ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၈ ဦးကို ဖမ်းဆီး သတ်ဖြတ်

ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၈ ဦးကို ဖမ်းဆီး သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်အတွင်းသို့  စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် ဒေသခံ ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်ဟု Kawlin Revolution – KR အဖွဲ့ တာ၀န်ရှိသူ က ပြောသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးအနက် ရှစ်ဦးသေဆုံးကာ ငါးဦးမှာ ပြန်လည်လွတ်မြောက်လာပြီး ကျန်လေးဦးကို ဒေသခံ များက ရှာဖွေနေဆဲဖြစ်သည်။

ထိုစစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၂၈ ရက်နေ့ မှ ဇွန်လ ၃ ရက်နေ့ အထိ  ခံသာတိုက်နယ်အတွင်း  တစ်ရွာဝင် တစ်ရွာထွက်ကာ လူနေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အမည်အဖော်လိုသူ ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“မုတ်ဝရွာသားခြောက်ဦးက တစ်စုထဲဖမ်းဆီးခေါ်ဆောင် ခံရတာပါ။  တစ်နေရာထဲမှာ  တစ်စုထဲ လက်စဖျောက်ခံ ရတယ်။ သစ်ဖုလှရွာတောင်ဘက် တစ်ဆူတောင်အနီးသစ်တောထဲမှာ ပြန်တွေ့ရတာလို့ သိရပါတယ်။ အင်ပင် လှနဲ့ ဥမင်ကုန်းရွာကြား ဆိုင်ကယ်စီးလာတဲ့ အသက် ၃၅နှစ်အရွယ် ကိုကျော်သူဆိုသူကိုလည်း စစ်ကောင်စီက ပစ်သတ်သွားပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

သေဆုံးသွားသူများမှာ ညောင်ကုန်းရွာမှ ကိုသန်းထိုက်၊ အင်ပင်လှရွာမှ  ကိုကျော်သူ၊ မုတ်ဝရွာမှ ဦးဝင်ဗိုလ်၊ ဦးဆန်းဦး၊ ဦးဝင်းနိုင်၊ ဦးဇော်မင်း၊ ဦးဇော်ဦး၊ ဦးမိုမိုတို့ဖြစ်ပြီး မုတ်ဝရွာသား ခြောက်ဦး၏ ရုပ်အလောင်းများကို သစ်ဖုလှရွာ တောင်ဘက် တစ်ဆူတောင်အနီးသစ်တောထဲတွင် တွေ့ရှိရသည်ဟု ပြောသည်။

ပျောက်ဆုံးနေသူများမှာ  ချပ်ကုန်းရွာမှ ဦးဆန်းဦး၊ ဦးမောင်ဝင်းနှင့် ဘန်ဘွေးကုန်းရွာက ဦးတင်လွင်အောင်၊ ဖိုးဆိုးတို့ ဖြစ်ပြီး ဒေသခံများသည် ၎င်းတို့က သေဆုံးပြီးဖြစ်မည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

စစ်ကောင်စီတပ်သည်  ခံသာတိုက်နယ် အင်းယား၊ ညောင်ကုန်း၊ ဖက်ခါးကုန်း၊ အင်းပင်လှ၊ ချပ်ကုန်း၊ ဘန်းဘွေး ကုန်းနှင့် မုတ်တ အစရှိသည့် ကျေးရွာများဘက်သို့  စစ်ကြောင်းထိုးဝင်ရောက်ချိန် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့်လည်း  ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ စစ်သုံး ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်ဆန်းလင်း(ဆင်မင်း) ကျဆုံးခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း (၁ ) Kawlin People Defense Force – KLPDF ထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းတွင်   ခမရ- ၃၆၃၊  ခမရ -၃၆၉ တပ်ရင်းမှ တပ်သားများပါဝင်သည့် ထိုစစ်ကောင်စီ စစ်ကြောင်းသည်  ကောလင်းမြို့နယ်ကို  ဇွန်လဆန်းမှစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇွန်လ ၄ရက် နေ့လယ် ၃နာရီခန့်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကာ စစ်ကောင်စီတပ်က တိုက်ပွဲဝန်းကျင်ရှိ ကျေးရွာများအား ဂျက်ဖိုက် တာဖြင့် တိုက်ခိုက်ခဲ့သေးသည်။

Most read this week

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...