နောက်ဆုံးမဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင်လည်း အမှားများရှိနေ

နောက်ဆုံးမဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင်လည်း အမှားများရှိနေ
by -
ထျိုးမြာ
ထျိုးမြာ — ကယားပြည်နယ်၌ နောက်ဆုံးအကြိမ်ဖြစ် မဲစာရင်းများကို ထုတ်ပြန်ရာတွင် အမှားနည်းငယ်ကျန်ရှိ နေသေး တယ်ဟုဖရူဆိုမြို့နယ် ကော်မရှင်ဒုဦးစီးမှုး ဦးအက်ဒွက် ကပြောသည်။

“သူတို့လာလျှောက်တဲ့လူတွေကိုလည်း ကျွန်တော်တို့ ပြန်ထည့်ပေးထားပါတယ်။ အခုတစ်ခေါက် ထွက်တာကလည်း စုံသလောက်ရှိနေပါပြီ။ သူတို့လာပြောတာလည်း ခုထိမကြားသေးဘူး  အကယ်၍ သူတို့ လာမလျှောက်ရင်တော့ ပါမည် ့အနေအထားတော့မရှိဘူးပေါ့နော်” ဟု ဦးအက်ဒွက်ကပြောသည်။

ကယားပြည်နယ်အတွင်း နောက်ဆုံးကြိမ်မဲစာရင်းများကို ယခုလ ၂ရက်မှ ၅ ရက်အထိ ကပ်ပေးရန် ကော်မရှင်မှ ထုတ်ပြန်ကြေငြာထားသည်ဟု သတင်းရရှိသည်။

ပထမအကြိမ် ဒုတိယအကြိမ်ကြေငြာပေးခြင်းသည် ပြင်ဆင်ရန်ဖြစ်သောကြောင့် မပါဝင်သူများကို နောက်ဆုံးအကြိမ် မဲစာရင်းတွင် ပြန်လည်ဖြည့်ပေးခြင်းဖြစ်သည်ဟုသိရသည်။

ဖရူဆိုမြို့နယ် နောက်ဆုံးမဲဆန္ဒရှင်ဦးရေသည် အားလုံးပေါင်း (၁၇၃၈၆) ယောက်ရှိပြီး ကျန်ခဲ့သောရက် ပိုင်းအတွင်းက သေသွားသောသူများသည်နာမည်စာရင်း ပါသွားသူရှိနိုင်သော်လည်း ခြောက်စုံထုတ်ပြီးသွားပြီ ဖြစ်သောကြောင့် ဖျက်၍မရနိုင်ကြောင်း ပြောသည်။

လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စု၏နောက်ဆုံးမဲစာရင်းကို အောက်တိုဘာ (၃၁ ) ရက်မှ စ၍ ရ ရက်နေ့ထိကပ်သွားမည် ဟု ထေးငှားလျားကျေးရွာမှ အုပ်ချုပ်ရေးမှုး ဦးရှေးရယ်က ပြောသွာသည်။

 “ကျွန်တော်တို့ နောက်ဆုံးကပ်တဲ့မဲစာရင်းက အမှားမရှိသလောက်ပါပဲ နာမည်နည်းနည်းပါးပါး လွဲတာလောက်ပဲရှိပါတယ် ” ဟု သူကပြောသွားသည်။

ဒီးမော့ဆို်မြို့ နယ် မဲဆန္ဒရှင်စာရင်းကို ကျေးရွာအသီးသီးတွင် ကပ်ထားပြီးု မဲရုံ၊ ရပ်/ကျေးရုံးများတွင်လည်း ကပ်သွားမည်ဟု ဒီးမော့ဆိုမြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယ ဦးစီးမှုး ဦးစန်းဝင်းက ပြောသည်။

“မဲစာရင်းက ၂ရက်နေ့က စကပ်ပါတယ် မဲပေးရက်ထိကပ်မှာပါ ခုနောက်ဆုံးကပ်မဲစာရင်းကတော့ မှားတာတွေသိပ်မရှိတော့ပါဘူး” ဒီးမော့ဆိုမြို့နယ် ထီးပိုးကလိုးအုပ်စု မှ ရပ်ကျေးကော်မရှင် အတွင်းရေးမှုး ဦးတူရယ် က ပြောသွားသည်။

ထီးပိုးကလိုးအုပ်စု၏ နောက်ဆုံးကပ် မဲဆန္ဒရှင်ဦးရေသည် (၂၅၅၁) ယောက်ရှိပြီးအမည်စာရင်းမှားသော သူများကို သက်သေခံ လက်မှတ်တွေသာ ပြင်ပေးသွားမည် ဟု ၎င်းကပြောသည်။

 “နောက်ဆုံးမဲစာရင်းမှာ မှားတာတွေပါသေးတယ် ယောကျ်ားက မိ်န်းမဖြစ် မိန်းမက ယောက်ျားဖြစ်တာ တွေပါတယ် ဒါပေမဲ့  မဲစာရင်းပါဖို့အရေးကြီးတယ် မဲစာရင်းမပါတဲ့သူကတော့ မဲပေးခွင့်မရတော့ဘူးလေ။ ကျန်တာက မှားလည်းမဲပေးပိုင်ခွင့်ရှိတယ်” ဟု သူကပြောသွားသည်။

နောက်ဆုံးမဲစာရင်း၌ မဲဆန္ဒနယ်အမှတ်(၁)တွင်  (၂၃၉၀၃)ဦးနှင့်  မဲဆန္ဒနယ်အမှတ်(၂)တွင် (၂၅၃၄၄)ဦး ရှိကာ စုစုပေါင်းမဲပေးခွင့်ရှိသူ ( ၄၉၂၄၇)ဦး ရှိသည်ဟုသတင်းရရှိသည်။

ကယားပြည်နယ်အတွင်း ပထမ အကြိမ်မဲထုတ်ပြန်ရာ၌ မဲပေးခွင့်ရှိသူဦးရေသည် ၁၅၈၆၄၉ဦး၊ ဒုတိယအကြိမ် ထုတ်ပြန်ရာတွင် ၁၇၂၁၀၀ ဦး၊ ယခုနောက်ဆုံးအကြိမ်ထုတ်ပြန်ရာတွင်  (၁၇၈၁၇၅) ဦး ရှိကြောင်း ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်မှသတင်းရ ရှိသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...