ရေတလျောက်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး ထိုင်းနိုင်ငံထဲသို့ ထပ်မံထွက်ပြေး

ရေတလျောက်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး ထိုင်းနိုင်ငံထဲသို့ ထပ်မံထွက်ပြေး
Photo - ทหารแฟนคลับ
Photo - ทหารแฟนคลับ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ ရေတလျောက် စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင် ၂၆ဦး ယနေ့ မတ်လ ၂၁ ရက် နံနက်တွင် ထိုင်းနိုင်ငံ ပန်ခလန်ကျေးရွာထဲသို့ ထပ်မံထွက်ပြေးခဲ့သည်ဟု သိရသည်။

နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ နံနက် ၆နာရီခွဲကျော်အချိန်ခန့်တွင်  အဆိုပါ စခန်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်များက ၎င်းတို့စခန်းစွန့်ခွာကာ လက်နက်အပြည့်အစုံနှင့်အတူ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက“ ဒီမနက်ပစ်ခတ်တာမရှိဘူး။ သူတို့အစောကြီး ဝင်လာတယ်။ ရွာသားတွေက လာ အကြောင်းကြားတာ နယ်စပ်မှာလည်း ဂိတ်တွေပိတ်တော့ သူတို့ဘယ်တောင်ကျော်ပြီး ဝင်လာ တာလဲမသိဘူး။ ထိုင်းစစ်သားတွေကတော့ အခုသူတို့ကို ကြည့်ရှုထိန်းသိမ်းထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ၏ ပြောပြချက်အရ ရေတလျောက်စစ်ကောင်စီတပ် စခန်းတွင် တပ်ဖွဲ့ဝင်စုစုပေါင်း ၂၆ ဦးသာရှိပြီး လက်ရှိအချိန်တွင် စခန်းတွင် ၎င်းတို့၏ တပ်ဖွဲ့ ဝင်မရှိတော့ကြောင်းပြောဆိုသည်ဟု အဆိုပါ ဒေသခံတာဝန်ရှိသူက ဆက်ပြောသည်။

ထွက်ပေါ်လာသည့် ဓာတ်ပုံများတွင် ထိုင်းဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ခဲယမ်းအပါအဝင် ၎င်းတို့၏ အသုံးဆောင်ပစ္စည်းများသယ်ဆောင်လာသည့် ခြင်းကျားများနှင့် စစ်ဦးထုပ်လည်း ပါဝင်ကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် မယ်သရောထ စစ်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး စခန်းစွန့်ခွာပြီး ပိုင်ခလန်ကျေးရွာထဲသို့ အလားတူ ထွက်ပြေးခဲ့သေးသည်။

ရေတလျောက်စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပထမအကြိမ် တက်ရောက်တိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၉)ဦး သေဆုံးခဲ့သေးသည်။ ထို့နောက် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် တက်လာပြီး ထိုစခန်းတွင် ပြန်လည်အခြေချတပ်စွဲထားခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...