မြေပုံ တစ်ရာတန်ကန် အဆိပ်ခတ်ခံရ၍ ငါးများ သေဆုံး

မြေပုံ တစ်ရာတန်ကန် အဆိပ်ခတ်ခံရ၍ ငါးများ သေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်ရှိ မြို့သူ မြို့သားများ အသုံးပြုနေသော တစ်ရာတန်ကန် အဆိပ်ခတ်ခံရပြီး ငါးများ သေဆုံးနေကြောင်း သတင်း ရရှိသည်။

“ ဒီကနေ့ နံနက် ၁၀ နာရီခန့်က ငါးတွေ သေနေတာကို တွေ့ရတယ်။  အခုတော့ သက်ဆိုင်ရာက အဲဒီကန် ကို ပိတ်ထားလိုက်ပါပြီ။ အသုံးမပြုရတော့ဘူးလို့ ဆိုပါတယ်။ ငါးတွေ သေနေတာကိုလည်း  ကျန်းမာရေး ဘက်က လူတွေ စစ်ဆေးနေပါတယ်” ဟု မြေပုံဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တစ်ရာတန်ကန်မှာ မြေပုံမြို့ သဲတန်းနှင့် တရုတ်တန်းရပ်ကွက် အကြားတွင် တည်ရှိပြီး အထက်တန်း ကျောင်း ရှေ့တွင် ဖြစ်ကြောင်း သိရသည်။

“ အခုလို ငါးတွေ သေနေတဲ့ အတွက် ဘင်္ဂလီ မွတ်ဆလင်တွေက လုပ်တယ်ဆိုပြီး သံသယတွေ လည်း ရှိနေကြတဲ့အတွက် ဒီသတင်းကို စကြားတဲ့ အချိန်မှာ မြို့ပေါ်မှာတော့ ရုတ်ရုတ် ဖြစ်သွားတယ်။ ဒါပေမယ့် လုံခြံုရေး တပ်ဖွဲ့ဝင်တွေက အချိန်မီ ထိန်းထားလိုက်နိုင်ပါတယ်။ မွတ်ဆလင်တွေက လုပ် တယ်လို့ ဆိုပေမယ့်  ဘယ်သူကမှ မြင်တာ မဟုတ်တဲ့ အတွက်  သံသယကြောင့် ပြဿနာတွေ မဖြစ်ဖို့ မြို့ကလူကြီး တွေက ပြောနေတာတွေလည်း ရှိပါတယ်” ဟု သူက ဆက်ပြောသည်။

မြေပုံ မြို့ပေါ် ရပ်ကွက် တစ်ခု ဖြစ်သော တောင်ပေါ် ရပ်ကွက်တွင် မွတ်ဆလင်များ နေထိုင်ကြပြီးယခု သတင်းကြောင်း သူတိုု့ အကြားတွင်လည်း စိုးရိမ်မူများလည်း ရှိနေကြောင်း သိရသည်။

သို့သော်လည်း အခြေအနေကို တည်ငြိမ်အောင်၊ တစ်စုံတစ်ရာ ပြသနာ မဖြစ်ပွားရအောင် တာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများက ထိန်းသိမ်းနေကြောင်း သိရသည်။

Most read this week