စစ်တွေမြို့ မင်းဂံ ရပ်ကွက် တိုက်ခိုက်ခံရ

စစ်တွေမြို့ မင်းဂံ ရပ်ကွက် တိုက်ခိုက်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရှိ ရပ်ကွက်တချို့ကို မွတ်ဆလင် လူအုပ်စု တစ်ခုက  ယနေ့ ညနေပိုင်းတွင် ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။

minggan
ဗလီမှ အဆင်းတွင် ယခုကဲ့သို့ အုပ်စုလိုက် ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မင်းဂံ ဒေသခံတဦးက ယခုကဲ့သို့ပြောသည်။

“ ဖြစ်တာက ၂ နာရီကျော်ကျော်မှာဖြစ်တာပါ။ ဘင်္ဂလီတွေက မင်းဂံအကွက် ၁၁နဲ့ ၁၂ ကိုဝင်တာပါ။ အဲဒီကြားမှာ ပညာမဂ္ဂင်ကျောင်းဆိုတာ ရှိတယ်။ အဲဒီ ကျောင်းအနီးက ဗလီမှာ ဒီနေ့ သောကြာနေ့ဆိုတော့ ဗလီတက်လို့ အဆင်းမှာ ၀င်ရောက် တိုက်ခိုက်တာ  ဖြစ်ပါတယ်” ဟု ပြောသည်။

မင်းဂံအကွက် ၁၁ ဘက်မှ တက်လာသည့် လူအုပ်မှာ ၁၀၀ ခန့်နှင့် အကွက် ၁၂ ဘက်မှ တက်လာသည့် လူ လုပ်မှာ ၁၀၀ ရှိပြီး အကွက် ၁၀ ဘက်မှလည်း ၅၀ ခန့်ရှိသည်ဟု မျက်မြင်များက ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလီများ လူအုပ်နှင့်ဝင်လာသည့်အတွက် လုံခြံုရေး ယူထားသော လုံထိန်း တပ်ဖွဲ့မှ သေနတ် ပစ်ဖောက် ဟန့်တားခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် အခင်း ဖြစ်ပွားရာသို့ နယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီး  ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဖြစ်ပွားခဲ့သည့် ဆူပူမှုတွင် ထိခိုက်ဒဏ်ရာရသူတချို့ရှိသော်လည်း အသေးစိတ်ကို မသိရှိရသေး ကြောင်း ဒေသခံများက ပြောသည်။

စစ်တွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တိုက်ခိုက်မူ ဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း ပြောကြားပြီး ထိခိုက်ဒဏ်ရာ ရသူ ရှိမရှိကို မသိရှိရသေးကြောင်း ပြောကြားသည်။

Most read this week