စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင် ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ ကို ဖတ်ကြားပြသွားခဲ့ရာ အောက်ပါအတိုင်း ဖြစ်သည်။
ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ။
(၁) ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းအား သုံးသပ်ချက် အစီရင်ခံစာ၊ စည်းရုံးရေး အစီရင်ခံစာနှင့် နိုင်ငံရေး အစီရင်ခံစာများကို ဆွေးနွေး သုံးသပ်ကြပြီးနောက် အတည်ပြုကြောင်း သဘောတူ ဆုံးဖြတ်သည်။
(၂) အဖွဲ့ချုပ်၏ လက်ရှိ ရပ်တည်ချက် (၄) ရပ်ကို အခြေခံ၍ တင်ပြထားသော နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရေး ဆက်လက်ကြိုးပမ်းရန် သဘောတူ ဆုံးဖြတ်သည်။
(၃) တိုင်းပြည်အကျိုးကို ရှေ့ရှုလျက် အဆုံးပေးနိုင်မည့် ခေါင်းဆောင်များ၏ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားရှိသော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူ ဆုံးဖြတ်သည်။
(၄) အဖွဲ့ချုပ်၏ နိုင်ငံရေး ရည်ရွယ်ချက်ကို ပြည်သူလူထုက တစ်ခဲနက် ထောက်ခံမှု ရရှိရေးအတွက် စည်းရုံးရေး လုပ်ငန်းများအား အရှိန်မြှင့် ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်သည်။
(၅) နောင်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စကို နိုင်ငံရေး အစီရင်ခံစာတွင် ဖော်ပြထားသော ရပ်တည်ချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်သည်။