ကယား(ကရင်နီ)ပြည်နယ်မှ အသုံးစရိတ်မတင်ပြနိုင်သော ကိုယ်စားလှယ်လောင်း ၁၀ ဦးကျန်ရှိ

ကယား(ကရင်နီ)ပြည်နယ်မှ အသုံးစရိတ်မတင်ပြနိုင်သော ကိုယ်စားလှယ်လောင်း ၁၀ ဦးကျန်ရှိ
by -
ထျိုးမြာ
ထျိုးမြာ — ၂၀၁၅ ရွှေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ထာပြိုင်ကြ သောကိုယ်စားလှယ်လောင်းများသည် ရွှေးကောက်ပွဲအပြီးကာလ ၌ ရွှေးကောက်ပွဲတွင် မိမိတို့အသုံးပြုထားသောကုန်ကျစရိတ်ငွေစာရင်းကိုသက်ဆိုင်ရာ ခရိုင်ရုံးတွင်တင် သွင်းရာ လွိုင်ကော်ခရိုင် အတွင်းရှိကို်ယ်စားလှယ်လောင်းများအနက် တင်သွင်းရန် ကိုယ်စားလှယ်လောင်းများကျန်ရှိနေသေးသည် ဟုလွိုင်ကော်ခရိုင်ရွှေးကောက်ပွဲအရာရှိ ဦးညီညီမင်းက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (၁၂၃)ဦးပဲရှိသေး တယ်။  (၁၀)ဦးလောက်က သူတို့့ရဲ့ ကုန်ကျစရိတ်စာရင်းကို လာမတင်ဘူး” ဟု ဦးညီညီမင်းကပြောသည်။

ငွေစာရင်းတင်သော ကိုယ်စားလှယ်လောင်းများသည် အနိုင်ရသောပါတီနှင့် အတွေ့အကြုံရှိပြီးသောပါတီများမှ လာရောက်တင်ထားကြပြီး အများအားဖြင့် ဒေသပိုင်းဆိုင်ရာပါတီများကျန်ခဲ့သည်ကိုတွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ နိုင်တဲ့ပါတီကတော့အားလုံးတင်ပါတယ်။ ကြံ့ခိုင်ရေးတွေကလည်းအတွေ့အကြုံရှိပြီး သားမို့လို့အားလုံးလာတင်တယ်။ကျန်တာတွေကတော့ဒေသပိုင်းတွေမှာ နည်းနည်း ကျန်ပါတယ်။ လာတင်ဖို့ကို ကျွန်တော်တို့ကတော့ ရွှေးကောက်ပွဲမတိုင်ခင်က တည်း ကပြောတယ်။ တစ်ချို့ကလည်းသိတယ် သိသိကြီးနဲ့ကို လာမတင်တဲ့လူလည်းရှိတယ်” ဟု သူကပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်ထားသော ကို်ယ်စားလှယ်လောင်းများသည် ရွှေးကောက်ပွဲ အပြီးတွင်ရုံးသည်ဖြစ်စေ၊နိုင်သည်ဖြစ်စေမိမိတို့၏ အသုံးစရိတ်များကိုတင်ရမည်ကို ဥပဒေတွင်ပြဌာန်းပြီးဖြစ်သည်ဟုသိရသည်။

ငွေစာရင်းတင်ရန်ပျက်ကွက်သော ပါတီကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွတ်တော်တွင် ဒီးမော့ဆိုမြို့နယ်မှ ရှမ်းတိုင်ရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ တစ်ဦး၊ ဖရူဆိုမြို့နယ်မှ အမျိုးသားတိုးတက် ရေးပါတီမှ တစ်ဦး ဖြစ်ပြီး၊ အမျိုးသားလွတ်တော်တွင် လွိုင်ကော်ခရိုင် အမှတ်(၁) မှ (၇) အထိသည် မဲဆန္ဒနယ်အမှတ်(၁)တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး  မဲဆန္ဒနယ်အမှတ်(၇)တွင် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ တစ်ဦး၊
ပြည်နယ်လွတ်တော်တွင် ဒီးမောဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ရှမ်းတိုင်ရင်းသားများဒီမိုကရေစီအဖွဲချုပ်မှ တစ်ဦး ၊ ကယန်အမျိုးသားပါတီမှ တစ်ဦး၊ ရှမ်းတောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် ကယားလူမျိုးစုဒီမိုကရေစီပါတီမှ တစ်ဦး ရှမ်းတောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကယားလူမျိုးစုဒီမိုကရေစီပါတီမှ တစ်ဦး၊ ရှမ််းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးစုစုပေါင်း(၁၀)ဦးရှိကြောင်းသိရသည်။

ကုန်ကျစရိတ်တင်သောသူများသည် စုစုပေါင်းမဲဆန္ဒရှင်မဲလာပေးသူ၏ရှစ်ပုံတစ်ပုံ ကျော်ရမှပြန်ရမည်ဟူ၍ကြားသောကြောင့် တင်လည်းမထူးဘူးဟုဆိုကာ လာမတင်သော ကိုယ်စားလှယ်လည်းရှိသည်ဟုလူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ အမျိုးသားလွတ်တော် ဦးရှေးဖဲက ပြောသည်။

“ သူ့ရဲအခက်အခဲကိုတော့ ကျွန်တော်တို့ကတိတိကျကျမသိပါဘူး။ တင်ထားတဲ့ သူတွေလည်း ပြန်ရမှာလား။ ပြန်မရဘူးလားဆိုတာ လည်း ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ လာမတင်လို့ရှိရင် အကျင့်ပျက်ကို်ယ်စားလှယ်အဖြင့်သတ်မှတ်မယ်ဆိုပြီးတော့ စာထွက်ထားတယ်။ ဒါကြောင့် တစ်ချို့ကတော့ အဲ့ဒါကိုသဘော ပေါက်ပြီးသွား တင်ကြတယ်။ တစ်ချို့ကြတော့လည်း ၂၀၂၀ ကြရင် ရွှေးကောက်ပွဲမှာ ဝင်မရွှေးတော့ပါ ဘူးဆိုပြီးတော့မတင်တော့တဲ့လူလည်းရှိတာပေါ့နော်” ဟု သူကပြောသည်။

ထိုသို့ငွေစာရင်းမတင်သောသူများသည် ၎င်းတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သဖြင့် မိမိတို့၏ ပါတီဝင်ဖြစ်သေးသော်လည်း ၎င်းဆန္ဒမရှိတော့ပဲနေ သွားလည်းဘာမှပြော၍ မရပါဟု ဦးရှေးဖဲကဆက်လက်ပြောသည်။  

ရွှေးကောက်ပွဲ၏ရလဒ်များကို  ပြည်နယ်မှကြေညာချက် နောက်ပိုင်းရက်ပေါင်း သုံးဆယ်ရက်အတွင်းကို သက်ဆိုင်ရာအမည်စာရင်း တင်သွင်းထားသော နေရာတွင် လာရောက်တင်သွင်းရမည်ဖြစ်ပြီး ထိုသို့လာရောက်တင်သွင်းခြင်းမရှိသောသူများကို သတ်မှတ်ထားသောဥပဒေအတိုင်း အရည်ချင်းကျန်ရစ်သူအဖြစ်ရုံးချုပ်ကိုပို့ကာ ရုံးချုပ်မှကြည့်ပြီး နိုင်ငံတော်ပြဌာန်းဖြင့်ကြေညာ သွားမည်ဖြစ်သည်ဟု ခရိုင် ရွှေးကောက်ပွဲအရာရှိက ဆက်လက်ပြောသွားခဲ့သည်။

“ကျွန်တော်တို့ကတော့ သူ့ရဲ့သတ်မှတ်တဲ့ပုံစံအတိုင်းကို ဒီလူတွေကတော့တင် တယ်မတင်ဘူးဆိုပြီး ဒါဟာအရည်အချင်းကျန်ရစ်သူ အဖြစ်သတ်မှတ်သင့်ကြောင်း ရုံးချုပ်ကိုပို့ရပါတယ်။ သူတို့ ကကြည့်ပြီးတော့မှ မကြာသောကာလမှာ T.Vကပဲဖြစ်ဖြစ် သတင်းစာကဖြင့်ဖြင့့် အရည်အချင်း ကျန်ရစ်သူအဖြစ် နိုင်ငံတော့်ပြဌာန်း နဲ့တရားဝင် ကြေညာမှာပါ ” ဟု ၎င်းကပြောသည်။

ကိုယ်စားလှယ်လောင်းများသည်မလာကြသောကြောင့်မကြာခင်ကာလတွင် နိုင်ငံတော်ပြဌာန်းဖြင့်ကြေညာမည်ဖြစ်ပြီး ထိုသို့ ကြေညာခံရသောပုဂ္ဂိုလ်များသည် နောင်လာမည့်ကြားဖြတ်ရွှေးကောက်ပွဲကဲ့သို့သောကာလတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် ၎င်းတို့သည်အခွင့်အရေးဆုံးရှုံးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...