ဉာဏ်စွမ်းဉာဏ်စရှိသလောက် ပြည်သူတွေအတွက် အကြွင်းမဲ့ လုုပ်ပေးမယ်

ဉာဏ်စွမ်းဉာဏ်စရှိသလောက် ပြည်သူတွေအတွက် အကြွင်းမဲ့ လုုပ်ပေးမယ်
by -
ထျိုးမြာ
ထျိုးမြာ — “ဉာဏ်စွမ်း ဉာဏ်စ ရှိသလောက် ပြည်သူတွေအတွက် အကြွင်းမဲ့လုုပ်ပေးမယ်” လုုိ့ဆုုိတဲ့ ဖရူဆုုိမြို့နယ် ၊ အမျိူးသားဒီမုုိကရေစီအဖွဲ့အချူပ်ကနေ ပြည်သူ့လွှတ်တော်ကုုိယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၀င်ယှဉ်ပြိုင် အနုုိင်ရခဲ့တဲ့ ဦးပဲ့ဒူကုုိ ရွေးကောက်ပွဲသတင်းခန်းရဲ့ သတင်းထောက် ထျိူးမြာက တွေ့ဆုုံမေးမြန်းထားပါတယ်။

မေး။      ။ ဆရာတို့က အခု အနိုင်ရသွားပြီဆိုတော့ ရှေ့ဆက် ဘယ်လိုလုပ်သွားဖို့ စဉ်းစားထားလဲ။

ဖြေ။      ။  ရှေ့ဆက်က ပြည်သူတွေက ကျွန်တော်တို့ကို တာဝန်ပေးထားလိုက်ပြီဆိုတော့ ပြည်သူလူထု ခိုင်းတဲ့အလုပ်ကို ကျွန်တော်တို့က လုပ်ရတော့မှာ ။

မေး။      ။ ဆရာတို့ အနေနဲ့ လွတ်တော််ထဲရောက်ရင် တင်သွင်းပေးဖို့ စဉ်းစားထားတာရှိလား။

ဖြေ။      ။ ဟုတ်ကဲ့ ရှိပါတယ် ပြည်သူတွေတိုက်ပွဲမှာ အချင်းချင်း ပြန်လည်တိုက်ခိုက် နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်  တွေကြားမှာ သေဆုံးသွားတဲ့ လူတွေအတွက် နိုင်ငံတော်က နစ်နာကြေး ပြန်ပြီးတော့ စဉ်းစားပေးဖို့ ကျွန်တော်တင်သွင်းပေးဖို့ စဉ်းစားထားတယ် ။

မေး။       ။ ကယားပြည်နယ်အတွက် ဘာတွေစဉ်းစားထားလဲ။

ဖြေ။      ။ ကယားနဲ့ပတ်သက်လို့ကတော့ ကျွန်တော်က ပြည်သူတွေရွှေးချယ်ထားတဲ့ လူတစ်ယောက်ဆိုတော့ ဘယ်နေရာမှာ ဘာလိုအပ်တယ်ဆိုတာကို ပြည်သူတွေကြားမှာ အမှန်တရားကိုရှာမယ် ပြီးရင်လွှတ်တော်ထဲကို သွင်းပြပေးဖို့ စဉ်းစားထားတယ်။

မေး။     ။ ကယားပြည်နယ်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက်ကော ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲ ပေးဖုုိ့ စဉ်းစားထားလဲ။

ဖြေ။       ။  ဒါကတော့ ကျွန်တော်တို့ဦးဆောင်ပြီး ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ခေါင်းဆောင်ကောင်း ရှိတယ်ဆိုတော့ ဒေါ်ေအောင်ဆန်းစုကြည်ရဲ့ လမ်းညွန်မှုအောက်မှာ ကျွန်တော်တို့ ဘယ်လို လုပ်သင့်သလဲဆိုတာ အကြံဉာဏ် ပေးလိမ့်မယ်လို့ ကျွန်တော်ထင်တယ် သူ့ရဲလမ်းညွန်မှုနဲ့ ကျွန်တော်တို့က လုပ်ရမှာပဲလေ။

မေး။    ။ ဒီကယားပြည်နယ်ရဲ့ ဝေးလံခေါင်ပါးတဲ့ ဘက်မှာ အများအားဖြင့် ဘာလိုအပ်တယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ဝေလံခေါင်းပါးတဲ့ ဘက်မှာတော့ ပညာရေးတွေ လုုိအပ်မယ်။ ပြီးတော့ ရေလည်းတော်တော့ကုုိ လုုိအပ်မယ်လုုိ့ ထင်ပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အပါအဝင် ဒီသုုံးခုုကတော့ အဓိကလုုိအပ်တာပါပဲ။

မေး။    ။ ကျွန်မတို့ ကရင်နီ စာပေနဲ့ ပတ်သက်ပြီးတော့ကော ဆရာတို့အနေနဲ့ ထောက်ခံမှု ရှိလားရှင့်။
 
ဖြေ။     ။ ကရင်နီစာပေနဲ့ ပတ်သက်လို့ကတော့ ဘာပဲဖြစ်ဖြစ်ပေါ့လေ အသံထွက်တို့ဘာတို့ နဲ့ပတ်သက်လို့ အသင့်တော်ဆုံး ဆိုရင်တော့ ကျွန်တော်တို့ကတော့ လက်မခံနိုင်စရာအကြောင်း မရှိပါဘူး ။ ဒီတော့ ကျွန်တော်ကတော့ သင်ကြားပို့ချ ပေးတဲ့ဆရာကိုတော့ ပြောတယ် အဲဒီလမ်းက ပိုကောင်းတယ်ဆိုရင် ခင်များတို့ရှေ့ကနေ လျှောက်ပြရင် နောက်ကနေ ပြည်သူတွေလိုက်လာပါလိမ့်မယ်လို့ အဲလိုပဲ တွန်းအား ပေးလိုက်ပါတယ် ။

မေး။     ။ ကရင်နီစာပေအနေနဲ့ ကျောင်းတွေမှာ သင်ကြားခွင့် ရနိုင်မယ်လို့ ထင်လား။

ဖြေ။     ။ ကျောင်းတွေမှာ သင်ကြားခွင့် ရနိုင်မှာလား ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ခုတောင်မှ ဖွံ့ဖြိုးရေးတက္ကသိုလ် တွေမှာတောင် အဲ့ဒီစာပေနဲ့ စသင်ပေးနေတာပဲလေ။ အဲခါကြတော့ State ကျောင်း တွေမှာလည်း သင်ကြားပို့ချပေးမဲ့ ဆရာ/မတွေရှိရင်တော့ မသင်နိုင်စရာ အကြာင်းမရှိပါဘူး။

မေး။   ။ ဆရာလွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် ပထမဦးဆုံး ဆရာ့မဲဆန္ဒနယ်မြေထဲက လူတွေအတွက် ဘာတင်သွင်းပေးဖို့ စဉ်းစားထားလဲ။

ဖြေ။    ။ ကျွန်တော့်မဲဆန္ဒနယ်မြေထဲက လူတွေအတွက်ကတော့ စောစောကပြောတဲ့ စစ်ပွဲမှာ ကျရှုံးသွားတဲ့ သူတွေအတွက် နဲ့ကျန်ခဲ့တဲ့သူရဲ့မိသားစုတွေ အတွက် ပထမဆုံး တင်သွင်းပေးဖို့ စဉ်းစားထားပါတယ်။

မေး။     ။ ဆရာတို့အနေနဲ ဗမာတိုင်းရင်းသားတွေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဖို့ စဉ်းစားထားလဲ။

ဖြေ။     ။ သူတို့က ပူးပေါင်းမယ်ဆိုတော့ ကျွန်တော်တို့က လက်ကမ်းကြိုဆိုရမှာပဲလေး ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည်တစ်ခု အပြောင်းအလဲမှာ သူတို့ကိုယ်တိုင်က အစပေါ့လေ။ စိတ်အပြောင်းအလဲ ကူးပြောင်း လာခဲ့ပြီ ဆိုရင်တော့ ကျွန်တော်တို့က မပူးပေါင်းနိုင်စရာ အကြောင်းမရှိပါဘူး။

မေး။     ။ ဒီပြီးခဲ့တဲ့ ရွှေးကောက်ပွဲမှာ လွတ်လပ်ပြီး မျှှတမှုရှိတယ်လို့ ထင်ပါသလား။

ဖြေ။    ။  အတိုင်းအတာတစ်ခုအနေနဲ့ကတော့လက်ခံပါတယ် သိုသော်လည်းအနည်းကျင်းတော့ စီးရုံးရေး ဆင်းတဲ့နေရာမှာ သူ့ပါတီကိုယ့်ပါတီ ဆိုပြီးတော့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ တစ်ချို့ကတော့ တိုက်မိတာတို့ ချထိမိတာတို့ ရှိတာပေါ့လေ။ ဒါပေမဲ့ အဲဒါကလည်း သူ့ပါတီနိုင်ဖို့အတွက်ဆိုတော့  သူကြိုးစားမှာပဲလေလို့ အဲလိုပဲ ခံယူပေးလိုက်ပါတယ် ။

မေး။     ။ အခုအနိုင်ရသွားတဲ့အပေါ်မှာ ကျေနပ်အားရမှုရှိရဲ့လား။

ဖြေ။      ။ ကျွန်တော်ကျေနပ်ပါတယ် အစကတော့ ကြိုတင်မဲ စရေတွက်တဲ့ချိန်မှာ ကြိုတင်မဲတွေက အကုန်လုံး ပြည်ခိုင်ဖြိုး ဆိုတော့လေ မဲ(၃၃၅) မဲ မှာ ကိုယ်က ခြောက်မဲပဲရတယ် ဒါပေမဲ့ တစ်အောက် လောက်နေတော့ ရပ်ကွက်ထဲကို မေးကြည့်တော့ မဲတွေကိုပြန်လိုက်မှီတယ် ဒီတော့ နောက်လာမဲ့မဲ အတွက်ကတော့သိပ်ပြီးတော့   ပူစရာ မရှိတော့ဘူးပေါ့ ။

မေး။         ။ ဖြည့်စွက်ပြောချင်တာများရှိလား။

ဖြေ။         ။ ပြောချင်တာကတော့ ကိုယ့်ကိုပြည်သူတွေက တာဝန်ပေးလိုက်ပြီလေ။ ပြည်သူတွေဆီကိုလည်း ကျွန်တော်တို့က ပြည်သူတွေဆီမှာ အလုပ်လာလျှောက်တာပါဆိုတဲ့စကားနဲဖွင့်ခဲ့တာပါ အခုပြည်သူတွေကလည်း ကျွန်တော်တို့ကို အလုပ်ပေးပြီဆိုတော့လေး ပြည်သူတွေနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်တို့က ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကုန်လုံး ပြည်သူတွေအတွက်ကို အကြွင်းမဲ့ လုပ်ပေးပါ့မယ် ပြောချင်ပါတယ်။

အမည်                   - ဦးပဲ့ဒူ
အသက်                  - ၆၂
အလုပ်အကိုင်           - တောင်ယာ
ပညာအရည်အချင်း     - ဖွံ့ဖြိုးရေးသိပ္ပံဆင်း

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...