မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံးဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မုန်တိုင်းဘေးဒဏ်ခံပြည်သူများထံ ကူညီထောက်ပံ့မှုများ ရောက်ရှိမှုနည်းပါးနေသေးပြီး ပြန် လည်ထူထောင်ရေးပိုင်းမှာလည်း အခက်အခဲများ ကြုံနေရသည်။

ချင်းပြည်နယ်သည် ရခိုင်ပြည်နယ်ပြီးရင် ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံး ပြည်နယ်ဖြစ်သော်လည်း ကမ္ဘာ့ ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းကြီးများမှ ဝင်ရောက်ကူညီပေးခြင်း မရှိသေးသောကြောင့် မုန် တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးမှာ အခက်ကြုံနေရသည်ဟု ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ ဒုဥက္ကဋ္ဌ ဦးပြည်မင်းက ပြောသည်။

“ချင်းကတော့ ရခိုင်ပြီးရင်တော့ ဒုတိယ အထိခိုက်ဆုံးပြည်နယ်ဖြစ်တယ်ဆိုတော့ UN Agency တွေကလည်း ဝင်ပေးဖို့ သင့်ပါတယ်။ ၉ မြို့နယ်အလိုက် နိုင်သလောက် ရံပုံငွေလေးတွေရှာတာကတော့ လက်တလုံး လောက်ပဲ ရမှာပေါ့နော်။ ပြန်လည်ထူထောင်ရေးစနစ်တွေမှာ တော်တော်လေးအခက်အခဲရှိမယ်။ ကျွန်တော်တို့ Local INGO ပုံစံနဲ့ ပံ့ပိုးတာကတော့ ထိထိရောက်ရောက်တော့ မဖြစ်နိုင်ဘူးလေ။ သူတို့ရဲ့ လိုအပ်ချက်ကို ပြည့်စုံ၊ လုံလောက်နိုင်တဲ့ အတိုင်းအတာတခု လုပ်ပေးဖို့ အရမ်းခက်ခဲရှိတယ်။”

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တဝန်းလုံးတွင် ဘာသာ ရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ စပါးကျီများ အပါအဝင် လူနေအိမ်ခြေ ၃၀၀၀ နီးပါးခန့် ပျက်စီးခဲ့ပြီး မတူပီ၊ ပလက်ဝ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့သည် ထိခိုက်မှုအများဆုံး ကြုံခဲ့ကြရသည်။

ထိခိုက်မှုများကို “NUG ကနေ နည်းနည်း သူတို့ နိုင်သလောက်တော့ မုန်တိုင်းကြိုတင်ပြင်ဆင်ရေးမှာ နည်းနည်း ပံ့ပိုး ကူညီတာရှိတယ်။ ပြီးရင်တော့ အမိုးအတွက်ကို နည်းနည်းကူညီထောက်ပံ့တာရှိတယ်။ အဲ့လိုပုံစံနဲ့ပဲ၊ ကြီး ကြီးမားမားတော့ မဟုတ်ဘူး။ ရိက္ခာပိုင်းတို့ ပြန်လည် တည်ဆောက်ရေးပိုင်းတို့ မရောက်နိုင်သေးဘူးဗျာ။ နိုင်သ လောက် နည်းနည်းစီ ကူညီပံ့ပိုးတာ ပဲရှိသေးသေးတယ်” ဟု ဦးပြည်မင်းက ဆက်ပြောသည်။

မိုခါမုန်တိုင်းဖျက်ဆီးမှုဒဏ် အများဆုံးခံခဲ့ရသော မတူပီမြို့နယ်မှာတော့ မုန်တိုင်းကြောင့်ပျက်စီးသွားသော နေ အိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်နေကြရသည်ဟု CDF-Matupi တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

“ကျွန်တော်တို့ မတူပီမှာကျတာ့ မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေအတွက်ထောက်ပံ  ငွေကြေး ရရှိတာ ဘာမှမရှိသေ ဘူး။ အခုလောလောဆယ် အခြေအနေကတော့ ပျက်စီးသွားတဲ့ဟာ တွေကတော့ ကျေးရွာ လူငယ် အဖွဲ့အစည်းတွေနဲ့ ဒေသခံက အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့  ပျက်စီးသွားတဲ့ အဆောက်အအုံတွေ ကို တက်နိုင်သလောက် ပြန်ပြင်ကြတယ်၊ ပြီးတော့ မုန်တိုင်း မထိတဲ့ကျေးရွာဖက်ကနေပြီးတော့ သူတို့ ပြန်ပြီး တော့ကူညီပေးကြတယ်။ တဖက်နဲ့ တဖက်အဲ့လိုတွေရှိတယ်၊ တခြား အဖွဲ့စည်းအနေနဲ့ ဒီကိုလာပြီးတော့ ထိထိ ရောက်ရောက်လာပြီးတော့ ကူညီပေးတယ်ဆိုတာ မရှိသေးဘူး။”

အလားတူ ထိခိုက်ပျက်စီးမှုအများဆုံး ကြုံခဲ့ရသော ကန်ပက်လက်မြို့နယ်မှာလည်း ယနေ့ချိန်ထိ ပြည်တွင်း/ပြည် ပ အဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုများ မရရှိသေးသလို ပျက်စီးသွားတဲ့နေအိမ်များ ပြန်လည်ပြုပြင်ရန်လည်း အခက်ကြုံနေရသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘာအကူအညီမှမရနိုင်သေးဘူး၊ သူတို့ဘာသာ နည်းနည်းပါးပါးသူတို့ ဆွေမျိုးတွေစီ အကူအညီယူပြီးမှ နည်း နည်းပါးပါး ပြန်ပြင်တဲ့ဟာတွေပဲရှိတယ်၊ လုံးလုံးပျက်စီးတဲ့ဟာတွေအတွက်တော့ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အတွက် သူတို့က အမျိုးတွေနဲ့ ပေါင်းပြီးတော့ ခဏတဖြုတ်အဲ့လိုပဲနေကြတာ၊ ပြန်ပြင်တာတွေမရှိသေးဘူး။”

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ အိမ်ခြေ ၁၂၁၁၊ မင်းတပ်မြို့နယ်မှာ ၆၅၄၊ ပလက်ဝမြို့နယ်မှာ ၄၀၀၊ ကန်ပက်လက်မြို့နယ်မှာ ၂၁၁၊ ဟားခါးမြို့နယ်မှာ ၁၀၅၊ ဖလမ်းမြို့နယ်မှာ ၁၀၀၊ တီးတိန်မြို့နယ်မှာ ၅၁ နှင့် ထန်တလန်မြို့နယ်မှာ ၄၁ အိမ် စုစုပေါင်း ၂၇၇၄ အိမ်ပျက်စီးခဲ့ပြီး တွန်းဇံမြို့နယ်တွင် အပျက်အစီးမရှိကြောင်း ကြားကာလချင်းရေးရာအတိုင်ပင်ခံကောင်စီ ICNCC ၏ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ချင်းပြည်နယ်တဝှမ်း စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၀၂ ခု၊ ကျန်းမာရေး အဆောက်အအုံ ၁၂ ခု၊ စပါးကျီ ၂၅၉ ခု၊ ခန်းမဆောင် ၆ ခုတို့ ပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ နွားနောက် အကောင် ၅၀၊ ကြက်၊ ဘဲ ၁၃ ကောင်နှင့် ဝက်၊ ဆိတ် ၆ ကောင် သေဆုံးခဲ့သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်မြို့နယ်များအတွက် ပျက်စီးသွားသော လူနေအိမ်နှင့် အခြားအဆောက်အအုံ များ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာ၊ တာလပတ်၊ စပါးကျီပျက်စီးသွားသည့် ဒေသများ အတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်နှင့် အခြေခံအိမ်သုံးဆေးဝါးများလည်း ကူညီထောက်ပံ့ရန် အရေး ပေါ် လိုအပ်သည်ဟု ICNCC က ထုတ်ပြန်ထားသည်။

November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...
November 7, 2024
ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများ နေ့စဉ်နှင့်အမျှ...
November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...