ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ

ကျောက်ဖြူတွင် သောက်ရေကန် အဆိပ်ခတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂြင်းကြီးအုပ်စု ကပိုင်ချောင်းကျေးရွာရှိ သောက်ရေကန် နှစ်ကန်ကို မသမာသူ များမှ အဆိပ်ခတ်သွားကြောင်း သိရှိရသည်။

အဆိုပါ အဆိပ်ခတ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း ကပိုင်ချောင်းကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။

“ ဘယ်သူခတ်သွားတယ် ဆိုတောတော့မသိဘူး။ ဒီနေ့မနက်က ငါးတွေသေနေတာတွေ့ရပါတယ်။ လူတွေ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒီနေ့ ကျောက်ဖြူက ဆရာဝန်တွေ စစ်ဆေးဖို့လာမယ်လို့ ပြောတယ်။”

ယခုအခါ ကပိုင်ချောင်းကျေးရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ် နေကြောင်းလည်း သူမကဆက်ပြောသည်။

“ ဒီမနေ့မနက်က ရဲတွေရောက်တယ်။ ကျောက်ဖြူက ဆရာဝန်ကြီးတွေ မရောက်သေးတဲ့အတွက် ဘာမှမ လုပ်ကြသေးဘူး။ ရွာသားတွေကို စစ်ဆေးမေးမြန်းတာလည်း မရှိသေးဘူး။ မွတ်ဆလင် လူမျိုး နှစ်ဦးကိုတော့ ရွာက လူတွေ သံသယ ရှိနေကြတယ်။ ဆရာဝန်တွေ အလာကို စောင့်နေကြ တယ်။”

ကပိုင်ချောင်းကျေးရွာမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် အထက်တန်းကျောင်း ရှေ့တွင် တည်ရှိသည့် တရာတန်ကို မသမာသူများက အဆိပ်ခတ်ခဲ့သည်။

Most read this week