ဟားခါးမြို့ Zion ဘုရားကျောင်း ဝန်ထမ်းအိမ်ယာအား စစ်ကောင်စီတပ်ဖွဲ့ဝင်ကဝင်စီး၍ ခုနစ်ဦးကိုဖမ်စီးသည့်အပြင် ပြည်တော်သာရပ်ကွက်တွင်လည်း သေနတ်များပစ်ဖောက်ခဲ့

ဟားခါးမြို့ Zion ဘုရားကျောင်း ဝန်ထမ်းအိမ်ယာအား စစ်ကောင်စီတပ်ဖွဲ့ဝင်ကဝင်စီး၍ ခုနစ်ဦးကိုဖမ်စီးသည့်အပြင် ပြည်တော်သာရပ်ကွက်တွင်လည်း သေနတ်များပစ်ဖောက်ခဲ့
by -
Salai Benezer (KMG)

ချင်းပြည်နယ် ဟားခါးမြို့ရှိ Zion နှစ်ခြင်းအသင်းတော်၏ ဝန်ထမ်းအိမ်ယာအား စစ်ကောင်စီမှ ယနေ့ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်ခုနစ်ဦးအား ဖမ်းစီးသွားသည့်အပြင် ညပိုင်းတွင်လည်း ပြည်တော်သာရပ်ကွက်အတွင်း သေနတ်များပစ်ဖောက်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်မှ ယနေ့ညနေပိုင်းတွင် Zion နှစ်ခြင်းအသင်းတော်၏ ဝန်ထမ်းအိမ်ယာအား ဝင်ရောက်စီးနင်းခဲ့ပြီး သင်းအုပ်ဆရာ Rev. Than Thio ၏ ကလေးနှစ်ဦး မူကြိုဆရာမ Sayamah Tawk ၏ ကလေးနှစ်ဦးနှင့် အနီးအနားမှ လူသုံးဦး စုစုပေါင်း ခုနစ်ဦးအား အကြောင်းအရင်း မသိရဘဲ ဖမ်းဆီးသွားကြောင်း သိရသည်။

 

“ညနေက ခုနစ်ယောက်ဖမ်းခံရတယ်။ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်တဲ့။ ဘာအတွက်ဖမ်းတာလည်းတော့ မသိရဘူး။ စစ်သင်တန်းတက်တဲ့သူရှိတဲ့ဆိုပြီး လိုက်ရှာတာလို့လည်းကြားတယ်။ ပြီးတော့ ညပိုင်းမှာလည်း ပြည်တော်သာရဲစခန်းနားလိုက်မှာ သေနတ်သံတွေလည်း ကြားရတယ်လို့ အဲနားနေတဲ့သူတွေကပြောတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

 

ဟားခါးမြို့ ညပိုင်းပစ်ခတ်မှုမှာ ပြည်တော်သာရပ်ကွက်တွင် ပစ်ခတ်ခဲ့ပြီး တစ်ခါပစ် ခြောက်ချက်နှုန်းဖြင့် လေးကြိမ်ခန့် ပစ်ခတ်သံကြားရကာ Drone ပြန်သန်းသည်ကိုလည်းတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

ယခုရက်ပိုင်း ဟားခါးမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ပြီး လှည့်လည်မှုများရှိကာ သေနတ်များလည်း မကြာခဏဖောက်လေ့ရှိကြောင်း သိရသည်။

June 30, 2021
Kachin Independence Army (KIA) attacked the 21st-mile gate in upper Mayan village at the...
June 30, 2021
Anti-coup protests continue in Haungpar village-tract in Hpakant Township in Kachin State...
June 30, 2021
Universities will start receiving the enrollment of students for distance education for the 2021...
June 29, 2021
At least seven vaccinated persons are among more the 100 newly-infected persons in Arakan State...