NLD နှင့် ပူးပေါင်းရန် အဆင်သင့်ရှိသည်ဟု ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ပြော

NLD နှင့် ပူးပေါင်းရန် အဆင်သင့်ရှိသည်ဟု ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ပြော
by -
ထျိုးမြာ
ထျိုးမြာ — ကယားပြည်နယ် တုုိးတက်ရန်အတွက် နေရာအများစုု ရရှိထားသည့် NLD ကုုိယ်စားလှယ် လောင်းများနှင့် လုုပ်ထုုံးလုုပ်နည်း လုုပ်ငန်း တာဝန်အတုုိင်း ကျရာအခန်းကဏ္ဍမှ ပူးပေါင်းကာ တာဝန်ထမ်းဆောင်သွားမည်ဟုု ဗမာတိုင်းရင်းသားရေးရာ ဦးလှမျိုးဆွေက BNI ရွေးကောက်ပွဲ သတင်းခန်း သို့ပြောသည်။

ဦးလှမျိုးဆွေသည် ပြည်ထောင်စုကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗမာတိုင်းရင်းသား ရေးရာ ကိုယ်စားလှယ်လောင်း ဖြစ်ပြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအရ  လွတ်တော်တွင် NLD ကိုယ်စားလှယ်များနှင့် ပူးပေါင်းရန် အသင့်ရှိသည်ဟု  ပြောသည်။

“လွတ်တော်မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို ကျင်းပတဲ့အခါမှာ ကျွန်တော့်ကို ဗမာတိုင်းရေးသားရေးရာဝန်ကြီးအရ လွတ်တော်က အပ်နှင်းထားတဲ့တာဝန်တွေကို သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်” ဟု ၎င်းကပြောသည်။

မိမိသည် ကယားပြည်နယ်အတွက် လောလောဆယ် စဉ်းစား ထားတာရှိ သော်လည်း အသေးစိတ် ချပြရန် မဖြစ်နိုင်သေးကြောင်း နှင့် ဗမာ့အရေးကိစ္စများ ကိုသာလျှင် ရှေ့တန်းတင် ဆောင်ရွက်မည် ဟူသော အယူအဆ မရှိပါကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ပါတီမဖွဲခင်အသင်းဘဝကတည်းကပင် လမ်း၊ ရေ၊ မီး၊ ပညာ၊ ကျန်းမာ ဟူသော ကိစ္စများကို အလေးထားဆောင်ရွက်ခဲ့ကြောင်းနှင့် ကယားပြည်နယ်အတွင်းတွင် ပညာရေး၊ ကျန်းမာရေး သည် အဓိကကျသည်ဟု လည်းပြောသည်။

“ ကယားပြည်နယ်အတွက် ပညာရေး၊ ကျန်းမာရေးကို ကျွန်တော်သာ ဆောင်ရွက်ခွင့်ရှိမယ်ဆိုရင် အဲဒါတွေကို အဓိကထားဆောင်ရွက်ပေးမှာပါ ” ဦးလှမျိူးဆွေ   ဆက်လက်ပြောကြားခဲ့သည်။

ထုုိ့အပြင် အနုုိင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်စိုးက မဟာမိတ် ဆက်ဆံရေး ပုုိင်းနှင့်ပတ်သတ်ပြီး အပေါ်မှချပေးထားသော လမ်းစဉ် အတိုင်းသာ သွားမည်ဟု ပြောသည်။

“ အဲဒီမဟာမိတ်ဆက်ဆံရေးပိုင်းတွေက အပေါ်ကချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ပဲသွားမှာပါ မဟာမိတ်ဆက်ဆံရေးပိုင်းတွေ ကိုတော့ ချမှတ််ပေးလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူအတွက်ကောင်းအောင် လုပ်ပေးမယ်ဆိုရင် လက်တွဲရမှာပဲ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပြည်သူအတွက်ပဲ အဓိက ဦးစားပေးလုပ်ပေးရမှာလေ ကျွန်တော်တို့ပြည်နယ် ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံလုံးအတွက်ပဲလေ ” ဟု သူကပြောသွားသည်။

ကယားပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အားလုံးပေါင်းခုနှစ် နေရာတွင်သာအနိုင်ရရှိသည်ဟုသိရသည်။
ရွေးကောက်ပွဲကော်မရှင်၏ ကယားပြည်နယ် နောက်ဆုံးအနိုင်ရရှိသည့် ကိုယ်စားလှယ်များကို ထုတ်ပြန်ရာတွင် ကယား ဘော်လခဲ USDP ၂၇၄၃ ၊ ကယား မယ်စဲ NLD ၁၆၁၆၊ ဘော်လခဲ ၁ ပြည်ခိုင်ဖြိုး ၂၄၆၃၊ ဘော်လခဲ ၂  ၉၃၉၊ ဒီမောဆိုး NLD ၁၉၆၃၁၊ ရှားတော NLD ၁၅၇၅၊ ဒီမောဆိုး ၁ NLD ၈၄၆၁၊ ဒီမောဆိုး ၂ NLD ၉၁၉၂၊ ရှားတော ၁ NLD ၈၀၄၊ ရှားတော ၂ NLD ရ၁၃၊ ကယား အမှတ် ၃ NLD ၈၁၆၊ ကယား အမှတ် ၄ NLD ၁၀၀၃၀၊ ကယား အမှတ် ရ NLD ၁၄၃၁၊ ကယား အမှတ် ၈ USDP ၁၆၃၆၊ ကယား အမှတ် ၉ ဦးစိုးသိန်း ၁၄၀၆၊ ကယား အမှတ် ၁၂ NLD ၁၄၇၃၊ ကယား လွိုင်ကော် ၁ NLD ၁၅၆၅၃၊ ကယား လွိုင်ကော် ၂ NLD ၁၄၆၄၃၊ ကယား ဖရူဆို ၁ NLD ၂၉၈၉၊ ကယား ဖရူဆို ၂ NLD ၂၇၈၀၊ ကယား ဖားဆောင်း ၁ USDP ၁၃၁၀၊ ကယား ဖားဆောင်း ၂ NLD ၁၄၂၃၊ ကယား လွိုင်ကော် NLD ၃၃၃၄၄၊ ကယား ဖရူဆို NLD ၆၃၆၃၊ ကယား ဖားဆောင်း NLD ၂၄၇၁၊ ကရင် သံတောင်ကြီး NLD ၁၃၂၄၇၊ ကယား မယ်စဲ့ ၁ NLD ၆၅၅၊ ကယား မယ်စဲ့ ၂ NLD ရ၂၅ ကယား အမှတ် ၁ NLD ၁၅၇၆၃ ကယား အမှတ် ၂ NLD ၁၄၀၈၇၊ ကယား အမှတ် ၅ NLD ၃၀၉၂၊ ကယား အမှတ် ၆ NLD ၂၅၇၆၊ ကယား အမှတ် ၁၀ USDP ၁၄၅၆၊ ကယား အမှတ် ၁၁ NLD ၁၅၆၉၊ ကယား ဗမာတိုင်းရင်းသား USDP ဦးလှမျိုးဆွေ ၁၁၈၅၇ တို့ဖြစ်သည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...