ့ တစ််ခါတည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်းတွင် ကျောင်းသားများလက်ခံရန် မြို့နယ် ပညာရေးမှူးရုံးကို တင်ထားသည့် အရေအတွက် စာရင်းထက် ကျောင်းသား အရေအတွက် ပိုမို များပြားလာသည်ဟု သူမက ဆက်ပြောသည်။

“ ကျောင်းသား အရေအတွက်က ပြည်နယ် ပညာရေးဌာနကို တင်တဲ့အခါ ရ၅ ယောက်ဘဲ တင်ပါတယ်။ ကျောင်းဖွင့်လှစ်တဲ့အခါမှာတော့ ကျောင်းသားအရေအတွက်က ၁၃၀ ကျော် ဖြစ်သွားပါတယ်။ ကျွန်မတို့ ထင်ထားတာထက် ကျောင်းသားတွေ ပိုမို များပြားလာတာတွေ့ရတော့ ပိုပြီး ၀မ်းသာမိပါတယ်။”

၆၅ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး  တောင်ကုတ်မြို့နယ် ကင်း တောင်ကျေးရွာရှိ တွဲဘက် အထက်တန်းကျောင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့က ကျောင်းသူ ကျောင်းသားများ ကို NLD (တောင်ကုတ်) မှ ကျောင်သုံုး စာအုပ် စာတန်းများ လှူဒါန်းကာ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် အနေဖြင့် ကလေးငယ်များ ပညာရည်မြင့်မားရေး၊ ဒီမိုကရေစီ စိတ် ဓါတ် ရှင်သန်ထက်မြက်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူမက ပြောကြားသွား သည်။

Most read this week