စစ်ရှောင်များ ပြောင်းရွှေ့မည့်နေရာတွင် ရေအခက်အခဲ ကြုံနိုင်

စစ်ရှောင်များ ပြောင်းရွှေ့မည့်နေရာတွင် ရေအခက်အခဲ ကြုံနိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများ သောက် သုံးရေ အခက်အခဲဖြစ်နေသည် နမ့်ဖက်ကာ နယ်မြေ (၄) ရပ်ကွက်တွင် ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သော ကြောင့် စစ်ရှောင်များက စိုးရိမ်နေကြသည်။

ယခုစစ်ရှောင်များ ပြောင်းရွှေ့နေထိုင်ရမည့် နေရာသည် နှစ်စဉ် ရေပြဿနာ အခက်အခဲရှိနေသည့် နေရာဖြစ်ပြီး လက်ရှိတွင် စစ်ရှောင်မိသားစု ၈ စုခန့် ပြောင်းရွှေ့နေပြီးဖြစ်ရာ ၎င်းတို့လည်း အဆိုပါ ရေပြဿနာနှင့် ရင်ဆိုင်နေ ရသည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်အတွင်းရှိ အမျိုးသမီးကြီးတစ်ဦးက “သောက်သုံးရေက တကယ်ကို အခက်အခဲ ဖြစ်နေပါတယ်။ ရေ အခက်အခဲ ပြဿနာက အခုကျမတို့ အိမ်ထောင်စု နည်းနည်းလေးပဲ ဆိုရင်တောင်မှ ရေကို လုပြီး သုံးနေရ တယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာပဲ နည်းနည်းထွက်ရှိနေတဲ့ ရေကို အားလုံးလုပြီး ခပ်ယူနေရတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များသည် အနီးရှိ လယ်ယာများထဲ ရေပေးဝေသည့် ရေမြောင်းမှ ထွက်သော ရေကိုသာ အဓိက ထား အသုံးပြုကြနေပြီး နှစ်စဉ် ရေ ခမ်းခြောက်သည့် နွေရာသီနှင့် မိုးမကျခင်အချိန်ထိ အဆိုပါ မြောင်းတွင် လည်း ရေများက ခမ်းခြောက် ကုန်သည်ဟု ဒေသခံများက ပြောသည်။

စစ်ရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ “ကလေးတွေများတယ်၊ အမျိုးသမီးတွေ များ တယ် ဆိုတော့ သူတို့က အဝတ်လျှော် ရေချိုးမယ်ဆိုရင်လည်း စစ်ရှောင်စခန်းကနေ မိနစ် ၄၀ လောက် လမ်း လျှောက်ရ တဲ့ နမ့်မော်ချောင်းကို သွားရတယ်။ အဲ့ဒီနေရာမှာပဲ သွားချိုးရတယ်။ သွားလျှော်ရတယ်။ ဘယ် လောက်ဝေးဝေးပေါ့။ အသက်ကြီးပြီး အဘွားအို အဘိုးအိုတွေကသာ စစ်ရှောင်အတွင်း မြောင်းကထွက်တဲ့ ရေကို ခပ်စုဆောင်း ပြီး အသုံးပြုရတယ်။ အဝတ်အစားတွေကို ဆိုရင်လည်း မလျှော်ရတဲ့ အခြေအနေ ဖြစ်နေ ပါတယ်” ဟု အဆိုပါအမျိုးသမီးကြီးက ဆက် ပြောသည်။

နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ကြသည့် စစ်ရှောင်မိသားစုများ ကြုံတွေ့ရသည့် အခြေအနေများကို ပြောပြ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေရာသို့ စစ်ရှောင်လူဦးရေ ၃၀၀ ကျော်သည်လည်း မိုးရာသီမဝင်ခင် ပြောင်းရွှေ့နိုင်ရေး စီစဉ်နေကြ သောကြောင့် ယခုကြုံနေရသော ရေပြဿနာအခက်အခဲကိုလည်း သက်ဆိုင်ရာမှ ကူညီဖြေရှင်းပေး ရန်တောင်း ဆိုနေကြသည်။

ယခုစစ်ရှောင်များ နမ့်ဖက်ကာ နယ်မြေ ၄ ရက်ကွက်ထဲ ပြောင်းရွှေ့နေထိုင်နိုင်ရေး ဒေသခံ ခရစ်ယာန် အသင်း တော်များနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ကူညီဆောင်ရွက်ပေးမည်ဟု ဆိုသည်။

စစ်ရှောင် အမျိုးသမီးတစ်ဦးက “ဒီအသင်းတော်ကျောင်းဝင်းမှာ ကျမတို့က ဆယ်နှစ်ကျော် နေလာတယ် ဆို တော့ အသင်းတော်လည်း သူတို့လုပ်ငန်းစီမံချက်တွေ ရှိတယ်။ ဒီမှာ အဆောင်အအုံတွေ တည်ဆောက်ဖို့ သူ တို့မှာ သူတို့ရဲ့ စီမံကိန်းတွေရှိတယ်ပေါ့။ ဒီမှာက ဆယ်နှစ်ကျော်ကြာလာပြီ ဆိုတော့ အခုဆောက်ထားတဲ့ အိမ် တိုင်တွေကလည်း မခိုင်တော့ဘူး။ အဲ့ဆိုရင် ကျမတို့က ဒီအသင်းတော် နေရာမို့လို့ ကျမတို့က ပြောင်းရွှေ့ရခြင်း ဖြစ်တယ် ပေါ့” ဟု ပြောသည်။

နမ့်ဖက်ကာ စစ်ရှောင်စခန်းရှိ အိမ်ထောင်မိသားစု ၆၂ စုက လူဦးရေ ၃၀၀ ကျော်အတွက် တစ်အိမ်ထောင်စုလျှင် ပေ ၄၀×၆၀ ပတ်လည်စီ မြေအကွက်ရိုက် ခွဲဝေပေးပြီး၊ ICRC က လုံးချင်းအိမ် ဆောက်လုပ်ပေးရန် ပြင်ဆင်ထား ပေးပြီး ယခု မေလဆန်းပိုင်းချိန်မှ စတင်၍ ဆောက်လုပ်နေကြပြီဟု ပြောသည်။

ဆယ်စုနှစ် တစ်စုကျော်အကြာ နေရပ်စွန့်ခွာကာ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းတွင်နေထိုင်နေရသည့် စစ်ရှောင် များသည် ရှမ်းပြည်မြောက်ပိုင်း၏ နမ့်ဆုံကျေးရွာ၊ ဒိန်ဂရိကျေးရွာ နှင့် လွယ်ငေါမ့်ကျေးရွာမှ စစ်ရှောင်များ ဖြစ် ကြသည်။

အဆိုပါနေရာများတွင် ယနေ့အချိန်ထိ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်း ဝင်ထွက် သွားလာလေ့ရှိနေသည်။

ထို့ကြောင့် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ရေးမှာ အဆင်မပြေသေးသောကြောင့် ဒေသခံအာဏာပိုင်များ၊ ဘာ သာရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ အကူအညီများကို ရယူပြီး ယခုကဲ့သို့ ပြောင်းရွှေ့ ကြရန် စီစဉ်နေကြခြင်း ဖြစ်သည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...