ကြိုတင်မဲကာလတိုင် ရွေးကောက်ပွဲကို နားမလည်နိုင်သေးသော ပြည်သူများရှိနေ

ကြိုတင်မဲကာလတိုင် ရွေးကောက်ပွဲကို နားမလည်နိုင်သေးသော ပြည်သူများရှိနေ
by -
ထျိုးမြာ
ထျိုးမြာ — ကယား(ကရင်နီ) ပြည်နယ်ဖရူဆိုမြို့၌ ရွှေးကောက်ပွဲနှင့် မဲပေးပုံပေးနည်များကို ကြိုတင်မဲပေးရသည့်တိုင် နားမလည်သေးသောရပ်ကွက်တစ်ချို့ ရှိနေသည်ကိုတွေ့ရခဲ့ရသည်။

မည့်သည့်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည်ကို မသိပဲ လူအများပြောသောကိုယ်စားလှယ်လောင်းများကိုသာ လိုက်လံနားထောင်နေသောပြည်သူများလည်းတွေ့ရသည်။

“ကျွန်မတို့ကသိပ်နားမလည်ဘူး သူများပြောတာNLDက ကောင်းတယ်လို့ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည် က ကောင်းတယ်လို့ပြောတယ်လေ” ဟု လောဘူးဒါးရပ်ကွက် မှ ဒေါ်ဘယ်နှာဒဲတာ ကပြောသွားသည်။

မိမိတို့သည် ယခင်က မဲပေးပုံပေးနည်းကိုလည်းမသိကြောင်း ပြောသွားသည်။ “ အရင်တုန်းက မဲပေးပုံပေးနည်းလာမပြောပေးဘူး” ဟု သူကပြောသွားသည်။

မိမိအလုပ်ကိုသာ ဦးစားပေးသဖြင့် ရွှေးကောက်ပွဲအပေါ်အချိန်မပေးနိုင်သော ကျေးရွာလည်းရှိနေသည်ကို တွေ့ရသည်။

“ဒီရွာကလူတွေက ရွှေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုတစ်ချို့တော့ရှိကြပါတယ်။ နားမလည်တဲ့သူကြတော့ စိတ်ဝင်စားမှုနည်းမယ်ထင်တယ်။ စိတ်မဝင်စားတဲ့သူတွေက သူတို့ မသိလို့ နားမလည်လို့ဖြစ်မှာပါ။ အလုပ်ပဲ ဦးစားပေးကြတယ်။ အဲဒါကြောင့် ရွှေးကောက်ပွဲနဲပတ်သက်ပြီး သူတို့စိတ်မဝင်စားကြဘူး။ အချိန်လည်းပေးပြီး လာနားမထောင်ကြဘူး” ဟု လောဂျာကျေးရွာမှ ရွာသူကြီးဦးကူးရယ်ကပြောသွားသည်။

မိုဆိုရွာတွင်  မဲရုံပြင်ဆင်ရန်အတွက် ကျောင်ပိတ်ထားရသည် ဟု မိုဆိုရွာမှ ကျောင်းဆရာမ ဒေါ်စတယ်လာ ကပြောသည်။   

“မဲရုံပြင်ဆင်ဖို့ သော့ကြနေ့ထဲက ကျောင်းပိတ်ထားတယ် နောက်ရက်တွေလည်း ကျောင်းပိတ်ပြီးဆိုတော့ လုပ်မည့်လူလည်း မရှိတော့ သူတို့ကိုလုပ်ခိုင်းလိုက်တယ်လေး” ဟု သူကပြောသွားသည်။

စာမတတ်တဲ့သက်ကြီးရွယ်အိုတွေကို တော့သူတို့မိသားစုထဲကပဲ ပါဝင်ပေးလိမ့်မည်ဟု မိုဆိုရွာ မှ မဲရုံမှုး ဦးဂျိုးစက်က ပြောသွားသည်။

“ကျွန်တော်တို့အတွက် အခက်အခဲတော့မရှိသေးဘူး စာမတတ်တဲ့သူတွေကို သူတို့မေးပိုင်ခွင့်ရှိတဲ့ သူမိသားစုကပဲ ပါဝင်ပေးလို့ရတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့လုံခြုံရေးတွေလည်းရှိတယ််။ ကျွန်တော်တို့က မဲလက်မှတ်ထုတ်ပေးတဲ့ ထိလောက်ပဲ လုပ်ပေးနိုင်မယ်ထင်တယ်။ သူတို့ရဲ့ဆန္ဒပြုခန်းထိလည်း ဘယ်သူမှသွားလို့မရဘူးလေ ” ဟု သူက ပြောသွားသည်။

ရွှေးကောက်ပွဲနေ့တွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်အောင်လုပ်သွားမည်ဖြစ်ပြီး  အထက်တွင် လမ်းညွန်ပေးသည့်အတိုင်း လိုက်နာပါမယ်။ ပျက်ကွက်၍ လည်းမရပါဟု သူကပြောသွားသည်။

ရွှေးကောက်ပွဲနေ့တွင် သက်ကြီးရွယ်အိုများနှင့် လူထုတော်တော်များများသည် မဲထည့်ပုံကို နားမလည်သောကြောင့်အခက်အခဲတွေ့ ရသည်ဟု လောဘူးဒါးရပ်ကျေးရွာကော်မရှင်သက္ကဌ ဦးဖိလစ်က ပြောသွားသည်။

“ မသန်စွမ်းတွေအတွက်ရယ် အသက်ကြီးရွယ်အိုပိုင်းတွေအတွက်မှာ ခက်ခဲမယ် သူတို့က ကို်ယ်တိုင်မလုပ်နိုင်ဘူး။ ကျွန်တော်တို့လည်း သူတို့အတွက် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာခက်ခဲပါတယ်။ ဒါပေမဲ့ သူတို့ကိုတော့ စောင့်ကြည့်ရေးအဖွဲဖြစ်ဖြစ် အကူဝန်ထမ်းနဲ ဖြစ်ဖြစ် သူတို့မိသားစုအကူညီနဲ့ဖြစ်ဖြစ် ထည့်ခိုင်းဖို့စဉ်းစားထားပါတယ် မဲထည့်ရမည့်အချိန်မှာ ပြည်သူတွေနား မလည်တာ နည်းနည်းများကြတော့ ခက်ခဲမယ်ထင်တယ်” ဟု သူကပြောသွားသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...