ကယားပြည်နယ်မှ NLD ကိုယ်စားလှယ်များ ဗဟိုညွန်ကြားချက်မရသော်လည်း အမှိုက်များ ကောက်သွားမည်

ကယားပြည်နယ်မှ NLD ကိုယ်စားလှယ်များ ဗဟိုညွန်ကြားချက်မရသော်လည်း အမှိုက်များ ကောက်သွားမည်
by -
ထျိုးမြာ
ထျိုးမြာ — ဖရူဆိုမြို့နယ်ရှိ ကိုယ်စားလှယ်လောင်းများသည် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် အမှိုက်များ ကောက်သွားရန်အစီအစဉ်ရှိသည်ဟု ဖရူဆိုမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာမှ အနိုင်ရရှိခဲ့သော  ဦးပဲ့ဒူ ကBNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ဦးပဲဒူက“ အမိုက်ကောက်ဖို့အစီစဉ်ရှိပါတယ်။ ကိုယ်စားလှယ်တွေ့နဲ့ပြောကြတယ်လေး။ ကျွန်တော်တို့က ခေါင်းဆောင်က ပြောလိုက် တဲ့စကားတစ်ခုက်ိုလိုက်ပြီး ဆောင်ရွက်ရမှာပေါ့” ဟု သူကပြေသည်။

အမိုက်ကောက်ရာတွင် ပါတီကိုယ်စားလှယ်လယ်လောင်းများမှ စုစည်း၍ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပြသွားမည်ဖြစ်သည်ဟုသတင်း ရရှိသည်။

“ အခုလောလောဆယ်တော့ ပါတီဝင်ကနေစရမှာပေါ့ ပြည်သူတွေကတော့ အစိမ်းသက်သက်ပါ ကျွန်တော်တို့ပါတီဝင်တွေက စုစည်းပြီး ကိုယ်တိုင်ဦးဆောင်လုပ်ပြရမှာပေါ့ ပြည်သူတွေကောက်နိုင်သလို ကျွန်တော်တို့လည်းကောက်နိုင်ရမှာပေါ့” ဟု ၄င်းကပြောသည်။

အမိုက်ကောက်ရန်အတွက် စည်ပင်ကို အကြောင်းကြားရန်မစဉ်းစားရသေးကြောင်းလည်းသိရသည်။

“အမှိုက်ကောက်ဖို့က  စည်ပင်ကိုလည်း တိုင်ကြားဖို့ အခုချိန်ထိတော့ မစဉ်းစားသေးပါဘူး။ ဘာဖြစ်လည်းဆိုတော့ ညှိကောင်းလည်းညှိမှာပေါ့ စည်ပင်ကပါဝင်ပေးမယ်ဆိုရင်တော့ပိုကောင်းတာပေါ့” ဟု သူကဆက်ပြောသည်။

မည်သည့်ညွန်ကြားချက်မှ မရသေးသော်လည်းရက်သတ်မှတ်၍ အမှိုက်ကောက်သွားမည်ဆိုပါက ပူးပေါင်ပြီးဆောင်ရွက်သွားမည်ကိုလည်း ဒီးမော့ဆိုမြို့နယ်မှ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးဘောစကို ကရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

“ကျွန်တော်တို့ကတော့ ဘာညွန်ကြားချက်မှတော့ မရသေးဘူး လောလောဆယ်တော့ ဘာမှ မကြားထားသေး ဘူး။ ဒါပေမဲ့ ရက်သတ်မှတ်မယ်ဆိုရင်တော့လုပ်ရမှာပဲလေး လုပ်သွားဖို့အစီစဉ်ရှိတယ် ” ဟု ၎င်းကပြောသည်။

ထို့ပြင် အထက်မှ နိုးဆော်ထားခြင်း မရှိသေးသော်လည်း ကိုယ်ပိုင်အသိစိတ်ဖြင့်လုပ်သွားဖို့ အစီစဉ်ရှိသည် ဟု လွိုင်ကော်မြို့နယ် အမျိုးသားလွတ်တော်မှ ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်းက ပြောသွားသည်။

“ ကျွန်တော်တို့ကိုနိုးဆော်ထားတာတော့မရှိသေးဘူး။ ဒါပေမဲ့ ကိုယ့်အသိစိတ်နဲ့ကို လုပ်ဖို့တော့အစီစဉ်ရှိတယ်။ ညွန်ကြားချက်ရယ်လို့တော့ သီးသန့်မရှိဘူး ” ဟု သူကဆက်ပြောသည်။

 ဒီဇင်ဘာ (၁၂)ရက် (၁၃) ရက်တွင်အမှိုက်ကောက်ရန် အစီစဉ်ဆွဲထားကြပြီး ပါတီကိုယ်စားလှယ်များနှင့် ပါဝင်အင်အားဖြည့်ပေးမည့်သူများ ကိုယ်တိိုင်အမှိုက်ကောက်ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။

“ကျွန်တော်တို့က ပါတီကိုယ်စားလှယ်တွေကိုယ်တိုင်နဲ့ ပါဝင်အင်အားဖြည့်တဲ့လူတွေနဲပေါ့ ရပ်ကွက်ကို ညွန်ကြားပြီးလုပ်ဖို့တော့ မရှိပါဘူး ” ဦးဖြေရယ် ကပြောသည်။

စည်ပင်တွင် အကြောင်းကြားထားခြင်းမရှိသေးသော်လည်း နီးလျှင် အကြောင်းကြားသွားမည်ဖြစ်ကာ  အဓိကသည် စွန့်ပစ်ပစ္စည်းများကို ထိန်းသိန်းခြင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိန်းခြင်းရည်ရွယ်ချက်ဖြစ် သည်ဟု ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

“ ကိုယ်စားလှယ်လောင်းတွေ စံပြပုဂိုလ်တွေဖြစ်အောာင် ညွန်ကြားတဲ့သဘောပါ ကျွန်တော်တို့ ဒီလိုလုပ်လိုက် လို့ စည်ပင်ရဲ့တာဝန်ကို လုပ်ပေးလိုက်တယ်လို့ မစဉ်စားပါဘူး  သဘာဝပတ်ဝန်းကျင်ကို ထိန်းသိ်မ်းတဲ့ အနေနဲ့ ဆောင်ရွက် ရမယ်ဆိုတဲ့ အသိစိတ်နဲ့ပါ ” ဟု သူကပြောသွားသည်။

ကယားပြည်ရှိ NLD ကိုယ်စားလှယ်လောင်းများသည် လက်ရှိရွှေးကောက်ပွဲတွင် သုံးထားသော ကုန်ကျစရိတ် များကို စုဆည်းနေကြပြီး  လာမည့်ဒီဇင်ဘာ(၅)၇က်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပျဉ်းမနားမြို့တွင် တွေ့ဆုံရန်ရှိသည်ဟု ပြောသွားသည်။

အရည်အချင်းပြည့်မှီသော ကိုယ်စားလှယ်လောင်းများဖြစ်ရန် သင်တန်းများပေးလိမ့်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဆက်ဆံရာတွင် အဆင်ပြေနိုင်စေရန်လည်း အင်္ဂံလိပ်စာများကို ပြန်လည်လေ့လာထားရမည်ဟု ဥက္ကဌ မှ ညွန်ကြား ထားသည်ဟု  ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူ ကပြောသည်။

“အရည်အချင်း ပြည့်မှီတဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်ဖို့ သင်တန်းပေးလိမ့်မယ် စာမေးပွဲတွေဖြေလိမ့်မယ် နိိုင်ငံတကာနှင့် ဆက်ဆံတဲ့နေရာမှာ အထူးသဖြင့် English စာတွေကို ပြန်လေလာရမှာ လို့ ပြောထားပါတယ်” ဟု သူကပြောသွားသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...