ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရ၍ ၃ ဦးသေ

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရ၍ ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီး သုံးဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက မဇ္စျိမကို ပြောသည်။

ကန့်ကလူမြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် ၀ါသ၀ ဦးဆောင်သည့် ပျူစောထီးများနှင့် စစ်ကောင်စီတပ် ပူးပေါင်း စစ်ကြောင်းသည် ဇွန်လ ၁၂ ရက်နေ့က ရွှေဘိုမြို့နယ် ကိုးပင်တပ်မှ တစ်ဆင့် ခင်ဦးမြို့နယ် အနောက် ဘက် တောအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းနေ့ နံနက်ပိုင်းအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က ကျီးကန်နှင့် မကျီးတုံကျေးရွာကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းက ခင်ဦးဘက်ကို သွားရင်း တောလမ်းထဲက ဖြတ်တက်တာမှာ ပျူစခန်းရှိတဲ့ မကျီးတုံကျေးရွာအနီးမှာ တိုက်မိုင်းမိတာ။ စစ်ကြောင်းက သုံးဦးသေသွားတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိခိုက်မှုများရှိသည့် စစ်ကောင်စီတပ်သည် အနီးရှိတောအတွင်းမှ ပြည်သူလေးဦးကို ဖမ်းဆီးကာ မကျီးတုံပျူရွာအတွင်း ၀င်ရောက်သွားခဲ့သည်။

ထိုသို့ ၀င်ရောက်ပြီးနောက် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို သင်္ဂြိုဟ် ခြင်း၊ အနီးရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ ပစ်တာမှာ သံဘိုကျေးရွာထဲကို လက်နက်ကြီး ကျတာတွေ ရှိတယ်။ အသေးစိတ် အခြေအနေ တော့ မသိရသေးဘူး။ မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အချိန် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ရတာလည်း ရှိခဲ့တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ လေးဦး၏ အခြေအနေကို လက်ရှိအချိန်အထိ မသိရသေး ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် မကျီးတုံပျူရွာရှိ စစ်ကောင်စီတပ်နှင့် ပူးပ ေါင်းကာ ခင်ဦးမြို့တွင်းသို့ ၀င်ရောက်လာကြောင်း သိရသည်။

“မနက်ကတော့ ကားနှစ်စီး၊ ဆိုင်ကယ် အစီး ၂၀ ၊ စက်လတ်တင်ထားတဲ့ ကားတွေပါတဲ့ စစ်ကောင်စီတပ် ခင်ဦးမြို့ပေါ်ကို ရောက်လာပါတယ်” ဟု ခင်ဦးမြို့နယ် တပ်ရင်း (၃) တာ၀န်ခံ ကိုစိုက်ပျိုးရေးက မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် ခင်ဦးမြို့ပေါ်ရှိ နေရာအများစုတွင် အင်အား ၁၈၀ ခန့်၀န်းကျင်ရှိသည့် စစ်ကောင်စီတပ်က ဖြန့်ကြက်တပ်စွဲထားကာ မြို့အတွင်း လှုပ်ရှားမှုများရှိနေကြောင်း ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မည်သည့် နေရာသို့ ဆက်လက်စစ်ကြောင်းထိုး ထွက်ခွာမည်ကို မသိရသေးဘဲ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...