မွန်ပြည်သစ်က PPST နှင့် အတူ စစ်ကောင်စီ ဆွေးနွေးပွဲများ တက်ရောက်တော့မည်မဟုတ်

မွန်ပြည်သစ်က PPST နှင့် အတူ စစ်ကောင်စီ ဆွေးနွေးပွဲများ တက်ရောက်တော့မည်မဟုတ်

မွန်ပြည်သစ်ပါတီ NMSP က NCA အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နှင့် အတူ စစ်ကောင်စီနှင့် သွားရောက် တွေ့ဆုံမည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်မှာ မဟုတ် တော့ကြောင်း နေပြည်တော်ကို ပေးပို့သည့် စာထဲတွင် ထည့်သွင်းရေးသားထားသည်။

စစ်ကောင်စီက ဖိတ်ခေါ်သည့် နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲများကို PPST နှင့်အတူ သွားရောက်မှာ မဟုတ် တော့ဘူးဟု နေပြည်တော်ကို ပေးပို့သည့် စာထဲတွင် မွန်ပြည်သစ်ပါတီ NMSP က ထည့်သွင်းရေး သားထားခြင်း ဖြစ်သည်ဟု PPST ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“ပူးပေါင်းဆောင်ရွက်တဲ့ဟာကို လျော့ချတဲ့သဘောမျိုး နေပြည်တော်ကတော့ မသွားတော့ဘူးပေါ့။ နေပြည် တော် သွားတိုင်းမှာ ဆွေးနွေးတိုင်းမှာ သူတို့ အဆင်မပြေဘူးပေါ့လေ ဒါကြောင့် သူတို့ နေပြည်တော်ဆွေး နွေးပွဲတွေတော့ မသွားတော့ဘူး။ စစ်တပ်နဲ့ သွားရောက်တွေ့ဆုံတာတွေ မလုပ်တော့ဘူးလို့ အဲဒါကို သူစာထဲမှာ တွေ့ရပါတယ်။ အခုကစာက သူက နေပြည်တော်ကို ပေးတဲ့စာပါ။ အဲဒါက ကျနော်တို့ကို ဖတ်ပြလို့ ကြားရပါ တယ်။”

မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံမည့် ဆွေနွေးပွဲများတွင် PPST နှင့်အတူ မပါဝင်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောပါတယ်။

“ကျနော်တော့ သူပြောတာတော့ မကြားဘူးဗျား။ သူ့စာထဲမှာတော့ တစ်ဖက်စောင်းနင်း ဆွေးနွေးတာဘာတွေ ရှိ တယ်။ သူတို့ ဘယ်သောအခါမှ သူတို့ ဆွေးနွေးချက်တွေက အရေးတယူ မရှိဘူးပေါ့ဗျား။ အဲ့ဒါ အဲ့သလိုတော့ ပြောတာ ကြားတယ်ဗျာ။”

မွန်ပြည်သစ်ပါတီ NMSP က နေပြည်တော်ကို သွားရောက်မည့် တွေ့ဆုံဆွေးနွေးပွဲများတွင် PPST နှင့်အတူ မပါ မဝင်တော့သော်လည်း အခြား လုပ်ဆောင်ရမည့် ကဏ္ဍများတွင် ပါဝင်နိုင်ဖို့ ညှိနှိုင်းနေသည်ဟု PPST ဦးဆောင် ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက် ပြောသည်။

“အခုတော့ ကျနော်တို့ အပြန်အလှန်ညှိနှိုင်းနေတုန်းပဲ ခင်ဗျာ။ ဘယ်လိုကဏ္ဍပါမလဲ ဘယ်လိုကဏ္ဍ မပါနိုင်ဘူး လဲဆိုတာ ညှိနှိုင်းနေတယ်။ ပါတော့ပါမှာပါ။ တစ်ချို့ ဥပမာဗျာ နိုင်ငံခြားရေး လုပ်ငန်းတွေမှာ ပါနိုင်တာပေါ့။ နိုင်ငံခြား သွားတာတို့ နိုင်ငံခြားက အကူအညီတွေ ရယူတာတို့ အဲဒီကိစ္စကျတော့ နေပြည်တော်ကလည်း မဆိုင် ဘူးလေ။ အဲဒီလို မဆိုင်တဲ့ ကိစ္စတွေမှာကျတော့ ပါဝင်လိမ့်မယ်လို့တော့ ကျနော်တို့ ယူဆရတာပေါ့လေ။”

PPST ကို NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ဖွဲ့နှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက် အဖွဲ့ဝင် ၁၀ ဖွဲ့ ထဲက ၇ ဖွဲ့သာ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ NMSP ကလည်း ယခုကဲ့သို့ နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲများကို တက်ရောက်မှာ မဟုတ် တော့ကြောင်း ပြောဆိုလိုက်သည့်အတွက် အဖွဲ့ ၆ ဖွဲ့ကပဲ စစ်ကောင်စီနှင့် ဆွေးနွေးပွဲများကို လုပ်ဆောင်ရမည်ဟု ဆိုသည်။

PPST အဖွဲ့ထဲတွင် ပါဝင်ပြီး နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်မည့် အပစ်ရပ်အဖွဲ့ များမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/SSA၊ ရခိုင် ပြည် လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဖြစ်ကြသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...