KNU ဗဟိုအလုပ်အမှုဆောင်နှင့် ဌာနအလိုက်ခေါင်းဆောင်များ ရွေးချယ်ပြီးစီး

KNU ဗဟိုအလုပ်အမှုဆောင်နှင့် ဌာနအလိုက်ခေါင်းဆောင်များ ရွေးချယ်ပြီးစီး

KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်ပြုလုပ်၍ သက်ဆိုင်ရာ ခေါင်းဆောင် များကို ပြန်လည်ရွေးကောက်တင်မြောက်ပြီးနောက် အစည်းအရုံး၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီ (Executive Committee) နှင့် ဗဟိုဌာန ၁၂ ခု၏ ခေါင်းဆောင် အသီးသီးကို ပြန်လည်ရွေးချယ် တာဝန်ပေးလိုက်ပြီး ဖြစ်သည်။

KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို (၁၁)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များအနေဖြင့် ပဒိုစော အယ်က လူစေး၊ ပဒိုစောတောနီး၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောလောအယ်မူး၊ ဗိုလ်မှူးချုပ် စောတာမလာသော၊ ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ထိပ်ပိုင်းခေါင်းဆောင် ၅ဦး (ကြီး ၅ ကြီး)ထဲမှ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ နှင့် တွဲဖက် အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းတို့ ပါဝင်သည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ဗဟိုအမြဲတမ်းကော်မတီ (၄၅)ဦးထဲမှ ကော်မတီဝင် များကို ကြီး (၅)ကြီးမှ ဆွေးနွေးဆုံးဖြတ်ရွေးချယ်တာဝန်ပေးခြင်းဖြစ်သလို အလားတူ ကေအဲန်ယူ၏ ဌာန ၁၂ ခု၏ သက် ဆိုင်ရာဌာနမှူးများကိုလည်း အသစ် ပြန်လည်ရွေးချယ်ခန့်အပ် လိုက်သည်။

ဌာန (၁၂) ခုတွင် အခွန်ဘဏ္ဍာဌာနမှူးအဖြစ် ပဒိုစောဆန်းဒလာဒူး၊ ပြည်ထဲရေးနှင့်သာသနာရေးမှူးအဖြစ် ပဒို စောကနဲဖော၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှူးအဖြစ် ပဒိုစောလောအယ်မူး၊ စိုက်ပျိုးရေးဌာနမှူးအဖြစ် ပဒိုစော လေစေး၊ သယ်ယူပို့ဆောင်ရေးဌာနမှူးအဖြစ် ပဒိုစောကလယ်စေး၊ မွေးမြူရေးဌာနမှူးအဖြစ် ပဒိုမန်းကနေဒီ၊ ကာ ကွယ်ရေးဌာနမှူး အဖြစ် ပဒိုစောဆဲဂေ၊ နိုင်ငံခြားရေးဌာနမှူးအဖြစ် ပဒို စောတောနီး၊ ကျန်းမာရေးဌာနမှူးအဖြစ် ပဒိုစောဒိုင်းမွန်းခင်၊ သတ္တုတူးဖော်ရေးဌာနမှူးအဖြစ် ပဒိုစောဆဲပွယ်၊ တရားရေးဌာနမှူးအဖြစ် ပဒိုနော်လွဲထူးစေး နှင့် သစ်တောဌာနမှူးအဖြစ် ပဒိုမန်းဘထွန်းတို့ အသီးသီး တာဝန်ပေးအပ်ခံခဲ့ရသည်။

ယခင် KNU တွင် ဌာန (၁၄) ခုထားရှိရာမှ ယခုလို ကွန်ဂရက်တွင် ဌာန ၁၂ ခုသာ ထားရှိတော့ပြီး ကျန် ဌာန (၂) ဖြစ်သည့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန နှင့် မဟာမိတ်ရေးရာဌာန တို့ကို ကြီး(၅)ကြီး၏ လက်အောက်တွင် ပြန်လည်ထားရှိကာ ကော်မတီတစ်ရပ်အနေဖြင့် ပြန်လည်ဖွဲ့စည်းထားလိုက်ကြောင်း သိရသည်။

ယခု အသစ်ပြန်လည် ခန့်အပ်လိုက်သည့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များနှင့် ဌာန ဆိုင်ရာ ခေါင်း ဆောင်များမှာ အပြောင်းအလဲ အနည်းငယ်သာရှိပြီး ယခင် ဌာနခေါင်းဆောင်များမှ မိမိဌာနများကို ဆက်လက် တာဝန် ယူ ရသူများလည်း ရှိသည်။

(၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့မှစ၍ ကေအဲန်ယူ ထိန်းချုပ် နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ပြီး ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၂၀၀ နီးပါး ပါဝင်တက်ရောက်ကာ ကိုယ်စား လှယ် ၅၆ ဦး ဝင်ရောက်ရွေးကောက်ခံခဲ့သည်။

ထို့နောက် ခေါင်းဆောင်အသစ်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ပြန်လည် ရွေးကောက်ခဲ့ကြပြီး မေလ ၂ ရက်နေ့ တွင် ကေအဲန်ယူ ဥက္ကဋ္ဌကို မဲပေးရွေးကောက်တင်မြောက်ခဲ့ပြီးနောက်မေလ (၃)ရက်နေ့တွင် ဒု-ဥက္ကဋ္ဌ၊ အထွေ ထွေ အတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နှင့် (၂) တို့ကို ဆက်လက်ပြီး မဲပေးရွေးကောက်ခဲ့ ကြသည်။

ကေအဲန်ယူ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက် ရွေးကောက်ပွဲအပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေနှင့် အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက မူလတာဝန်အတိုင်း ပြန်လည်ရွေးကောက်ခံ တင်မြောက်ခံရပြီး တွဲဖက်အတွင်းရေးမှူး(၁)အနေဖြင့် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်း ရေးမှူး (၂)အနေဖြင့် ပဒိုစောလှထွန်းမှ အသီးသီးရွေးကောက်တင်မြောက်ခံရသည်။

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...