ဆင်ဖြူကျွန်းမြို့ ရေတက်လာစဉ် လူပျောက်ကြော်ငြာခဲ့သည့် အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းပြန်တွေ့

ဆင်ဖြူကျွန်းမြို့ ရေတက်လာစဉ် လူပျောက်ကြော်ငြာခဲ့သည့် အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းပြန်တွေ့

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းစတင်ဝင်ရောက်လာ သော မေလ ၁၄ ရက်နေ့က တောင်ကျရေများနှင့် မိုးကြောင့် ရေကြီးရေလျှံကာ ကျေးရွာများရေနစ်ချိန် ဆင်ဖြူကျွန်းမြို့ပေါ်မှ အမျိုးသမီးနှစ်ဦး ရေစီးနှင့်အတူ မျောပါ ပျောက်ဆုံးသွားသောကြောင့် မိသားစုများမှ လူပျောက်ကြော်ငြာခဲ့သည်။

ပျောက်ဆုံးခဲ့သူများမှာ ဒေါ်အေးသန်း (အသက် ၇၀ နှစ်)နှင့် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုး (အသက် ၄၄ နှစ်) တို့ ဖြစ်ကြပြီး ဒေါ်အေးသန်းကိုမူ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အလောင်းပြန်တွေ့ခဲ့ပြီး သမီးဖြစ်သူ၏ ရုပ် အလောင်းကိုမူ ထိုနေ့ ည ၈ နာရီခန့်၌ ရှာဖွေအတည်ပြုနိုင်ခဲ့သည်ဟု မိသားစုဝင်တစ်ဦးမှ ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်မှာအလုပ် သွားလုပ်နေကြတာ။ ဒီလောက်အထိဖြစ်သွားလိမ့်မယ်လည်း ထင်မထား ဘူး လေဗျာ။ တခြားသေဆုံးသူ ပျောက်ဆုံးသူတွေလည်းရှိတယ်ကြားထားပါတယ်။ အခုတော့ ဘာကိုမှအာရုံ မစိုက်နိုင်သေးဘူး နာရေးကိုပဲ” ဟု မိသားစုဝင်က ပြောသည်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော် နေစဉ် မေလ ၁၄ ရက်နေ့တွင် မကွေးတိုင်းအတွင်း မိုးကြီးကာ တောင်ကျရေများကြောင့် ချောင်းရေမြစ်ရေများ လျှံခြင်း၊ ဆည်များ ရေကျော်ခြင်းများ ဖြစ်ပွားပြီး စလင်းမြို့နယ် ရှိ ကျေးရွာ ၂၀ ခန့်နှင့်၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်ကာ ရေစီးသန်ခဲ့သည်။

ဒေသခံများမှ ထိုကဲ့သို့ဖြစ်မည်ဟု ကြိုတင်မတွက်ဆထားမိသောကြောင့် မုန်တိုင်းရှောင်ခြင်းမပြုမိကြဘဲ နေအိမ် များအတွင်းတွင်သာ ပိတ်မိနေခဲ့ကြပြီး အချို့မှာလည်း ရေစီးနှင့်အတူ မျောပါသွားခဲ့ကြသည်။

အဆိုပါ သားအမိနှစ်ဦးအပြင် ဆင်ဖြူကျွန်းမြို့ အနောက်ဘက်ရှိ နွယ်တမယ်ကျေးရွာသား အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးလည်း ဆင်ဖြူကျွန်းအောက်ဈေးရှိ၎င်းတို့၏ဆိုင်ခန်းမှ ပစ္စည်းများမျောမပါစေရန် သယ်ယူရင်း ရေမျောပါ သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ရွှေလှေရပ်ကွက်မှ သားအဖနှစ်ဦး ရေတက်ချိန်တွင် ပျောက်ဆုံးခဲ့ပြီး သားဖြစ်သူ ကလေးငယ်၏ ရုပ် အလောင်းကိုသာ ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်း ဆင်ဖြူကျွန်းဒေသခံက ပြောသည်။

ရေစီးဖြင့်မျောပါခဲ့သူများမှာ အများအပြားရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများအချင်းချင်း ပြန်လည် ဆယ်ယူကယ်ယူခဲ့မှုများကြောင့် အသက်ဘေးမှ လွတ်ခဲ့ရသူများလည်း အများအပြားရှိကြောင်း သိရ သည်။

လက်ရှိတွင် ဆင်ဖြူကျွန်းမြို့နှင့်အနီးကျေးရွာများ၌ ရေများပြန်ကျသွားပြီဖြစ်သော်လည်း နုန်းများကျန်နေခြင်း နှင့် သစ်ပင်သစ်ကိုင်းများ မျောပါခဲ့ခြင်းတို့ကြောင့် သွားလာရေးမလွယ်ကူဘဲ ကူညီကယ်ဆယ်ရေးများလည်း ခက်ခဲလျက်ရှိကြောင်း သိရသည်။

ဆင်ဖြူကျွန်းမြို့တွင် သေဆုံးခဲ့သူလူဦးရေစာရင်းအား အတည်ပြုနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...