စောဝါး — “ကျနော်ကျောင်းတက်မယ်ဆိုရင် ရှစ်တန်းရှိပြီး ကိုရိုနာကပ်ရောဂါကြောင့်ရော၊ စစ်တပ် အာဏာသိမ်း ကြောင့်ရော ကျနော်ကျောင်းမတက်ရတာ လေးနှစ်ရှိပြီး ကျောင်းတော့ပြန်တက်ချင်တယ်။ ဒါပေမဲ့ မိသားစု စားဝတ်နေရေးအတွက် ကျောက်ခွဲတဲ့စက်မှာ အလုပ်ဝင်နေရတယ်” လို့ ပြောပြနေ တဲ့သူက တော့ ကရင်လူငယ်တစ်ယောက်ဖြစ်တဲ့စောပွယ်စေး(နာမည်လွဲ)ဖြစ်ပါတယ်။
စောပွယ်စေးက ဖားအံခရိုင် (ပိုင်ကျုံမြို့နယ်) ကရင့်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာက ဖြစ်ပြီး မွေးချင်းသုံးယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပါတယ်။
သူ့မှာ ဆယ်နှစ်အရွယ် ညီလေးတစ်ယောက်နဲ့ စကားကောင်းကောင်းစပြောတတ်ရုံလောက်ရှိတဲ့ သုံးနှစ် ရွယ် ညီမလေး တစ်ယောက်လည်းရှိနေပြီး သူတို့ရဲ့ ဖခင်ဆုံးသွားခဲ့တာ ၂ နှစ်ကျော်ကျော်ရှိနေခဲ့ တာ ကြောင့် အစ်ကိုကြီး အဖရာဆိုတဲ့အတိုင်း မိသားစုရဲ့စားဝတ်နေရေးတာဝန်ကို တကျော့ ပြန်ထမ်းပိုး နေရပါတယ်။
အဲဒီအတွက်ကြောင့် (၁၇)နှစ်အရွယ်၊ အရပ်ငါးပေကျော်ပြီး ခန္ဓာကိုယ် ပိန်ပိန်ပါးပါး အထက်တန်း ကျောင်းသားလေး တစ်ယောက်က မိသားစုစားဝတ်နေရေးအတွက် ကျောက်ခွဲတဲ့နေရာမှာ အလုပ်ကြိုး စားနေရပါတယ်။
“ကိုရိုနာကပ်ရောဂါမဖြစ်၊ အာဏာမသိမ်းဘူးဆိုရင် ကျနော်က ဆရာဝန်ဖြစ်ချင်နေတာ ကျနော် စာကြိုး စားခဲ့တယ်။ ကျနော်ဆရာဝန်ဖြစ်ပြီးတော့ မဖွံ့ဖြိုးတဲ့ဒီနယ်စပ်ဒေသမှာ ဆေးပြန်ကုချင်တာပေါ့။ အခု တော့ကျနော် ဒီအလုပ်ကိုလာလုပ်နေရတာပေါ့။ ကျောင်းတက်လို့ အဆင်မပြေတော့ဘူးလို့ စသိတဲ့ အချိန်မှာအရမ်းဝမ်းနည်းခဲ့ပါတယ်”လို့ သူ့ရဲ့ အနာဂတ် မျှော်လင့်ချက်ကို ပြောပြပါတယ်။
ပညာရေးကို ဆက်လက် သင်ချင်ပေမဲ့လည်း ကိုရိုနာကပ်ရောဂါကူးစက်မှုနဲ့ စစ်ကောင်စီအာဏာသိမ်းမှု တွေကြောင့် စောပွယ်စေးတစ်ယောက် ကျောင်းသား CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)လုပ်ခဲ့ရင်းနဲ့ အခုဆိုရင် ကျောင်းမတက်ရတာ ၄ နှစ်ရှိနေခဲ့ပြီး အခုဆိုရင် မိသားစုစားဝတ်နေရေး အခြေအနေတွေ ကြောင့် အလုပ်ကြမ်းလုပ်ငန်းခွင်ထဲကို ရောက်နေရပါတယ်။
ကျောက်ခွဲစက်မှာ အလုပ်လုပ်နေရတဲ့ အပေါ်
“ဒီအလုပ်ကိုလုပ်ရတာမပျော်ပါဘူး။ ဝမ်းနည်းစွာနဲ့ကျနော်လုပ်နေရတာပါ ကျနော့်ရည်မှန်းချက်လည်း မဟုတ်ဘူးလေ။ ကျနော့် ရည်မှန်းချက်တွေ ပျက်စီးသလိုခံစားမိတယ်အမှန်ပါပဲ” လို့ ဝမ်းနည်းစွာနဲ့ သူ ပြောပြပါတယ်။
စောပွယ်စေးရဲ့ အသားအရည်က နေလောင်ဒဏ်ကြောင့် ညိုမည်းနေပြီး အရွယ်နဲ့မလိုက်အောင် အလုပ် ကြမ်းတွေကို လုပ်ဆောင်နေရတဲ့အတွက် သူ့လက်ဖဝါးလေးတွေမှာ ပေါက်ပြဲလို့နေပါတယ်။ စာသင်ခန်း ထဲမှာ ရှိနေသင့်တဲ့ လူငယ်တစ်ယောက်ဟာ မိသားစုစားဝတ်နေရေးအတွက် လူကြီးတွေနဲ့ တန်းတူ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။
“စလုပ်တဲ့တစ်ရက်နှစ်ရက်မှာတော့ ကျနော့်လက်မှာ သွေးတွေထွက်တယ်။ လက်တွေပေါက်တယ် လုံးဝ အဆင်မပြေဘူး။ နောက်တစ်ခုက ဂေါ်ပြားတွေနဲ့ကျောက်တွေသယ်တဲ့အခါမှာ ကျနော်မနိုင်ဘူး တစ်ခါ မှ လည်း မလုပ်ဖူးတော့ အရမ်းပင်ပန်းတယ်။ စရောက်တဲ့အချိန်က တစ်လပိုင်းနှစ်လပိုင်းဆိုတော့ အရမ်းပူ တယ်။ ပူလွန်းပြီး ကျနော်ကြာကြာမနေနိုင်ဘူး။ ရေလည်းအရမ်းဆာတယ်၊ တခြား လူကြီးတွေ လုပ်သ လို မလုပ်နိုင်ရင် ပိုက်ဆံမရမှာလည်းကြောက်တယ်” လို့ သူရဲ့ အလုပ်အခက်အခဲကို မျက်ရည် ဝဲစွာနဲ့ ပြောပြပါတယ်။
စောပွယ်စေး ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာကို ဝမ်းနည်းစွာနဲ့ ထိုင်ကြည့်နေရတဲ့သူကတော့ သူ့မိခင် နော်စေးစေး(အမည်လွဲ)ပဲ ဖြစ်ပါတယ်။
“အဒေါ်တို့သားကို ပညာတတ်ကြီးဖြစ်စေချင်တယ်။ သူဖြစ်ချင်တဲ့ ဆရာဝန်လည်း ဖြစ်စေချင်ပါတယ်။ အခုက သူ့ကိုကျောင်းပြန်ထားပါတယ်။ ကျမတို့ဒီမှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး ကျောင်းပြန် ထား မယ်လို့ သူ့ကိုပြောပါတယ်။ သူကတော့ မတက်ချင်တော့ဘူးတဲ့ သူ့ညီမလေးနဲ့ သူ့ညီလေး ပညာတတ် ရင်ရပြီးလို့ သူပြန်ပြောတယ်။ သူအခုလိုပင်ပင်ပန်းပန်းလုပ်နေရတာကြည့်ပြီး အဒေါ်ဝမ်း နည်းတာပေါ့” ဟု သူမက ဝမ်းနည်းငိုရှိုတ်ရင်းနဲ့ ပြောပါတယ်။
စောပွယ်စေးတက်ခဲ့တဲ့ကျောင်း
စောပွယ်စေးက ဖားအံခရိုင် ပိုင်ကျုံမြို့ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းမှာ မူလတန်းကနေ ပဉ္ဇမတန်းအထိ ကျောင်းတက်ခဲ့တာဖြစ်ပြီး ၂၀၂၀-၂၁ ပညာသင်နှစ်မှာ ကိုရိုနာရောဂါ ကူးစက်ပျံ့ ပွားတဲ့ အတွက် ကျောင်းပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမှုကြောင့် သူကျောင်းဆက်မတက်တော့ဘဲ ကျောင်းသား CDM အဖြစ် သူလုပ်ခဲ့ပါတယ်။
စောပွယ်စေးရဲ့ ကျောင်းအုပ်ဟောင်း ဆရာစောကပေါ်ထူးကလည်း “သူက တော်တယ် စာလည်းကြိုး စားတယ်။ ကျောင်းမှာ အဆင့် (၁)၊ (၂) နေရာက သူပဲ။ စာရိတ္တလည်း ပြောစရာမလိုဘူး၊ နောက်ကျရင် ကျောင်းဆရာ အဖြစ်လာကူပေးဖို့တောင် သူ့ကိုပြောဖူးတယ်” လို့ ဆိုပါတယ်။
မိဘတွေအနေနဲ့ သူတို့သားသမီးတွေကို ကျောင်းထားချင်သော်လည်း သားသမီးတွေက စစ်တပ် ပြန် လည်ဖွင့်လှစ်တဲ့ကျောင်းမှာ စာမဆက်မသင်လိုတာကြောင့် ဒေသတွင်း ကျောင်းသူ ကျောင်းတော် တော် များများဟာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်အလုပ်လုပ်နေကြရတယ်လို့ ကျောင်းအုပ်ဆရာက ပြောပါတယ်။
ကရင်ပြည်နယ်နဲ့ စာသင်ကျောင်း
ကရင်ပြည်နယ်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကရင်ပညာရေးနှင့် ယဉ်ကျေး မှုဌာန (KECD) က ဖွင့်လှစ်တဲ့ ကော်သူးလေ စာသင်ကျောင်း တွေရှိနေသော်လည်း တချို့သောမိဘတွေက သူ တို့ရဲ့ သားသမီးတွေကို ကျောင်းထားဖို့အတွက် စိုးရိမ်ပူပန်မှုတွေရှိတာကြောင့် ကျောင်းမအပ်တာတဲ့ သူ လည်း ရှိပါတယ်။
တချို့သောနေရာတွေက KNU ထိန်းချုပ်နယ်မြေဆိုပေမဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာသက် ရောက်တဲ့ ဒေသတွေလည်း ဖြစ်တာကြောင့် ကော်သူးလေ စာသင်ကျောင်းမှာ ကျောင်းတက်ရင် သူတို့ကို ပုန်ကန်တယ်၊ CDM ကျောင်းသားဆိုပြီး လားဖမ်းမလားဆိုပြီး ပူပန်နေကြရပြန်တယ်။
ကရင်ပြည်နယ်မှာ စစ်အာဏာသက်ရောက်တဲ့ ဒေသတွေမှာ စစ်ကောင်စီက စာသင်ကျောင်းတွေဖွင့် လှစ်ပြီး စာသင်ကြားမှုတွေ ပြုလုပ်နေသော်လည်း ယခင် လူဦးရေ(၃၀၀)ကျော်တဲ့ အထက် တန်းကျောင်း တွေမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် (၁၀၀)ကျော်ကျော် လောက်သာရှိတော့တယ်လို့ CDM ပြု လုပ်ထားတဲ့ ကျောင်းဆရာမ နော်ဖောဖောက ပြောပြပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေတွင်း မငြိမ်းချမ်းမှု၊ စီးပွား ရေး ကြပ်တည်းလာမှုတွေကြောင့် ဖားအံခရိုင်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေမှာ စောပွယ်စေးလို ကျောင်း တက်သင့်တဲ့ လူငယ်လူရွယ် ၄၀ ရာခိုင်နှုန်းလောက်ဟာ မိသားစု စားဝတ်နေရေးအတွက် အလုပ် လုပ်နေ ရတာကြောင့် အတန်းပညာကျောင်းကို ဆက်လက်မတက်နိုင်ကြဘူးလို့ ဖားအံခရိုင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECDကျောင်းမှ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
ကျောင်းမဆက်တက်နိုင်ဘဲ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်နေတဲ့ စောပွယ်စေးက တော့ “ကျနော် ဖြစ်ချင်တာကို မဖြစ်ရဘူး။ ဒါပေမဲ့ ညီလေးနဲ့ ညီမလေးကိုတော့ ကျောင်းပြီးအောင်ထားမယ် သူတို့ဖြစ်ချင်တာကို ပံ့ပိုးပေးမယ်” လို့ သူက ပြောဆိုသွားပါတယ်။