တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ကမြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးပြီး နောက် ပိုင်း နယ်စပ်နေဒုက္ခသည်များ နေရပ်ပြန်လည်အခြေချရေးဖိအားပေးသည့်အနေဖြင့် စေတနာရှင် တချို့ကရိက္ခာ ထောက်ပံ့မှု များဖြတ်တောက်မှုအပေါ် အချိန်မတန်သေးဟူသည့် ဆွေးနွေးချက် တရပ်ပါ ဝင်သည့် Ethnic Conflicts, Refugees and Sanction ဟူသော လက်ရှိမြန်မာ၏ ပြောင်းလဲခြင်း၏ဆွေးနွေး ပွဲတရပ်ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို ဂျွန်လ ၁၄ ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များအား နေရပ်ပြန်စေရန် အစာရေစာနှင့် အထောက်အပံ့များ ထောက်ပံ့မှုရပ်ဆိုင်းလိုက်သည်မှာ အချိန်မတန်သေးကြောင်း ထိုင်း မြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှ Mr. Duncan McArthur က တက်ရောက် သူလူထု ၁၀၀ ကျော်အား ပြောသည်။
“ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ဘာတွေလိုအပ်သလဲဆိုတော့ (၁) တိုင်းရင်းသားနယ်မြေထဲကို အင်အားဖြည့် တိုးချဲ့ချလာ တဲ့မြန်မာစစ်တပ်တွေ တပ်ဆုတ်ပေးရမယ်။ (၂) ဒုက္ခသည်တွေပြန်လည် အခြေချတဲ့နေရာမှာ ကူညီ ထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်း ရှိရမယ်။(၃) လက်နက်ကိုင်တပ်ဖွဲ့တွေ အပစ်ရပ်သဘောတူညီချက် တွေအတိုင်း လိုက်နာရမယ့် စည်းမျဉ်းရှိရ မယ်။ (၄) ဒုက္ခသည်တွေပြန် လည်နေရာချတဲ့နေရာတွေမှာဘယ် အဖွဲ့ အစည်းမဆို ဝင်ရောက်လည်ပတ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေရှိရ မယ်။ (၅) တပြည်လုံးဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်တွေရှိ ရမယ်။ (၆) တရားဥပဒေ စီရင်ရေးမှာ ပြုပြင် ပြောင်းလဲရေးရှိရမယ်။ ဒီဟာတွေမရှိ သေး ဘဲနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် ဘာမှထူးမှာမဟုတ်ဘူး။ ဒုက္ခသည် စခန်း ကိုဘဲ ပြန်ပြေးလာကြ ဦးမှာဘဲ” ဟု Mr. Duncan McArthur က ပြောသည်။
အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍လည်း- အပစ်ရပ်ပြီးနောက်ပိုင်း မြန်မာစစ်တပ် များ တပ်ဆုတ်မှုမရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားပစ်ခတ်မှုလျော့ပါးသွားသည်ဟု ဆိုနိုင်ကြောင်း၊ ထို့အပြင် အပစ်ရပ်တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့ အတော်အသင့်ဆက်သွယ်၊ တွေ့ဆုံ၊ ဆွေးနွေးနိုင်ကြသည်ကိုကြည့် ခြင်းအားဖြင့် အကောင်းဖက်ပြောင်းလဲမှုကို အနည်းငယ် တွေ့နေရ ကြောင်း၊ သို့သော် ဤအချက်အနည်းအကျဉ်းကိုမြင်ကာ စေတနာရှင်တချို့နှင့် အစိုးရတချို့က ဒုက္ခသည်များ အား ရိက္ခာဖြတ် နေရပ်ပြန်ပို့ရန်စီစဉ်နေကြသည့်အချက်မှာတော့ အခက်အခဲတခုဖြစ်နေကြောင်း ၎င်းက ဆက် လက်ပြောပြသည်။
သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ Sunai Pasuk ကမူ ထိုင်းနိုင်ငံမှကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံအရ မြန်မာနိုင်ငံအစိုးရသည် စစ်တပ်နှင့်မကင်းကွာသဖြင့် စစ်တပ်မှအာဏာမသိမ်းတော့ဟု မဆိုနိုင် သေးကြောင်း၊ အလားတူ မြန်မာနိုင်ငံအစိုးရမှ အာမခံချက်မပေးနိုင်သည့်အချက်များစွာရှိနေသေးကြောင်း ထောက်ပြသည်။
မသေချာသည့်အချက်များအနက် မြန်မာအစိုးရက အာမခံချက်၊ အပေးအယူ (Benchmark များဖြစ်သော ဥပမာ- နိုင်ငံရေး အကျဉ်းသားများကျန်ရှိနေသေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရသေးခြင်း၊ စီးပွါးရေး လုပ်ငန်းများနှင့် ပတ်သက် သည့် ကြည်လင်မှု ((Transparency) မရှိသေးခြင်း၊ ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ တိုင်းရင်းသားများ အပေါ် ထိုးစစ်ဆင်မှုများရှိ နေသေးခြင်း) တို့ကြောင့် ပြည်ပစီးပွါးရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံထဲသို့ အဆောတလျင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်နေခြင်းမှာ မသင့်လျော် သေးကြောင်း - အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပါသည်။
Mr. Duncan McArthur နှင့် Sunai Pasuk တို့အပြင် KNU ၏ ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘောနှင့် သျှမ်းသံ တော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းတို့လည်း မြန်မာနိုင်ငံ၏ပြောင်းလဲရေးနှင့်ပတ်သက်သောအချက် အလက်များ ပြောခဲ့ကြ သည်။
“ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တဖက်တလမ်းကနေ အထောက်အကူပေးနိုင်မှာက Democratic Federalism” ဒီမိုကရေစီကျသော ပြည်ထောင်စုစနစ် မူဝါဒဘဲဖြစ်တယ်” ဟု ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘော ကပြောသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းကမူ - မြန်မာနိုင်ငံအစိုးရ၏ ဥပဒေပြုအမတ်များအား ဂျာမနီ ၊ ဩစတြေးလီးယား နှင့် အင်ဒိုနီးရှား နိုင်ငံသို့ ဥပဒေပြုစနစ် လေ့လာရန်ဖိတ်ခေါ်ခြင်းခံရသကဲ့သို့ Federalism အား ခွဲထွက်ရေးအဖြစ် လွဲမှားနားလည်နေကြသည့် မြန်မာပြည်သူလူထုအား Federalism အကြောင်းလေ့လာရန် အမေရိကန်၊ ဂျာမနီ၊ ဆွိစ်ဇာလန် နှင့် ဩစတြေးလီးယား နိုင်ငံစသည်များက ဖိတ်ခေါ် သင့်ကြောင်း ပြောဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးဟောပြောရေးဖြစ်မြောက်ရေး အစီအစဉ်အတွက် ချင်းမိုင်တက္ကသိုလ် သိပ္ပံဌာနမှ The Regional Center for Sustainable Development (RCSD)နှင့် The Best Friend Library တို့ ကမ ကထပြုပါသည်။