တောဆင်ရိုင်းတစ်ကောင် အဆိပ်မြှားဒဏ်ရာဖြင့် သေဆုံး

တောဆင်ရိုင်းတစ်ကောင် အဆိပ်မြှားဒဏ်ရာဖြင့် သေဆုံး

ငပုတောမြို့နယ် မြစ်တစ်ရာ ကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် အဆိပ်မြှားဖြင့် ပစ်ခတ်ခံထားရ သည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံများ က ပြောသည်။

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု ငရုတ်ကောင်းတောင်ရွာအနီး မြစ်တစ်ရာ ကြိုး ဝိုင်းအတွင်း အဆိပ်မြှားဖြင့် ပစ်ခတ်ခံရပြီး အဆိပ်သင့်ကာ သေဆုံးနေသည်ကိုတွေ့ရခြင်း ဖြစ်သည်ဟု သစ် တောဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

“အဆိပ်လူးမြှားနဲ့ ပစ်ခံရပြီး အဲဒီဒဏ်ရာနဲ့ပဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်ထဲက သေနေတာလို့ ဆင်ဆရာဝန် က ပြောပါတယ်။ ဆင်မုဆိုးတွေ လက်ချက်ဆိုတာ သေချာတယ်” ဟု ပုသိမ်ခရိုင် သစ်တောဦးစီးဌာန နှင့် နီးစပ် သူတစ်ဦးက ပြောသည်။

အဆိပ်မြှား ပစ်ခတ်ခံရပြီး သေနေ‌သောဆင်သည် အမြင့် ၆ ပေ ၁၀ လက်မရှိပြီး အသက် ၂၅နှစ်ခန့်ရှိသော ဆင်အမ တစ်ကောင်ဖြစ်သည်ဟု ပြောသည်။

ဒဏ်ရာရပြီး အဆိပ်သင့်သေဆုံးနေသည့် တောဆင်ရိုင်းကို မေလ ၁၄ ရက်နေ့က ဒေသခံများမှ တွေ့ရှိခဲ့ပြီး

ပုသိမ်ခရိုင် သစ်တောဦးစီးဌာနသို့ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ငရုတ်ကောင်းတောင်ကျေးရွာ အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

“ဆင်က အဆိပ်မြှားနဲ့ ပစ်ခံရတော့ ပြေးရင်းလွှားရင်း ရွာနားကပ်လာတာဗျ။ ရွာနားဆိုတော့ မုဆိုးတွေက ဆင်အရည်ခွံခွာဖို့ မဖြစ်နိုင်တော့လို့ ဒီတိုင်းထားသွားတာ။ သစ်တော တာဝန်ရှိသူတွေက ဆင်သေကောင်ကို တောထဲမှာပဲ မီးရှို့ ဖျက်ဆီးခဲ့တယ်” ဟု ကျေးရွာအုပ်လျုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ဧရာ၀တီတိုင်း ပုသိမ်ခရိုင်ထဲ၌ ၂၀၂၃ ခုနှစ် ဇန္နဝါရီလမှ မေလအထိ ၅ လအတွင်းမှာပင် ဆင်သတ် မုဆိုးများ ၏ လက်ချက်ကြောင့် သေဆုံးရသည့် တောဆင်ရိုင်း ၅ ကောင်ရှိနေပြီ ဖြစ်သည်။

“အရင်က သစ်တောရဲတွေနဲ့ ဒေသခံဆင်ချစ်သူတွေ ပူးပေါင်းပြီး ကင်းလှည့်တာတွေ လုပ်ကြတယ်။ စစ်တပ် အာဏာသိမ်ပြီးနောက်ပိုင်းမှာ မလုပ်တော့ဘူး။ အဲဒီတော့ ဆင်သတ်မုဆိုးတွေက စိတ်ကြိုက်ဖြစ်ပြီး မွှေချင် တိုင်း မွှေနေတော့တာ။ တောဆင်ရိုင်းတွေ အတွက်ကတော့ အကာအကွယ်မဲ့ နေတာပေါ့ဗျာ” ဟု ဒေသခံ ဆင်ချစ်သူ တစ်ဦးကပြောသည်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ချောင်းသာဒေသ ကန်ကြီး ကျေးရွာအုပ်စုတွင် ဟိုင်းဆင်တစ်ကောင်၊ မတ်လ ၇ ရက်နေ့က ငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်းတွင် စွယ်စုံဆင် တစ်ကောင် အသတ်ခံခဲ့ရသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း သာပေါင်းမြို့နယ်၊ ကညင်ချောင်းဖျားတွင် တောဆင်ရိုင်း ၂ ကောင် အသတ်ခံခဲ့ပြီး ဖြစ်သည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...