လေကြောင်းရန်ကြောင့် ကယားပြည်နယ်ထဲက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေတူးနေရ

လေကြောင်းရန်ကြောင့် ကယားပြည်နယ်ထဲက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေတူးနေရ

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲက စာသင်းကျောင်းတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန် ကြောင့် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးနေရတယ်လို့ ကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမက တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ် တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေတဲ့ အတွက် ပြီးခဲ့တဲ့နှစ်ကထက် စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အခက်ကြုံနေရတာပါ။

နွေဦးဂုရုလေးများအဖွဲ့ဝင် ကိုတင့်ဇော်ဟိန်းကတော့ ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်အတွက် ကိုယ်ထူကိုယ် ထ ကျောင်းတွေ ဖွင့်နေပေမယ့် ကျောင်းမှာဗုံးခိုကျင်းတွေ တူးထားရတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

“ဒီဘက်မှာရှိတဲ့သက်ဆိုင်ရာအမျိုးသားကျောင်းတွေ၊ ပညာရေးကျောင်းတွေကတော့ဖွင့်လှစ်နေပါတယ်။ အဓိ က ကတော့ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေဆောက်ရတာပေါ့။ ဗုံးခိုကျင်းတွေ တောက်လျောက်လုပ်ရတယ်။ ဖွင့် တယ်ဗျ။ ကျွန်တော်တို့ နေရာတော့ ပြောင်းဖွင့်ရတာပေါ့။ ဗုံးခိုကျင်းတွေ ဆောက်ပြီးဖွင့်ရတာပေါ့။ ကျွန် တော်တို့က အခုဆို လေယာဉ်သံကြားတာနဲ့ ထွက်မကြည့်နဲ့ပေါ့။ ဗုံးခိုကျင်းထဲပြေး အဲဒီလိုမျိုးလုပ်ထားတယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်က အမျိုးသား စာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းကစပြီး စတင်ဖွင့်လှစ်တာတွေ ရှိခဲပေမယ့် ကျောင်းအများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်နေရတာပါ။

လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ဒေါတမကြီး ကျေးရွာအုပ်စုအပါအဝင် တခြားကျေးရွာတွေက စာသင်ကျောင်း (၁၀) ကျောင်းထက်မနည်း ပိတ်လိုက်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ခြမ်းက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် အခြေခံပညာကျောင်းတွေ ပျက်စီးတာတွေရှိခဲ့သလို ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူကပြောပါသေးတယ်။

ကယားပြည်နယ်က ကျောင်းသား၊ ကျောင်းသူ (၉၀) ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ ကျောင်း တွေမှာ တက်ရောက်တာမရှိတော့ဘဲ လွိုင်ကော်မြို့ပေါ်မှာသာ ကျောင်းတက်သူ အနည်းငယ်ရှိနေတာပါ။

စစ်ကောင်စီကျောင်းတွေမှာ တက်ရောက်တာမရှိတဲ့ (၉၀) ရာခိုင်နှုန်းထဲက (၈၀) ရာခိုင်နှုန်းဟာ ပြည်နယ် အတွင်းက ကိုယ်ထူကိုယ်ထကျောင်းတွေမှာ တက်ရောက်နေတာဖြစ်ပြီး ကျန် (၅) ရာခိုင်နှုန်းကတော့ ကျောင်း တက်ရောက်နိုင်တာ မရှိဘူးလို့ ဆိုကြပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ စစ်ကောင်စီဟာ ကယားပြည်နယ်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားပြီး တိုက်ပွဲဖော်ဆောင်မှု တွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် ကိုယ်ထူကိုယ်ထကျောင်းတွေဟာ အရင်နှစ်ကလောက် ဖွင့်လှစ်နိုင်ခြင်း မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ယူနေရတဲ့ ကလေးတွေဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရသလို တချိန်တည်းမှာ လေကြောင်းအန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ (KSCC) လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌဦးဗညားက ပြောပါတယ်။

“ကျွန်တော်တို့က စိုးရိမ်စိတ်ကတော့ အစောကတည်းက မြင်နေပြီးသားဖြစ်တယ်။ အရင်တုန်းကဆို လက်နက် ကြီးတွေ စိုးရိမ်ရတယ်။ အခုဆိုရင် လက်နက်ကြီးရော၊ လေယာဉ်ရော ထပ်စိုးရိမ်ရတယ်။ ကျောင်းမှာရှိနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကလည်း လေယာဉ်ကို ပိုစိုးရိမ်စိတ် များလာတာတွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြော ရရင် လေယာဉ်သံကို ပိုပြီးနားစွင့်လာကြတယ်ပေါ့နော်။ အတတ်နိုင်ဆုံး ဗုံးခိုကျင်းတွေကိုလည်း တည်ဆောက် ထားဖို့ ဆော်သြထားတာတွေလည်း ရှိပါတယ်။ အဲဒီတော့ပြောရရင် ကျွန်တော်တို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော စိုးရိမ်နေရတာတော့ အရင်နှစ်တွေထက်စာရင် အခုရက်ပိုင်း အခုလပိုင်းမှာ ပိုပြီးမြင့်တက် တာအမှန်ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ကလေးတွေစာသင်နေတဲ့ ကျောင်းတွေအပေါ်ကို ဗုံးကြဲတိုက်ခိုက်တွေ ဆက်တိုက် လုပ်ဆောင် နေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို တိုက်ခိုက်မှုကြောင့် ကလေးသူငယ် တွေ အပါအဝင် (၁၃) ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ - ၆ နယ်မြေမှာလည်း ဧပြီလနဲ့ မေလအတွင်း လေယာဉ်နဲ့ (၃၁) အထိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသလို မြေပြင်စစ်ကြောင်းက (၁၈၄) ကြိမ်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် စာသင်ကျောင်း (၃) ကျောင်းပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေက ကျောင်းတွေနဲ့ မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ ရခိုင်ပြည်နယ် က ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေက ကျောင်းတွေကိုတော့ အငြိုးတကြီး တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...