Published
Saturday, February 18, 2023
KIA တပ်ရင်း ၉ ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်
- ဖားကန့်မြို့နယ်က ဥရုချောင်းတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေမျှောတိုက်ချမှု ပိုမိုများပြားလာသလို ချောင်းရှင်းလင်းရေးလုပ်ဆောင်တာမရှိတော့တာကြောင့် မိုးရာသီမှာ ရေကြီးရေလျှံတာ ပိုမိုဆိုးရွားလာမယ့်အခြေအနေရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက KIA တပ်မဟာ (၆) တပ်ရင်း (၉)ကို စစ်ကောင်စီတပ်က ဒီတစ်ပတ်အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
- စစ်ကောင်စီက ဦးစီးပြုလုပ်မယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မလား၊ မယှဉ်ပြိုင်ဘူးလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ကချင်နိုင်ငံရေးပါတီတွေက ပြောပါတယ်။