ဒေါ်အောင်ဆန်းစုကြည် ညအိပ်ခရီး သွားရောက်နေထိုင်မည့် ၀ါးသင်္ခကျေးရွာရှိ နေအိမ်တွင် ဒေသခံ ကရင်လူငယ် ၃၀ဦးက ယနေ့ လုံခြံုရေး တာဝန်ယူထားသည်။
“အန်တီနေမကောင်းလို့ နောက်ပြီး သူတည်းမယ့် အိမ်တစ်ခုထဲအတွက် မဟုတ်ဘူး။ သူသွားတဲ့နေရာမှာ နှုတ်ဆက်သူတွေ လမ်းတစ် လျှောက်လုံး လမ်းမပိတ်အောင် မီဒီယာတွေက ပိတ်ပြီး ဓါတ်ပုံရိုက်တာတွေ မရှိအောင် တာဝန်ပေးထားတာလို့ သိရတယ်”ဟု ရွေး ကောက်ပွဲ စောင့်ကြည့်သည့် သတင်းထောက်တစ်ဦးက ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် ဧပြီလ(၁)ရက်နေ့အမှီ ယနေ့ ညနေ(၄)နာရီတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(NLD)ရုံးချုပ်မှ အိမ်ထောင်စုစာရင်းဝင်ထားသည့် ကော့မှူးမြို့နယ်သို့ ထွက်ခွာခဲ့ပြီး ယနေ့ညတွင် ၀ါးသင်္ခနေအိမ်၌ ညအိပ်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအရေး အလေးအနက်ထားသည့်အနေဖြင့် ကော့မှူးမြို့နယ် ၀ါးသင်္ခကျေးရွာရှိ ဆင်းရဲနွမ်းပါး သည့် မိသားစုထံတွင် အိမ်ထောင်စုစာရင်းဝင်ကာ ရွေးကောက်ပွဲဝင်ပြိုင် ခြင်းဖြစ်သည်ဟု ပြောထားသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒေါ်အောင်အောင်ဆန်းစုကြည်နှင့် ၀င်ရောက်ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ်လောင်း များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုးမင်းနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီ ဖြစ်သည်။