Published
Friday, April 21, 2023
ရိက္ခာပို့စစ်ကောင်စီယာဉ်အားလုံးကို ဟားခါးမရောက်ခင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီး
- စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကနေ ချင်းပြည်နယ် ဟားခါးမြို့ကို ရိက္ခာနဲ့လက်နက်ခဲယမ်းတွေလာပို့တဲ့ စစ်ကောင်စီရဲ့တင့်ကား ၂ စီးအပါအဝင် ယာဉ်တန်းအားလုံးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က ပြောပါတယ်။
- စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီရဲ့ဖြတ်လေးဖြတ်နည်းဗျူဟာကြောင့် ဒေသခံပြည်သူတွေ လူမှုစီးပွားကြပ်တည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
- ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ရပါတယ်။