ဒဘတ်ချောင်းရွှေတူးဖော်မှု အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

ဒဘတ်ချောင်းရွှေတူးဖော်မှု အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံး ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဝိုင်းမော်မြို့နယ်၊ ဂါးရာယာန်၊ ကဇူး၊ ဒဘတ်ကျေးရွာများကိုဖြတ်၍ စီးဆင်းနေသော ဒဘတ်ချောင်းတွင် ရွေတူး ဖော်မှုကြောင့် မြစ်ကမ်းပါးပြိုခြင်း ချောင်းရေပျက်စီးလာသည့်အပြင် ရေလမ်းကြောင်းများလွှဲလာခြင်းများ ဖြစ် ပေါ်လာသည့်အတွက် အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဒေသခံတစ်ဦးက “ဒေသခံတွေက ကန့်ကွက်ချင်ကြတယ်၊ ကျွန်တော့အနေနဲ့ကတော့ နည်းနည်းလေးမှ မတူး ခိုင်း စေချင်ဘူး၊ သူ့သဘာဝ အတိုင်းဘဲရှိနေစေချင်တယ်၊ ချောင်းက ရွှံ့ရေဖြစ်နေပြီ၊ သူတို့ကို ရပ်တန့်ခိုင်းစေ ချင်တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အုပ်ချုပ်ရေးမှူး တချို့က တူးခိုင်းနေတဲ့အတွက် ကျွန်တော်တို့ ကန့် ကွက်ချင်ပေမယ့် ကန့်ကွက်လို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်များတွင် ယင်းချောင်းရေကို အမှီပြုပြီး ချောင်းအနီးပတ်ဝန်းကျင်မှ ဒေသခံများသည် နေအိမ် ဆောက် လုပ်ရန်အတွက် ဝါးများဖောင်ဖွဲ့ကာ ချောင်းမှတစ်ဆင့်မျှောယူတာတွေ လုပ်ဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင်မှု ရွှေတူးဖော်မှုကြောင့် ချောင်းအလယ်တွင် ရွှေဖောင်များ၊ ကြိုးများအပြင် သဲသောင်များပေါ် ထွန်း နေပြီ ဖြစ်သည့်အတွက် ခက်ခဲမှုများစွာရှိနေကြောင်း သိရသည်။

ထို့အပြင် သောက်ရေ၊ သုံးရေအဖြစ် အသုံးနေကြရသည့် အဆိုပါချောင်းရေသည် ရွှေတူးဖော်မှုကြောင့် ချောင်း ရေများနှောက်ကာ စိုက်ပျိုးရေးအတွက်ပင် အသုံးပြု၍ မရတော့ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ရွှေတူးဖော်မှုကြောင့် နောက်ပိုင်းတွင် ရှိလာနိုင်သည့် ဒေသအတွင်းထိခိုက်မှုများကို ၎င်းက KNG ကို ယခုကဲ့သို့ ဆက်ပြောသည်။

“နောက်ပိုင်းဆို တစ်ဖြေးဖြေးနဲ့ စိုက်ပျိုးရေးတွေလည်း လုပ်လို့ရတော့မှာမဟုတ်ဘူး။ ရွှေတူးတဲ့ နေရာမှာသုံး တဲ့ ပြဒါးတွေကြောင့် အခုဆို ငါးတွေမျှားစားရင်တောင် သတိထားရတော့မယ်။ စိုက်ပျိုးခြံတွေထဲမှာ သဲတွေ လာ ပိတ်တော့ ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး။ ကျောက်တွေပိတ်ပြီး ရေလမ်းကြောင်းတွေလည်း အကုန် ပြောင်း နောက်ဆို ရွာထဲကို ရေတွေဝင်လာတော့မှာ” ဟု ပြောသည်။

ရွှေတူးဖော်သည့်နေရာသည် ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင်သာရှိ၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလမှ စတင်တူး ဖော်ခဲ့ပြီး လက်ရှိတွင် စက်ယန္တရားကြီး ၂ ခုနှင့် ရွှေတူးဖောင် ၅၀ ရှိနေပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အထက်ပါ ဒဘတ်ချောင်းသည် တရုတ်ပြည်နယ်စပ်မှ မြစ်ဖျားခံပြီး ဝိုင်းမော်မြို့နယ် တာလောကြီး သို့စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။ ချောင်းတစ်လျှောက်ရှိ ကျေးရွာ စုစုပေါင်း ၃၀ နှင့် လူဦးရေ ၁၀၀၀၀ ခန့်သည် ၎င်း ချောင်းကို မှီခိုပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...