ဒုုိင်လူကြီး ခရာမမှုတ်သေးသောကြောင့် အနုုိင်မရသေး

ဒုုိင်လူကြီး ခရာမမှုတ်သေးသောကြောင့် အနုုိင်မရသေး
by -
ထျိုးမြာ
ထျိုးမြာ — ကယားပြည်နယ် ကိုယ်စားလှယ်လောင်းများသည် တာဝန်ရှိစွာဖြင့် ဂိုးသွင်းပြီးသွားသော်လည်း ဒိုင်လူကြီး ခရာ မမှုုုတ် သေးသောကြောင့် အနိုင်ရသည်ဟု မဆိုနိုင်သေး ဟု လွိုင်ကော်မြို့နယ်  မှ ပြည်သူ့လွတ်တော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသွားသည်။

အနိုင်ရရှိသွားသော ကယားပြည်နယ်ရှိအမျိုးဒီမိုကရေစီအဖွဲ့ချုပ်် ကိုယ်စားလှယ်လောင်းများသည် ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် အဖွဲ့ချုပ်မှ ချမှတ်ထားသော ကြေညာစာတမ်း အတိုင်းသာ သွားမည်ဟု သူကပြောသွားသည်။

ပညာရေး ၊ ကျန်းမာရေး နှင့် လမ်းပမ်းဆက်သွယ်ရေး တွင် ဖွံ့ဖြိုးတိုးတက်ရန် ကိုယ်ပိုင် တွေးခေါ်နိုင်သော စနစ်ကို လုပ်ပေးမည်ဟု သူကပြောသွားသည်။

“ကိုယ့်ဟာကို တွေးတောနိုင်တဲ့ ပညာရေးစနစ်ပဲပေးမှာ  ကျန်းမာရေးမှာလည်း ပြည်သူလူထု သက်တောင့် သက်သာ ရအောင် စောင့်ရှောက်ပေးမှာ   ကယားပြည်နယ် မှာပညာရေးဆိုရင် အလွတ်ကျက်တာ ဖြစ်နေတယ် ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့ ပညာရေးစနစ်ပေးမယ် ဒါပေမဲ့ လုပ်ထားတဲ့မူက ကယားပြည်နယ်အတွက် သပ်သပ်မရှိဘူးလေ ကြေညာစာတမ်းအတိုင်းသွားမှာပါ ” ဟု သူကပြောသွားသည်။

ပြည်သူ၏ လယ်ယာမြေများကို မသိမ်းသလို ပြည်သူလူထု ကြောက်အောင်လည်း လုပ်မည်မဟုတ်   ဟု သူကပြောသွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်သည်    ရှုံးသွားသော သူများအပေါ်တွင်လည်း  အာဃာတ မရှိပဲ တုုိင်းရင်းသားအားလုုံးကုုိ တုုိင်းရင်းသာဟူ၍ မြင်ပေးကြောင်း နုုိင်သော တုုိင်းရင်းသား ရှုံးသော တုုိင်းရင်းသား ဟူ၍ မခွဲထားကြောင်း ပြောသွားသည်။

ပြောင်းလဲချိန်တန်ပြီ ဟူသောခေါင်းစဉ်သည် တစ်နုုိင်ငံလုုံးသော အတုုိင်းအတာသာဖြစ်သောကြောင့် ပြည်သူဖြစ် ချင်သော ဆန္ဒသည် ပြည်သူများ၏ လက်ထဲတွင်သာရှိသည်ဟုု ဒီမောဆုုိမြို့ ပြည်နယ်လွှတ်တော်အမှတ်(၂) ကုုိယ်စားလှယ်လောင်း ဦးဘောစကုုိက ဆုုိသည်။
လက်ရှိအနေအထားသည် အောင်ပွဲဟူ၍ မသတ်မှတ်ပဲ ဒါသည် ပထမဆုုံး ပြည်သူများ၏ အောင်ပွဲပဲ ရှိသေးသည် ဟုု သူကပြောသွားသည်။

“ ကယားပြည်က ဘာလုုိအပ်လဲ ဆုုိတာထက် ပြည်သူတောင်းဆုုိမည့် ကုုိက်ညီတဲ့ဟာပေါ့ ဒါက တုုိင်းပြည်အတွက် ဒါအထက်က အမိန့်ပါဆိုုတဲ့ စနစ်မျိူး မဟုုတ်ပါဘူး။ အောက်ခြေက လုုိအပ်မဲ့ အတုုိင်းအတာ တစ်ခုုကုုိ ဖြစ်နုုိ်င်ခြေရှိမရှိ ကျွန်တော်တုုိ့ ပြည်သူတွေ သုုံးသပ်မယ် သုုံးသပ်လုုိ့ တကယ်လုုိအပ်တယ် ဆုုိရင် ကျွန်တော်တုုိ့ တတ်နုုိင်တဲ့ အပုုိင်းလေးကုုိ ၀ုုိင်းလုုပ်ပြီး ၀ုုိင်းတောင်းဆုုိ ပေးရမှာပေါ့ ” ဟုု သူက ရှင်းပြသည်။

လျှပ်စစ်မီးသည်လည်း ကယားပြည်နယ်တွင် ထွက်ပြီး ကယားပြည်သူ လုုံလောက်စွာ မခံစားရကြောင်းနှင့်
လမ်းပမ်းဆက်သွယ်ရေးတွင်လည်း ပြည်သူများ လုုိရာခရီးကုုိ ကြံ့ကြာစေခဲ့ပြီး ကျန်းမာရေးပုုိင်းသည်လည်း ပုုိက်ဆံမရှိလျှင် ဆေးရုုံမတက်ရ ဟူသော အတွေးသည် ပြည်သူများအား စွဲလမ်းစေသည့် အတွေးများဖြစ်သည် ဟုု ဦးဘောစကုုိက ကယားပြည်နယ်နှင့် ပတ်သတ်ပြီးရှင်းပြသွားသည်။

ရှုံးသွားသည့် ပါတီငယ်များကိုုလည်း ရှုံးသည်ဟု  သဘောမထားကြောင်းနှင့် ပြည်သူလူထုုကုုိပဲ ရွေးစေချင်ကြောင်း ဦးဘောစကုုိက ဆုုိသည်။

“ ကယားပြည်နယ်ကတော့ အများကြီး လုုိအပ်ပါသေးတယ်။ ပညာရေးကော ကျန်းမာရေးကော လမ်းပမ်းဆက်သွယ်ရေးကော တော်တော်လေး ဆောင်ရွက်ရမဲ့ ပြည်နယ်ပါ ။ ဒါပေမဲ့ ကျွန်တော်တိုု့က အခုုချိန်မှာ ဘာလုုပ်မယ် ညာလုုပ်မယ် ဆုုိတာ ပြောလုုိ့မရသေးပါဘူး” ဟုု လွိုင်ကော်မြို့နယ် အမျိူးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဖရေးရယ်(ခ) ဦးမြင့်သန်းထွန်းက ဆုုိသည်။

ပြည်သူဆန္ဒသာရှိလျှင်  လွှတ်တော်ထဲ အကုန်တင်သွင်းပေးမည် ။ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ထွန်းလာရန်လည်း  မျှော်လင့်ကြောင်း ပြော သွားသည်။ လွတ်တော်ထဲ ရောက်နိုင်ခဲလျှင် လျှပ်စစ်မီးကိစ္စ တွင်လည်း အလေးထား ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်ဟု ပြောသွားသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...