စစ်ကောင်စီရဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်မှုကြောင့် မိုးဗြဲ-ပီကင်းလမ်း ယာယီပိတ်ထား

စစ်ကောင်စီရဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်မှုကြောင့် မိုးဗြဲ-ပီကင်းလမ်း ယာယီပိတ်ထား

မိုးဗြဲမြို့မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၇ရက်နေ့) က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာစစ်ကောင်စီဖက် လှုပ်ရှားမှု ရှိနေဆဲဖြစ်တဲ့အတွက် မိုးဗြဲ-ပီကင်းလမ်း ကိုလည်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတယ်လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“ လောလောဆယ် မိုးဗြဲက မနေ့က စစ်ကောင်စီဖက်က အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတော့ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်ပေါ့နော။ သူတို့ ထိုးတက်လာတဲ့ ပုံစံလည်း မိုးဗြဲ-ပီကင်း လမ်းဖက်ကနေ ထိုးတက်တော့ ကျနော်တို့ ယာယီပိတ်ထားရခြင်းဖြစ်တယ်။ အခုလက်ရှိလည်း အဲ့လိုပဲ ထိုးစစ်ဆင်နေတယ်ပေါ့နော။ ထိတွေ့တိုက်ပွဲက မနေ့ညလည်း ဖြစ်တယ်။ ရှေ့ နှစ်ရက် သုံးရက်တုန်းကလည်း ဖြစ်တယ်ပေါ့နော။ “ လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မိုးဗြဲမြို့နေရာအနှံ့အပြားမှာ နေရာယူထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သလို ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိဖို့အတွက် မိုးဗြဲ-ပီကင်း လမ်းမကြီး ကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပေးဖို့ ဆက်လက် တိုက်တွန်းထားပါတယ်။

“ သူတို့ရဲ့ လှုပ်ရှားမှုက မိုးဗြဲမှာက ဟိုး ၉လပိုင်းကတည်းက လှုပ်ရှားတဲ့ဟာတွေပေါ့နော။ အဲ့ဒီရဲ့ အကျန်တွေ လှုပ်ရှားနေဆဲပေါ့နော။ ရက်တိုင်းလို လှုပ်ရှားနေတာပဲပေါ့နော။ အခုမှ ပိုတိုးပြီးတော့ လှုပ်ရှားလာတော့ ကျနော်တို့ ပိုတိုးပြီး missionဖော်လိုက်တော့ သူတို့ အင်အားထပ်ဖြည့်တာလား ဘယ်လိုပုံစံမျိုးလဲဆိုတာ စောင့်ကြည့်တဲ့အနေအထားမျိုး ပြန်ရောက်သွားပြီ ပေါ့နော။ ပြန်စောင့်ကြည့်ရမှာပေါ့။ “ လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့နှစ် (၂၀၂၂ ခုနှစ် ) စက်တင်ဘာလကတည်းက ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စက်တင်ဘာလ ၈ ရက် ကနေ ၁၂ ရက် နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ပြန်ဆုတ်ခွာခဲ့ပါတယ်။ တစ်ပတ်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်စောပိုင်းမှာ စစ်ကောင်စီမှ စစ်ကြောင်းနှစ်ကြောင်းနဲ့ မိုးဗြဲမြို့တွင်းကို တကြော့ပြန် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ၂ကြော့ ဖြစ်ပွားခဲ့ကြတာ ရှိခဲ့ပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...