Published
Friday, February 10, 2023
စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာလိုက်တာက လူသတ်လိုင်စင်ထုတ်ပေးလိုက်တာပဲလို့ CNF တုန့်ပြန်ပြောဆို
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာလိုက်တာဟာ လူသတ်လိုင်စင်ထုတ်ပေးလိုက်တာပဲလို့ ချင်းအမျိုးသားတပ်ဦး(CNF) က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
- စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ဟာ နိုင်ငံရေးပါတီအများစုပျက်ပြယ်သွားနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရမှုမှာ လက်ခံမယ်၊ လက်မခံဘူးဆိုတာ မသေချာသေးဘူးလို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)ပါတီ အတွင်းရေးမှူး ပူးဂင့်ကမ်းလျန် က ပြောပါတယ်။