ကင်းတားဆည် ရေလွှဲမြောင်း ကျိုးသဖြင့် ကျေးရွာများ ရေနစ်မြုပ်

ကင်းတားဆည် ရေလွှဲမြောင်း ကျိုးသဖြင့် ကျေးရွာများ ရေနစ်မြုပ်
by -
မေကျော်
မန္တလေးတိုင်း မြစ်သားမြို့နယ်အတွင်း တည်ဆောက်ထားသည့် ကင်းတားဆည်၏ လက်ဝဲ ရေလွှဲမြောင်းသည် ယခုလ ၁၆ ရက်နေ့က ကျိုးပေါက်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ ရေနစ်မြုပ်ခဲ့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မန္တလေးတိုင်း မြစ်သားမြို့နယ်အတွင်း တည်ဆောက်ထားသည့် ကင်းတားဆည်၏ လက်ဝဲ ရေလွှဲမြောင်းသည် ယခုလ ၁၆ ရက်နေ့က ကျိုးပေါက်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ ရေနစ်မြုပ်ခဲ့သည်။    

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်၏ ရေလွှဲမြောင်း ကျိုးပဲ့ရာမှ ကျေးရွာများ ရေလွှမ်းစေခဲ့ခြင်း ဖြစ်သည်။   

ရေအမြင့် ၄ ပေကျော် လွှမ်းသွားသဖြင့် ရွာလမ်းများ ပျက်စီးကာ ဆက်သွယ်ရေး ပြတ်တောက်နေသည်။   

ယင်းကြောင့် ရေလွှမ်းမိုးမှုအပြီး ၃ ရက်အကြာ ယနေ့မှသာ ကယ်ဆယ်ရေးများ စတင်ဝင်ရောက်နိုင်ကြသည်။    

ရေနစ်မြုပ်သည့် ရွာများသို့ မြစ်သားဘက်မှ ထမင်းထုပ်များ၊ ဆန်အိတ်များကို ပေးပို့နေပြီဖြစ်ကာ ပျက်စီးဆုံးရှုံးမှုကို အသေးစိတ် မသိရှိရသေးပါ။   

“ဒီနေ့ စပြီး ဆန်အိတ်တွေ ပို့နေတယ်။ ရွာတွေ အထိတော့ မရောက်သေးဘူး။ ဆန်အိတ်တွေတော့ ထွေလာဂျီ ၃ စီးနဲ့ ပို့နေတယ်။ ပို့နိုင်တဲ့ ရွာတွေတော့ ပို့နေတယ်။ တချို့ရွာတွေ ဝင်လို့ မရသေးဘူး” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။    

တနေ့တည်းမှာပင် မြစ်သားမြို့နယ်အနီးရှိ  နွားထိုးကြီးမြို့နယ် ညောင်ပင်ရွာမှ သုံးစွဲသည့် ရေကန်လည်း ကျိုးပဲ့ပျက်စီးခဲ့ရကြောင်း သိရသော်လည်း မည်သို့ကြောင့် ယခုလို ဖြစ်ရသည်ကို မသိရသေးပေ။    

ယင်းရေကန် ကျိုးပေါက်သဖြင့်လည်း နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ ရေလွှမ်းခဲ့သည်။ လမ်းများ ပျက်စီးသွားသဖြင့် မြို့နယ်အတွင်းမှ ကျေးရွာများအတွက် ကယ်ဆယ်ရေးများ မဝင်ရောက်နိုင်သေးပါ။    

ယခုကျိုးပေါက်သည့် ကင်းတား လက်ဝဲရေလွှဲမြောင်းမှာ ၁၉၈၅ ခုနှစ်တွင် ဖွင့်လှစ််ခဲ့သည့် ကင်းတား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလွှဲမြောင်းမကြီးတခု ဖြစ်သည်။

Most read this week