လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ကုလသမဂ္ဂ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအား EROs နှင့် NUG တို့ တိုက်တွန်း

လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ကုလသမဂ္ဂ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအား EROs နှင့် NUG တို့ တိုက်တွန်း

အာဆီယံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေး အပ်နိုင်ရန်အတွက် ကုလသမဂ္ဂနှင့် ရော ပြင်ပမိတ်ဖက်အဖွဲ့အစည်းများဖြင့်ပါ ပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EROs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ပူးတွဲထုတ်ပြန်ကာ တိုက်တွန်းပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မေလ (၇) ရက်နေ့က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့ရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီရန် လာ ရောက်သည့် အာဆီယံ သံတမန်အချို့နှင့် အာဆီယံညှိနှိုင်းရေးရုံး (AHA Centre) မှ ကိုယ်စားလှယ်များ စီးနင်း လိုက်ပါလာသော ယာဥ်တန်းအား ထိုမြို့သို့မရောက်ရှိခင် နန်းအောကျေးရွာတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့်စပ်လျဥ်းပြီး မေလ (၁၀)ရက်နေ့ က ပူးတွဲထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ “အရင်တုန်းက နယ်စပ်ဖြတ် ကျော်ြပီး ပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲ ဖြစ်ဖြစ် စစ်ဘေးရှောင် ကူညီသူတွေရှိတယ်။ အဲဒီတုန်းကတော့ စစ်ဘေးရှောင်ပြည်သူက ဒီလောက်ထိ မရှိဘူး ပေါ့။ အခုရှိနေတဲ့စစ်ဘေး ရှောင်ဦးရေရဲ့ လိုအပ်ချက်က ကူညီနိုင်တာ ထက်ကိုကျော်လွန်နေတဲ့အတွက် အရင်က ရှိနေတဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုတွေ ပိုပြီးတော့ အားကောင်းလာဖို့ ရည်ရွယ်တာပါ” ဟု ပြောရေး ဆိုခွင့်ရှိသူ စောဆာကဒါးဖောဆိုးက ပြောသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်အး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ပူးတွဲ ထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်မှုများ အရှိန်အဟုန် မြင့်မားနေရခြင်းမှာ စစ်ကောင်စီ ၏ မတရားအာဏာသိမ်းယူမှုကြောင့် ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအား စစ်ကောင်စီနှင့်ဆက်စပ်သည့် လက်နက် ကိုင်အဖွဲ့မှ လုပ်ဆောင်ခဲ့သည်ဟုဆိုထားသည်။ ထိုသို့သော တိုက်ခိုက်ခံရမှုသည် ဘေးကင်းလုံခြုံစွာဖြင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အရေးကြီးကြောင်း သတိပေးနေသည့် အချက်ဖြစ်သည်ဟု ဆိုထား သည်။

ထို့အပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူပိုင် နေရာများအား စစ်ကောင်စီက ပစ်မှတ်ထား တိုက် ခိုက်မှုကြောင့် သေဆုံးမှုများရှိသလို နိုင်ငံတစ်ဝှမ်း ရှိပြည်သူ ၁ ဒဿမ ၅ (၁.၅) သန်းကျော်သည် လူသားချင်း စာ နာရေး အကူအညီများ ရရှိရန်လိုအပ်နေပြီး စစ်ကောင်စီ၏ပိတ်ဆို့တားဆီးမှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကပ်ဘေးတစ်ရပ်ကိုရင်ဆိုင်နေရကြောင်း ၎င်းပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ကြောင့် လိုအပ်သောအကူအညီများပိုမိုပေးနိုင်ရန် အာဆီယံအနေဖြင့် ကုလသမဂ္ဂ အပြင် ပြင်ပမိတ်ဖက် အဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထားသည့်သည်။

ထို့အပြင် ပြီးခဲ့သည့်တစ်နှစ်အတွင်း KNU ၏ လေ့လာ ဆန်းစစ်ချက်များအရ အကူ အညီများကို နိုင်ငံ၏ အရှေ့ ဘက်နှင့် အနောက်ဘက် နယ်စပ်တစ်လျှောက်မှသာ ပေးနိုင်မည်ဖြစ်ပြီး တိကျသောအချိန်၊ ယာယီအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုများနှင့် အကူအညီပေးမှု စောင့်ကြည့်ရေး လုပ်ငန်းစဥ်များအား ထည့်သွင်းဆောင်ရွက်ရန် လိုကြောင်း အကြံပြုထားသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ပြည်တွင်းမှာ ဖြစ်နေတဲ့လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့် ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးတဲ့အချိန်မှာလည်း ပစ်ခတ်မခံရဖို့ပေါ့။ နိုင်ငံတကာက တချို့အဖွဲ့ တွေက အကူအညီပေးဖို့ ကျနော်တို့ကို ဆက်သွယ်လာတာရှိပေမယ့် လောလောဆယ်မှာတော့ အစီအစဥ်ကြီး အနေနဲ့ မလုပ်ဆောင်ရသေးတဲ့အတွက် အခုလို အကြုံပြုတောင်းဆိုရတာပါ” ဟု ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ စောဆာကဒါးဖောဆိုးက ဖြည့်စွက်ပြောသည်။

ဆက်လက်၍ စစ်တပ်က အာဏာသိမ်းယူသည့် အချိန်မှစ၍ စစ်ကောင်စီ၏ ဖိနှိပ်မှုများကို ခံစားနေရသည့် ဒီမိုက ရေစီအရေး တက်ကြွလှုပ်ရှားသော ပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ရန် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များနှင့် NUG တို့က ဆန့်ကျင် တွန်းလှန်နေကြခြင်း ဖြစ်ပြီး AHA Centre ၏ အကူညီပေးရန် ကြိုးပမ်းမှု အားလည်း လက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မြန်မာနိုင်ငံ၏ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အကြပ်အတည်းကြောင့် စိုးရိမ်ပူပန်ရမှုသည် နိုင်ငံတကာ အဆင့်ကိုရောက်ရှိလာပြီ ဖြစ်ပြီး မိမိတို့အနေဖြင့်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ တစ် လျှောက် သက်ဆိုင်ရာ နိုင်ငံအားလုံး ပူးပေါင်းပါဝင်သော လူသားချင်းကူ ညီစာနာမှုဖိုရမ်တစ်ခု ပြုလုပ်နိုင်ရေး နိုင်ငံတကာသို့ တိုက်တွန်းထားသလို အာဆီယံနှင့် ကုလသမဂ္ဂတို့တွင်လည်း ဆက်လက်တွန်း အားပေးခဲ့ခြင်း ကြောင့် ပိုမိုကျယ်ပြန့်သော ထောက်ခံမှုလည်း ရရှိထားသည်ဟု အဆိုပါပူးတွဲထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

Most read this week

November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...