မိုးညှင်းရှိ တက္ကသိုလ်နှင့် ကောလိပ်တို့တွင် စစ်တပ်က တပ်စွဲ

မိုးညှင်းရှိ တက္ကသိုလ်နှင့် ကောလိပ်တို့တွင် စစ်တပ်က တပ်စွဲ
by -
Sai Si Kham (Shan Ni)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ မိုးညှင်းတက္ကသိုလ်နှင့် မိုးညှင်းအစိုးရနည်းပညာကောလိပ်တို့တွင် မတ် ၇ ရက် မနတ် ၅ နာရီခန့်မှစ၍ စစ်တပ်က တပ်စွဲထားကြောင်း မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

“ကျွန်တော်တို့ တက္ကသိုလ်ရော မိုးညှင်းအစိုးရ နည်းပညာကောလိပ်ရော ဒီနေ့မနက်ကပဲ စစ်တပ်က လာရောက်စခန်းချထားတာတွေရှိတယ်” ဟု မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

မိုးညှင်းတက္ကသိုလ်သို့ စစ်တပ်ကတပ်စွဲရန် ကြိုးစားနေကြောင်းကို မိုးညှင်းတက္ကသိုလ်ကျောင်း သားသမဂ္ဂမှ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ပြောဆိုခဲ့ပြီးထိုအခြေအနေကြောင့် တက္ကသိုလ်များတွင် CDM ပြုလုပ်နေသည့် ဆရာ/ဆရာမများနှင့် ၀န်ထမ်းများကို ကြိုတင်အပြင်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်တွင် ဆရာ/ဆရာမ နှင့်၀န်ထမ်း ၈၉.၃၃ ရာခိုင်နှုန်းသည် CDM ပြုလုပ်နေပြီး ယင်းတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ်ဖေဖော်ဝါရီ ၁၇ ရက်ကကြေညာခဲ့ပြီး မိုးညှင်းအစိုးရနည်းပညာ တက္ကသိုလ်တွင် ဆရာ/ဆရာမနှင့်၀န်ထမ်း ၇၆.၂၅ ရာခိုင်နှုန်း CDM ပြုလုပ်နေကြောင်းနှင့် ၎င်းနည်းပညာတက္ကသိုလ်ကိုလည်း CDM တက္ကသိုလ်အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်က ကြေညာကြောင်း သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် မိုးညှင်းမြို့တွင် စစ်အားဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများမြင့်တက်ခဲ့ပြီး တက္ကသိုလ်ကျောင်းမှ ဆရာ/ဆရာမများအပါအ၀င် ပညာရေး၀န်ထမ်းများ၊ ကျမ်းမာရေး၀န်ထမ်းများ၊ မီးရထား၀န်ထမ်းများ၊ လျှပ်စစ်၀န်ထမ်းများ၊ ပုဂ္ဂလိကဘဏ်၀န်ထမ်းများနှင့် ဒေသခံပြည်သူများက သပိတ်မှောက်မှုများကို နေ့စဉ်ပြုလုပ်လျက်ရှိကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း သပိတ်ဖြိုခွင်ခံရမှု မရှိသေးကြောင်းသိရသည်။

June 30, 2021
Kachin Independence Army (KIA) attacked the 21st-mile gate in upper Mayan village at the...
June 30, 2021
Anti-coup protests continue in Haungpar village-tract in Hpakant Township in Kachin State...
June 30, 2021
Universities will start receiving the enrollment of students for distance education for the 2021...
June 29, 2021
At least seven vaccinated persons are among more the 100 newly-infected persons in Arakan State...