တော်လှန်ရေး နှစ်နှစ်တာကာလအတွင်း KNDF ရဲဘော် (၁၅၃) ဦး ကျဆုံး

တော်လှန်ရေး နှစ်နှစ်တာကာလအတွင်း KNDF ရဲဘော် (၁၅၃) ဦး ကျဆုံး

အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ နှစ်နှစ်တာအတွင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ရဲဘော် (၁၅၃) ဦး ကျဆုံးသွားခဲ့ရတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါ တယ်။

ခွန်းဘီထူးက “KNDF ကိုဖွဲ့စည်းတည်ထောင်ပြီး  ဒီကနေ့ ဒီအချိန်အထိ တိုက်ပွဲမှာ တိုက်ပွဲမှာ ရွံ့ရွံ့ချွန်ချွန် တိုက် ခိုက်ရင်းနဲ့ ကျနော်တို့ တိုက်ပွဲမှာ ကျနော်တို့ ရဲဘော် ၁၅၃ ဦးပေါ့နော်။ ဒါ ဒီလပိုင်းစာရင်းအချုပ်မှာ ကျဆုံးခဲ့ရ တဲ့ အခြေအနေမျိုး ဖြစ်ပြီးတော့မှ ဒီထိခိုက်ဒဏ်ရာရမှုတွေကလည်း အကြီးစား ထိခိုက်ဒဏ်ရာရမှုတွေက လည်း ၇၀ ကျော်ရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို ဖော်ဆောင်နိုင်ခဲ့သလို စစ်ကောင်စီ စခန်းငယ်သိမ်းယူမှု ၁၀ ခုမှာလည်း ပူး ပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ပေါင်း ၆၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သလို KNDF အနေနဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ဝယ်ယူ သိမ်းဆည်းတဲ့အပိုင်း ပိုမိုကောင်းမွန် လာတယ်လို့ KNDF နှစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတယ်။

လက်ရှိ KNDF မှာရှိတဲ့ ရဲဘော်တွေဟာလည်း တော်လှန်ရေး နှစ်နှစ်အတွင်း တိုက်ရည်ခိုက်ရည် သိသိသာသာ တိုး တက်လာတယ်လို့လည်း ခွန်းဘီးထူးက ဆက်ပြောပါတယ်။

KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက “ကျနော် KNDF ဥက္ကဋ္ဌဖြစ်တဲ့အခါမှာ ကျနော်တို့ ဦးဆောင်မှုတွေ ပျက်ကွက်တဲ့ အခါ တိုင်းမှာ ကျနော်တို့ရဲ့တပ်မှူးတွေက ဒီတာဝန်ဝတ္တရားကို ကျေကျေပွန်ပွန်နဲ့ယူပါတယ်။ သူတို့ ကျေပွန်ရုံမက ဘူး။ သူတို့ ကြိုးစားတဲ့ဟာတွေထက် ရဲဘော်တွေ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့ ခိုင်မာတဲ့ ခံယူချက်တွေက ရှေ့မှာ ရောက်နေတယ်။ သူတို့တွေက ဒီဟာကို ခိုင်ခိုင်မာမာဆက်သွားမယ် နောက် ဒီစည်းကမ်းတွေ ရှိရမယ်။ ပြီးရင်တော့ ဒီရန်သူကို ချေမှုန်းနိုင်ရမယ်ဆိုတာကို ခိုင်ခိုင်မာမာယုံကြည်ပြီးတော့ လုပ်သွားတဲ့အတွက် ဒါက သူ တို့တွေရဲ့ အောင်မြင်မှုတွေပဲပေါ့နော်။ ခဏက ပြောတဲ့ တပ်ဖွဲ့အင်အားတိုးတာထက် ကျနော်တို့ အဓိကကျတဲ့ စိတ်ဓာတ်အင်အားနဲ့ အရည်အချင်းပိုင်းတွေကို ပိုင်ဆိုင်တာက KNDF ရဲ့ အနစ်သာရကျဆုံး အရာတွေဖြစ်ပါ တယ်” လို့ ပြောပါတယ်။

KNDF အဖွဲ့ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက တစ်ခု ဖြစ်ပြီး လက်ရှိမှာ တခြား တော်လှန်ရေးအဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

ကရင်နီပြည်မှာ တော်လှန်ရေး နှစ်နှစ်ကာလအချိန်အထိ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ တွေပြင်းထန်ဖြစ်ပွားနေကြဆဲဖြစ်ပါတယ်။

ဓာတ်ပုံ - KNDF B - 02

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...