မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံး

မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံး

ရှမ်း-ကယား(ကရင်နီ) အစပ်၊ ရှမ်းတောင်ဘက်ခြမ်းရှိ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်မှု၊ လက်နက်ပစ်ခတ်မှုတွေကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ရတယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူအရပ်သား ၄ ဦးထဲက ၃ ဦးဟာ စစ်ကောင်စီရဲ့ လေတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတာဖြစ်ပြီး ကျန်ပြည်သူတစ်ဦးကတော့ တောင်ယာသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

“သုံးယောက်ကတော့ လေယာဉ်ကြဲတယ်ပေါ့နော်။ ရပ်ကွက်ထဲမှာနေရင်းနဲ့ လေယာဉ်ကြဲတဲ့အချိန်မှာ အဲ့မှာ သေ ဆုံးတယ်ပေါ့နော်။ နောက်တောင်ယာသွားတဲ့ တစ်ယောက်က ရပ်ကွက်မှာပဲနေပြီးတော့မှ တောင်ယာက ရွာနံ ဘေးမှာပဲရှိတယ်ကော။ အဲမှာသွားရင်းနဲ့ ေ-ွး(စစ်ကောင်စီ) တွေက သေနတ်နဲ့ပစ်တာပေါ့။ လက်နက်ငယ်နဲ့ ပစ်သေးတယ်ပေါ့နော်။ စစ်ကောင်စီက ပြောရမယ်ဆိုရင် သူတို့က ပြည်သူကိုပြည်သူမှန်းမသိ နောက်ပြီးတော့ တော်လှန်ရေးမှန်းမသိ ရမ်းသန်းလျှောက်ပစ်မှာတော့ သေချာတယ်” လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။

မေလ ၂၇ ရက်နေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးဗြဲ PDF တာဝန်ရှိသူက ပြောပြသွားတာပါ။

အဲဒီရက်မှာပဲ မိုးဗြဲမြို့ပေါ်က ညောင်ဝိုင်းနဲ့ ပေါ်ဦးရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကို လုပ်ဆောင်ခဲ့တာကြောင့် ညောင်ဝိုင်းဘုန်းကြီးကျောင်း အပါအဝင် နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့ မေလ ၂၈ ရက်နေ့ မနက်စောအချိန်မှာ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတစ်နေရာကို လေယာဉ်နဲ့ ၂ကြိမ်ခန့် လာပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပစ်ခတ် တိုက် ခိုက်မှုကြောင့် အရပ်သားပြည်သူ ( ၄ ) ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ( ၃ ) လုံး ပျက်စီးခဲ့ပါတယ်။

လတ်တလော မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ အကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုရပါတယ်။

မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာတဲ့ ခရီးသွားမိဘပြည်သူတွေ အနေနဲ့ မိမိလုံခြုံရေးကို အထူးဂရုပြုကြဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

“အချိန်မရွေး တိုက်ပွဲပြင်းထန်ဖြစ်နိုင်တယ်ပေါ့နော်။ အဲ့မျိုးအခြေအနေဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက်မှာ နေတဲ့ ပြည်သူတွေ ကတုတ်ကျင်းပဲဖြစ်ဖြစ် နောက်ပြီးတော့ လုံခြုံတဲ့နေရာဖြစ်ဖြစ် သွားနိုင်ရင်ပိုကောင်းတယ် ပေါ့။ ဒါမှပဲ ထိခိုက်ဆုံးရှုံးမှုက ပိုနည်းမှာပေါ့နော်” လို့ မိုးဗြဲ PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ယမန်နေ့ မေလ ၂၉ ရက်နေ့ညမှာလည်း မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံလူထုတွေက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...