Published
Wednesday, February 15, 2023
ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကြာလာ၍ တောနယ်ဒေသစစ်ရှောင်တွေ
- KNU ဖားအံခရိုင်ကနေ ဦးဆောင်ပြီးတော့ (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့အခမ်းအနားကို လှိုင်းဘွဲမြို့နယ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။
- ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွေမှာ စစ်ကောင်စီဘက်က ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကြာလာတဲ့အပေါ် တောနယ်ဒေသက စစ်ဘေးရှောင်ပြည်သူတွေ ရိက္ခာပြတ်လပ်မှုအခြေအနေ တွေနဲ့ ရင်ဆိုင်နေရပါတယ်။
- တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ အရပ်သားပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု ကူညီရေးတွေပေးနေတဲ့ ယမေကညော(I am Karen) အဖွဲ့ တည်ထောင်သူ စောဆာကပေါ်ဝါးနဲ့ တွေ့ဆုံမေးမြန်းထားတာကိုလည်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။