အင်းတော်ကြီးရေလယ်ဘုရား နတ်လမ်း ပြန်ပေါ်လာ/ရာသီဥတုဖောက်ပြန်မှုကြောင့်ဟု ဒေသခံများသုံးသပ်

အင်းတော်ကြီးရေလယ်ဘုရား နတ်လမ်း ပြန်ပေါ်လာ/ရာသီဥတုဖောက်ပြန်မှုကြောင့်ဟု ဒေသခံများသုံးသပ်
Photo- ပေါ်ထင်
Photo- ပေါ်ထင်

အင်းတော်ကြီးရေလယ်ဘုရားသွားတဲ့ နတ်လမ်းလို့ ဒေသခံတွေခေါ်တဲ့ လမ်းဟာ မေလကုန်ကစပြီး ပြန်ပေါ်လာခဲ့ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေလ နောက်ဆုံးအပတ်အတွင်းမှာ အင်းတော်ကြီးဒေသတွင်း နေ့အပူချိန်မြင့်တက်နေပြီး ကန်ရေတွေ လျော့ကျ လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အင်းတော်ကြီး ဒေသခံတစ်ဦးက “နတ်လမ်းဆိုတာ လှိုင်းတွေပုတ်ပြီးတော့ အမြင့်ကုန်းလေးမှာ အဲ့လိုတင်ပြီး ဖြစ်တာလေ။ ရာသီဥတုပါ့လေ။ ဒီနှစ် က မိုးကလည်းမရှိဘူး။ ဒီနှစ်က နေကလည်း အပူချိန်က ၄၀ ကျော်တယ် လေ။ ၃၈ အဲ့တာတွေက အနည်းဆုံး လို လိုဖြစ်နေတာလေ သဘာဝပျက်စီးတော့ ရေတွေက တအားခန်းပြီ လေ။ နောက်ဆို နတ်လမ်းဆိုတဲ့နေရာက ခဏ လေး နစ်ပြီးတော့မှ ခဏလေးပြန်ပေါ်နိုင်တယ်” လို့ ပြောပါ တယ်။

အင်းတော်ကြီးကန် အတွင်းကို စီးဝင်နေတဲ့ ချောင်းများထဲ ရွှေတူးဖော်မှုတွေကြောင့် ချောင်းအများစု ပျက်စီးပြီး ကန်အတွင်းရေတွေ ကောင်းကောင်းမွန်မွန် မစီးဝင်နိုင်တော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန်အတွင်းကို  နန့်မွန်းတောင်ခြေမှ စီးဝင်တဲ့ ချောင်းများ၊ မိုင်းနောင်ကျေးရွာကျေးရွာမှ စီးဝင်လာတဲ့ ချောင်း တွေ ဖြစ်တဲ့ နန့်ရင်းခါ၊ မိုင်းနောင်ချောင်းတွေဟာ ရေစီးဝင်နိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

အင်းတော်ကြီးဒေသရှိ ရှမ်းနီလူငယ်တစ်ဦးက “သဘာဝပတ်ဝန်းကျင်ကိစ္စပေါ့လေ။ ရွှေတူးဖော်ကြတာ ပေါ့ လေ။ သစ်လုပ်တာတွေလည်း ပါတယ်။ အင်းတော်ကြီး အနောက်ကမ်းဘက်မှာ ရွှေတွေ တအားလုပ်ကြတယ် လေ။ ဘာမှမရှိတော့ဘူး။ သစ်တွေလည်း မရှိတော့ဘူးလေ။ ရွှေတူးတာတွေလည်း ဟတ်ဟိုးတွေ စက်ယန္တရား တွေနဲ့လေ။ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ပါမယ်။ ဒေသခံတွေက ဒီလိုလုပ်တာကို တားဆီးချင်ကြ ပေမယ့် သေနတ် ကိုင်ထားတဲ့သူတွေကို ကြောက်ရတယ်လေ။ ငွေပေးပြီးလုပ်ကြတာလေ” လို့ ပြောပါတယ်။

အင်းတော်ကြီး ရေလယ်ဘုရားသွားတဲ့ နတ်လမ်းက ဘုရားပွဲရာသီဖြစ်တဲ့ မတ်လတွင် ပေါ်လာတတ်တယ်လို့ အင်းတော်ကြီးဒေသရှိ ရှေးလူကြီးတွေက ဆိုထားကြပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်  မေလမှာ နတ်လမ်းက သိသိသာသာပြန်ပေါ်လာခဲ့ပြီး အဲ့ချိန်က သဘာဝ ပတ်ဝန်း ကျင် ပျက်စီးမှုတွေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့်လို့ ဒေသခံ ရှမ်းနီ ရပ်မိရပ်ဖတွေက ရှမ်းနီအသံ ကို ပြောဆို ထားပါတယ်။

ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်မှ တစ်ကြိမ် သိသိသာသာပေါ်လာတတ်တဲ့ “နတ်လမ်း” ဟာ လက်ရှိမှာ သုံးနှစ်တစ်ကြိမ် ပေါ်လာနေပြီ ဖြစ်တယ်လို့ အင်းတော်ကြီး  ဒေသခံတွေက ပြောပါတယ်။

အင်းတော်ကြီးဒေသကို ၂၀၁၆ ခုနှစ်မှာ ယူနက်စကို စာရင်းဝင်တဲ့ လူသားနှင့်ဇီဝ အဝန်းအဝိုင်းနယ်မြေ အဖြစ် သတ်မှတ်ထားပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် တရားမဝင် ရွှေတူးဖော်မှုတွေ အပြင် သစ်ထုတ်လုပ်မှုတွေကို လုပ်ဆောင် နေကြပါတယ်။

ပိုမိုများပြားလာတဲ့ တရားမဝင်ရွှေတူးဖော်မှုတွေနဲ့ ဒေသတွင်းရှိ သစ်ထုတ်လုပ်မှုတွေကို ဒီနေ့အချိန်ထိ တားဆီး နိုင်ခြင်းမရှိသေးဘူးလို့ အင်းတော်ကြီး ဒေသခံတွေက ပြောပါတယ်။

Most read this week

November 13, 2024
မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှာရှိတဲ့ VIP KTV မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀...
November 13, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA  နှင့် PDF တို့...
November 9, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်မှာ အိမ်ထောင်စု(၁)ထောင်ခန့် နေထိုင်နိုင်တဲ့...
November 8, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ...